မိုင်းဖြတ်ရဲတပ်ဖွဲ့ဝင်များက (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် စေတီတော်အတွင်း ချုံနွယ်သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ကြောင်း မိုင်းဖြတ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဆိုသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့ဝင် (၂၇)ဦးက စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက မိုင်းဖြတ်မြို့နယ်ရှိ သမိုင်းဝင် မြို့ဦးစေတီတွင် ခြုံနွယ်မြက်ပင်များအား ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ (၁)ရက်နေ့တွင် (၅၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကျရောက်မည်ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ကိုသာ