ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ကျေးရွာ အကူအညီရယူ ဆောင်ရွက်ရန် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများအား သတိပေး တိုက်တွန်းလိုက်သည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ပေးအပ်ပွဲကို စက်တင်ဘာ ၂၆ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး သက်ဆိုင်ရာ အသီးသီးအလိုက် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်လိုက်ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ကိုဇက်
“ကိုယ့်ကျေးရွာ အကျိုးစီးပွားဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ဦးစီးပြီး ကျေးရွာသားတွေရဲ့ပါဝင်မှုနဲ့ တကယ်ကောင်းမွန်ပြီး အရည်အသွေးပြည့်တဲ့ လမ်း၊ တံတားနဲ့ အဆောက်အဦတွေကို ကျေးရွာထဲက ပညာရှင်တွေနဲ့ တည်ဆောက်ပေးပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ရန်ပုံငွေပေးအပ်ပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ပေးအပ်ပွဲကို စက်တင်ဘာ ၂၆ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအေဝးခန်းမ၌ ကျင်းပပြုလုပ်ပြီး သက်ဆိုင်ရာ အသီးသီးအလိုက် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်လိုက်ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ကိုဇက်