စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် မြောင်မြို့သို့ လမ်းခွဲအနီးတွင် အောက်တိုဘာလ (၇) ရက်နေ့ မနက် (၁၀)နာရီအချိန်တွင် ချောင်းရေကျလာသဖြင့် ကားအစီးရေ (၁၀၀)ကျော်ခန့် အသွားအလာများ ယာယီပိတ်ဆို့သွားကြောင်း ဒေသခံများထံမှ သိရသည်။
ကားလမ်းပေါ် ရေကျော်နေသည့် အတွက် ဆိုင်ကယ်တစ်စင်းလျှင် ကျပ်ငွေ (၅၀၀၀) ဖြင့် ဒေသခံများက ကားလမ်းရေစီးကိုဖြတ်၍ သယ်ပို့ပေးနေပြီး ခရီးသွားအချို့မှာ ချောင်းရေကျသွားသည်အထိ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး
"ချောင်းရေက လိမ့်ဆင်းလာတော့ ရေစီးတော်တော် သန်နေတယ်။ ကားတွေကို မိနစ် (၃၀)လောက် ဖြတ်မမောင်းဖို့ ယာယီတားထားရတယ်။ ကျွန်တော့်ရှေ့မှာ လူတစ်ယောက်တောင် လမ်းလျှောက်ရင်း ဖြတ်ရာက ချောင်းရေထဲပါသွားလို့ လိုက်ဆယ်ယူရတယ်။ ဆိုင်ကယ်တွေလည်း အငှါးနဲ့ သယ်ယူရတယ် " ဟု ဒေသခံ ဦးအောင်ကျော်က ပြောသည်။
ကားလမ်းပေါ် ရေကျော်နေသည့် အတွက် ဆိုင်ကယ်တစ်စင်းလျှင် ကျပ်ငွေ (၅၀၀၀) ဖြင့် ဒေသခံများက ကားလမ်းရေစီးကိုဖြတ်၍ သယ်ပို့ပေးနပြေီး ခရီးသွားအချို့မှာ ချောင်းရေကျသွားသည်အထိ စောင့်ဆိုင်းနကြေရကြောင်း သိရသည်။
ယခုနှစ် မိုးရာသီအတွင်း အဆိုပါနေရာ၌ ချောင်းရေကျော်၍ ကားလမ်းပိတ်ဆို့မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း - ရန်နိုင်စိုး