အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်၌ မျက်စိလည်လမ်းမှားနေသော ကလေးနှင့်ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီတွင် သတင်းဖော်ပြပြီး မိနစ်(၃၀)အကြာ၌ ၎င်း၏ ဦးလေးဖြစ်သူမှ လာရောက်ခေါ်သွားပြီဖြစ်ကြောင်း သိရသည်။
"အခုလေးတင်ပဲ ကလေးပျောက်လို့ဆိုပြီး ရဲစခန်းကို လာတိုင်တယ်၊ တာချီလိတ်သတင်းအေဂျင်စီမှာ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စောင့်ရှောက်ပေးထားကြောင်းကို ကြော်ငြာထားတာလည်း တွေ့တာနဲ့ သူ့ဦးလေးကို ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တခါတည်း လွှတ်လိုက်ပါတယ်၊"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကလေးပျောက်နေခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိဘများမှာ သက်ဆိုင်ရာသို့ လိုက်လံအသိပေး တိုင်ကြားထားကြောင်းနှင့် ယခုလို ကလေးပြန်လည်တွေ့ရှိပြီဖြစ်သည့်အတွက် သက်ဆိုင်ရာသို့ ပြန်လည်၍ အသိပေးနေလျှက်ရှိကြောင်း သိရသည်။
"ကလေးကို သူ့ဦးလေးအိမ်မှာ ထားထားတဲ့၊ ကလေးက အိမ်ကထွက်ပြီး လျှောက်သွားနေတာ၊ သူတို့လည်း မသိဘူး၊ ပျောက်လို့ လိုက်ရှာနေတာတဲ့၊ သူ့ဦးလေးက အာခါဈေးအနောက်မှာနေတာလို့ ပြောတယ်၊ သူ့မိဘတွေကတော့ တခြားမှာ သွားရှာနေတုန်း၊ အခု သူ့ဦးလေးက လာရောက်ခေါ်သွားပါပြီ"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ကိုအောင်ဆန်းဦးက ပြောသည်။
"အခုလေးတင်ပဲ ကလေးပျောက်လို့ဆိုပြီး ရဲစခန်းကို လာတိုင်တယ်၊ တာချီလိတ်သတင်းအေဂျင်စီမှာ ကြော်ငြာထားတာလည်း တွေ့တာနဲ့ ကလေးကို စောင့်ရှောက်ပေးထားတဲ့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လွှတ်လိုက်တယ်၊"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကလေးပျောက်နခြေင်းနှင့် ပတ်သက်၍၎င်း၏ မိဘများမှာ သက်ဆိုင်ရာသို့ လိုက်လံအသိပေး တိုင်ကြားထားကြောင်းနှင့် ယခုလို ကလေးပြန်လည်တွေ့ရှိပြီဖြစ်သည့်အတွက် သက်ဆိုင်ရာသို့ ပြန်လည်၍ အသိပေးနေလျှက်ရှိကြောင်း သိရသည်။