တရုတ္ႏုိင္ငံမွာ ခရီးသည္တင္ ေလယာဥ္ဆင္းသက္တဲ့ အနီးကပ္ပံုေတြကို ဒရုန္းနဲ႔ ရိုက္ကူးတာေတြေၾကာင့္ ေလယာဥ္မွဴးေတြ စိတ္အေႏွာင့္အယွက္ျဖစ္ သြားရတယ္လို႔ တရုတ္ႏိုင္ငံ မီဒီယာေတြမွာ ေရးသားေဖာ္ျပထားပါတယ္။
ဒရုန္းေတြကို ေလယာဥ္အင္ဂ်င္စုပ္ယူလိုက္တာ ဒါမွမဟုတ္ ျပတင္းေပါက္ေတြကို ထိမွန္တာမ်ိဳး ျဖစ္ႏုိင္တယ္လို႔ ေလယာဥ္မွဴးက သတိေပးပါတယ္။
အလားတူ ဒရုန္းတစ္စီးက ေလယာဥ္ကို ဝင္တိုက္မိတ့ဲအျဖစ္မ်ိဳး ဧၿပီလအတြင္းက လန္ဒန္ ဟိသ္ရိုးေလဆိပ္မွာ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီတုန္းက ႀကီးႀကီးမားမား ထိခိုက္ပ်က္စီးတာ၊ ထိခိုက္ဒဏ္ရာရတာေတြေတာ့ မျဖစ္ခဲ့ေပမဲ့ အာဏာပိုင္ေတြကေတာ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ စိုးရိမ္ ပူပန္ခဲ့ၾကပါတယ္။
ဒီလိုတိုက္မိမႈ မျဖစ္ပြားခင္မွာ ဟိသ္ရိုးေလဆိပ္မွတ္တမ္းအရ ေလယာဥ္နဲ႔ ဒရုန္းေတြ နီးနီးကပ္ကပ္ အေႏွာင့္အယွက္ျဖစ္ရတာ (၂၃) ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
လတ္တေလာမွာေတာ့ တရုတ္ႏုိင္ငံမွာ ဒရုန္းအသံုးျပဳမႈနဲ႔ ပတ္သက္လို႔ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ခ်က္ အခ်ိဳ႕ ရိွေနပါၿပီ။
ေဘဂ်င္းမွာေတာ့ ေလဆိပ္နဲ႔ အခ်က္အခ်ာ ေနရာေတြမွာ သက္ဆိုင္ရာရဲတပ္ဖြဲ႕ရဲ႕ လုပ္ေဆာင္မႈအတြက္ကလြဲလို႔ ဒရုန္းအသံုးျပဳျခင္းကို တားျမစ္ထားပါတယ္။
ကမၻာ့ေစ်းကြက္မွာ ဦးေဆာင္ေနတဲ့ ဒရုန္းထုတ္လုပ္တဲ့ DJI က တရုတ္ႏုိင္ငံ ရွန္ဟိုင္းမွာ အေျခစိုက္တာျဖစ္ပါတယ္။
ဘာသာျပန္ - အင္မိုင္ခ
Ref; CCTVNEWS , People's Daily, China
ဒရုန်းတွေကို လေယာဉ်အင်ဂျင်စုပ်ယူလိုက်တာ ဒါမှမဟုတ် ပြတင်းပေါက်တွေကို ထိမှန်တာမျိုး ဖြစ်နိုင်တယ်လို့ လေယာဉ်မှူးက သတိပေးပါတယ်။
အလားတူ ဒရုန်းတစ်စီးက လေယာဉ်ကို ဝင်တိုက်မိတဲ့အဖြစ်မျိုး ဧပြီလအတွင်းက လန်ဒန် ဟိသ်ရိုးလေဆိပ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ၊ ထိခိုက်ဒဏ်ရာရတာတွေတော့ မဖြစ်ခဲ့ပေမဲ့ အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်ခဲ့ကြပါတယ်။
ဒီလိုတိုက်မိမှု မဖြစ်ပွားခင်မှာ ဟိသ်ရိုးလေဆိပ်မှတ်တမ်းအရ လေယာဉ်နဲ့ ဒရုန်းတွေ နီးနီးကပ်ကပ် အနှောင့်အယှက်ဖြစ်ရတာ (၂၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ တရုတ်နိုင်ငံမှာ ဒရုန်းအသုံးပြုမှုနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက် အချို့ ရှိနေပါပြီ။
ဘေဂျင်းမှာတော့ လေဆိပ်နဲ့ အချက်အချာ နေရာတွေမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုအတွက်ကလွဲလို့ ဒရုန်းအသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ ဦးဆောင်နေတဲ့ ဒရုန်းထုတ်လုပ်တဲ့ DJI က တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ အခြေစိုက်တာဖြစ်ပါတယ်။
ဘာသာပြန် - အင်မိုင်ခ
Ref; CCTVNEWS , People's Daily, China