ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ လားရှိုးမြို့ ရပ်ကွက် (၁၂) နမ့်သျှိုလမ်းရှိ နေအိမ်တစ်လုံး အောက်တိုဘာလ (၉) ရက် နံနက် (၁၁)နာရီ (၅၀)မိနစ်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
သတင်း - အောင်ပြည့်
ဓာတ်ပုံ - နေမျိုး
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်စုစုပေါင်း (၁၀)စီး၊ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၇၇)ဦးဖြင့် ငြိမ်းသတ်ခဲ့ရာ နေ့လယ်(၁၂)နာရီ (၃၀)မိနစ်ဝန်းကျင်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုး ကျပ် (၂၅)သိန်းခန့်ရှိကြောင်း လားရှိုးခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသော နေအိမ်ပိုင်ရှင် ဦးအားမြေ့ (ခ) ရန်လျှံအား အမှတ်(၂)ရဲစခန်းတွင် (ပ)၁၃၇/၂၁၀၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - အောင်ပြည့်
ဓာတ်ပုံ - နေမျိုး