ယခင်အစိုးရလက်ထက်က ငွေကျပ်သန်းပေါင်း (၁၃၅၃) ကျော် အကုန်အကျခံ ဆောက်လုပ်ထားသည့် လွိုင်ကော် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေမှုအား ပြန်လည်စိစစ်ပြင်ဆင်ပေးရန် ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၃ဝ)ခန့်က စက်တင်ဘာလ (၁၇) ရက်တွင် ဆန္ဒပြတောင်းဆို လိုက်ကြသည်။
လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း (၁၃၅၃) ကျော် အကုန်ကျခံပြီး KMG ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ဖေဖော်ဝါရီလက ဘွဲ့နှင်းခန်းမကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အဆောက်အဦးနံရံအက်ကွဲလာခြင်း၊ အောက်ခြေပိုင်း ပျက်စီးမှုများ ဖြစ်လာသဖြင့် တာဝန်ရှိသူများအနေဖြင့် စိစစ်ပေးရန် တောင်းဆိုထားကြခြင်းဖြစ်သည်။
ဘွဲ့နှင်းသဘင်ခန်းမကို ပြန်လည်စိစစ်ပေးရန် ကယားပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုပါဘွဲ့နှင်းသဘင်ခန်းမသည် အရည်အသွေး ပြည့်မီကြောင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်း - နေလေး
Photo: Soe Du
“ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေတာကို စိစစ်ပေးဖို့ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရဆီ စာတင်ပြတောင်းဆိုခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာတွေ မရှိသေးတဲ့အတွက် အခုလို ဆန္ဒပြတောင်းဆိုတာပါ”ဟု ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျော်က ပြောသည်။
လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ပြည်နယ်အစိုးရ ဘတ်ဂျက်မှ ကျပ်သန်းပေါင်း (၁၃၅၃) ကျော် အကုန်ကျခံပြီး KMG ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ဖေဖော်ဝါရီလက ဘွဲ့နှင်းခန်းမကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အဆောက်အဦးနံရံအက်ကွဲလာခြင်း၊ အောက်ခြေပိုင်း ပျက်စီးမှုများ ဖြစ်လာသဖြင့် တာဝန်ရှိသူများအနဖြေင့် စိစစ်ပေးရန် တောင်းဆိုထားကြခြင်းဖြစ်သည်။
ဘွဲ့နှင်းသဘင်ခန်းမကို ပြန်လည်စိစစ်ပေးရန် ကယားပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုပါဘွဲ့နှင်းသဘင်ခန်းမသည် အရည်အသွေး ပြည့်မီကြောင်း ပြန်လည် ဖြကြေားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြကျောင်းသား ကျောင်းသူတွေများက ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို ပြန်လည်စိစစ်ပေးရန်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းကြည်နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ တာဝန်ခံဦးစိုးလှတို့ကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။
သတင်း - နေလေး
Photo: Soe Du