ကေလးႏွစ္ဦး ညႇင္းပန္းႏွိပ္စက္ခံရမႈအား ေငြေၾကးအေပးအယူျဖင့္ အမႈေက်ေအးေစရန္ လူ႔အခြင့္အေရး ေကာ္မရွင္က လုပ္ေဆာင္မႈကို ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္း အေနျဖင့္ လက္ခံႏုိင္ျခင္း မရိွေၾကာင္း ထုတ္ေဖၚေျပာၾကားလိုက္သည္။
"ပိုက္ဆံအေပးအယူနဲ႔ အမႈေက်ေအးေပးလိုက္တာက ဥပေဒကို ဆန္႔က်င္တာပါ။ ဒီလိုျဖစ္ရပ္ေတြဟာ ဥပေဒဘက္ေတာ္သား တစ္ရပ္အေနနဲ႔ လံုး၀ လက္မခံနိုင္ပါဘူး။ ဒါေတြကို ျပည္သူေတြသိေအာင္ သတင္းထုတ္ျပန္သြားမွာပါ။"ဟု ျမန္မာႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္းမွ ဥကၠဌ ဦးစိန္၀င္းခ်မ္းက ေျပာသည္။
ျမန္မာႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္းသည္ တစ္ႏုိင္ငံလံုးတြင္ အသင္းဝင္ေရွ႕ေန (၃,၅၇၆)ဦးရိွၿပီး ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအဆင့္ အသင္းခြဲ (၇) သင္း၊ ခရိုင္အသင္းခြဲ (၁၅)သင္းႏွင့္ ၿမိဳ႕နယ္အဆင့္ အသင္း (၁၅) သင္း ဖြဲ႕စည္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။
“ ကၽြန္ေတာ္တို႔ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းကလည္း သေဘာထားတစ္ရပ္ ထုတ္ျပန္ေပးသြားမွာပါ။ လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ခ်ဳိးေဖာက္ရင္ ကန္႔ကြက္ရႈတ္ခ်ပါတယ္”ဟု ျမန္မာနိုင္ငံလြတ္လပ္ေသာ ေရွ႕ေနအသင္းမွ သတင္းျပန္ႀကားေရး တာ၀န္ခံျဖစ္သူ ဦးကိုနီက ေျပာသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
"ပိုက်ဆံအပေးအယူနဲ့ အမှုကျေအေးပေးလိုက်တာက ဥပဒေကို ဆန့်ကျင်တာပါ။ ဒီလိုဖြစ်ရပ်တွေဟာ ဥပဒေဘက်တော်သား တစ်ရပ်အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ဒါတွေကို ပြည်သူတွေသိအောင် သတင်းထုတ်ပြန်သွားမှာပါ။"ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းမှ ဥက္ကဌ ဦးစိန်ဝင်းချမ်းက ပြောသည်။
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းသည် တစ်နိုင်ငံလုံးတွင် အသင်းဝင်ရှေ့နေ (၃,၅၇၆)ဦးရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အသင်းခွဲ (၇) သင်း၊ ခရိုင်အသင်းခွဲ (၁၅)သင်းနှင့် မြို့နယ်အဆင့် အသင်း (၁၅) သင်း ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ လွတ်လပ်သောရှေ့နေများအသင်းကလည်း သဘောထားတစ်ရပ် ထုတ်ပြန်ပေးသွားမှာပါ။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ချိုးဖောက်ရင် ကန့်ကွက်ရှုတ်ချပါတယ်”ဟု မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအသင်းမှ သတင်းပြန်ကြားရေး တာဝန်ခံဖြစ်သူ ဦးကိုနီက ပြောသည်။
သတင်း/ဓာတ်ပုံ - နိုနို