မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့မသုဿန်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများနေနှင့် သုဿန်အတွင်း တဲအိမ်များ ဆောက်လုပ်ကာ နေထိုင်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် နှင့်အဖွဲ့၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၊ သက်ဆိုင်ရာဆယ်အိမ်မှူးများအပါအဝင် တာဝန်သိ ရပ်ကွက်သူ/သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ အောက်တိုဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်နှိမ်နင်းပြီး နေအိမ်တဲများအား ဖျက်ဆီးဖယ်ရှားကာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများကို ဖမ်းဆီးအရေးယူထားရှိပြီး ယခုလို မြို့မသုဿန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေထိုင်သူများကို ရှင်းလင်းဖယ်ရှားမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
(ရုပ်သံ) တာချီလိတ်မြို့မသုဿန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကို ပူးပေါင်းရှင်းလင်း
Featured News
ဖေဖော်ဝါရီ 24, 2025
ဖေဖော်ဝါရီ 24, 2025
ဖေဖော်ဝါရီ 23, 2025
ဖေဖော်ဝါရီ 23, 2025
ဖေဖော်ဝါရီ 21, 2025