ဌာနဆိုင်ရာများနှင့် UNအဖွဲ့များ၊ INGO၊ LNGO၊ CSO အဖွဲ့များဆွေးနွေးရန် ပြည်နယ်အစိုးရအဖွဲ့နှင့် Giz တို့ဦးဆောင်

ဌာနဆိုင်ရာများနှင့် UNအဖွဲ့များ၊ INGO၊ LNGO၊ CSO အဖွဲ့များဆွေးနွေးရန် ပြည်နယ်အစိုးရအဖွဲ့နှင့် Giz တို့ဦးဆောင်
အောက်တိုဘာ 6, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း UN အဖွဲ့အစည်းများ၊ INGO၊ LNGO၊ CSO များအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ဦးအောင်သန်းမောင်က တိုက်တွန်းလိုက်သည်။
"အင်အားကြီးတဲ့ CSO များကနေပြီးတော့ အင်အားနည်းတဲ့ CSO များကို လက်တွဲပြီး ခေါ်ဆောင်စေလိုပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ။ မူးယစ်ဆေးဝါးသုံးစွဲနေသူများကိုလည်း လူမှုကူညီရေး အဖွဲ့အစည်းများကနေပြီးတော့ ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ် " ဟု ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ဦးအောင်သန်းမောင်ကပြောသည်။
ဂျာမဏီနှင့်ပူးပေါင်းဆောင်ရွက်မှု(Giz)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးတွဲဦးဆောင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာများနှင့် UN အဖွဲ့အစည်းများ၊ INGO၊ LNGO၊ CSO များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၆) ရက်နှင့် (၇) ရက်နေ့များတွင် ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အသင်းအဖွဲ့များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များအား ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရပြီး စုစုပေါင်း တက်ရောက်သူ (၅၀)ကျော်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~