ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ဧက(၅၀၀)ရပ်ကွက်ရှိ လွိုင်ကော် လောပိတလမ်းပေါ်တွင် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး ၀ါယာရှော့ဖြစ်ကာ ကားနောက်တာယာ (၂)လုံး၊ ကားဘီးအပိုတစ်လုံး နှင့် အခြားနေရာအချို့ အနည်းငယ်မီးလောင်ကျွမ်းမှု ယနေ့ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။
သတင်း -ဆန်းဖြိုးထွန်း
မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်(၁၀)သိန်းခန့်ရှိကြောင်း သိရှိရသည်။
သတင်း -ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ပြည်ဟိန်းကျော်