ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ တင္သြင္းေနသည့္ ကုန္စည္တစ္ႏုိင္တစ္ပိုင္တင္သြင္းမႈအေပၚ ျပည္နယ္အစိုးရ ရန္ပံုေငြေကာက္ခံေနမႈမွာ စက္တင္ဘာလ ႏွင့္ ေအာက္တိုဘာလအတြင္း ယခင္လမ်ားထက္ ပမာဏႏွစ္ဆပိုမ်ားလာေၾကာင္း သိရသည္။
"အရင္ကထက္ ပိုၿပီးေတာ့ ေကာက္ခံရရွိလာပါတယ္။ ဒါကလည္း ရွမ္းျပည္နယ္၀န္ႀကီးေတြ ညႊန္ၾကားသြားတဲ့ ေနာက္မွာ ၀န္ထမ္းေတြလည္း ေသေသခ်ာခ်ာလိုက္ၿပီး လုပ္ကိုင္လာတဲ့အတြက္ ျဖစ္ပါတယ္။ အရင္က တစ္ရက္ကို ပ်မ္းမွ်(၄)သိန္းေလာက္ရခဲ့ေပမဲ့ အခုတစ္ရက္ က်ပ္(၈)သိန္းကေန က်ပ္(၁၀)သိန္းေက်ာ္အထိ ပံုမွန္ရရွိလာတယ္"ဟု ရွမ္းျပည္နယ္ ကုန္သြယ္မႈ တိုးတက္ေရးအတြက္ နယ္စပ္၀င္ေပါက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရကိုယ္စားလွယ္ စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
ေဒသတြင္း အသံုးျပဳမည့္ ကုန္စည္မ်ားအား နယ္စပ္ဂိတ္မ်ားမွ တစ္ႏိုင္တစ္ပိုင္ တင္သြင္းခြင ့္ျပဳထားသည့္အေပၚ ကုန္စည္တန္ဖိုး၏ (၃)ရာခိုင္ႏႈန္းကုိ ရွမ္းျပည္နယ္အစိုးရ၏ ႀကီးၾကပ္မႈျဖင့္ ျပည္နယ္အစိုးရ ရန္ပံုေငြ ေကာက္ခံျခင္းျဖစ္ၿပီး၊ ၾသဂုတ္လအတြင္းက က်ပ္သိန္းေပါင္း (၂၅၀) ေကာက္ခံရရွိခဲ့ကာ ေအာက္တိုဘာလ၏ ပထမတစ္ပတ္အတြင္း က်ပ္(၇၈)သိန္းေက်ာ္ ရရွိေၾကာင္း သိရသည္။
"အရင္တုန္းကထက္ေတာ့ (၃)ရာခိုင္ႏွဳန္းေပးရတာ ပိုၿပီးေပးလာရတယ္။ အရင္က ဘာပစၥည္းပဲ တင္လာတင္လာ သံုးဘီး(၁)စီးမွ ဘတ္(၁၀၀)ေပးရင္ ရတာမ်ဳိးေတြရွိခဲ့ေပမဲ့ အခုေတာ့ မရေတာ့ဘူး၊ နည္းနည္းေတာ့ ပိုၿပီးေပးရတယ္။ ကုန္စည္ေတြ တအားစစ္ေဆးၿပီး ၾကပ္တာေတာ့မရွိပါဘူး"ဟု တစ္ပိုင္တစ္ႏိုင္ ကုန္သြယ္မႈျပဳသည့္ သံုးဘီးယာဥ္ေမာင္းႏွင္သူတစ္ဦးက ေျပာသည္။
တစ္ႏိုင္တစ္ပိုင္ ကုန္စည္မ်ားမွ ရွမ္းျပည္နယ္အစိုးရ ရန္ပံုေငြေကာက္ခံရရိွမႈမွာ ဘ႑ာေရးႏွစ္ (၃)ႏွစ္အတြင္း က်ပ္သိန္းေပါင္း(၆,၀၀၀)ေက်ာ္ရွိၿပီး ယင္းကဲ့သို႔ ေကာက္ခံမႈမွာ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒပုဒ္မ (၂၅၄-ဃ) ဇယားအမွတ္(၅)အရ ေကာက္ခံျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ကိုဇက္
"အရင်ကထက် ပိုပြီးတော့ ကောက်ခံရရှိလာပါတယ်။ ဒါကလည်း ရှမ်းပြည်နယ်ဝန်ကြီးတွေ ညွှန်ကြားသွားတဲ့ နောက်မှာ ဝန်ထမ်းတွေလည်း သေသေချာချာလိုက်ပြီး လုပ်ကိုင်လာတဲ့အတွက် ဖြစ်ပါတယ်။ အရင်က တစ်ရက်ကို ပျမ်းမျှ(၄)သိန်းလောက်ရခဲ့ပေမဲ့ အခုတစ်ရက် ကျပ်(၈)သိန်းကနေ ကျပ်(၁၀)သိန်းကျော်အထိ ပုံမှန်ရရှိလာတယ်"ဟု ရှမ်းပြည်နယ် ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ပေါက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
ဒေသတွင်း အသုံးပြုမည့် ကုန်စည်များအား နယ်စပ်ဂိတ်များမှ တစ်နိုင်တစ်ပိုင် တင်သွင်းခွင့်ပြုထားသည့်အပေါ် ကုန်စည်တန်ဖိုး၏ (၃)ရာခိုင်နှုန်းကို ရှမ်းပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အစိုးရ ရန်ပုံငွေ ကောက်ခံခြင်းဖြစ်ပြီး၊ သြဂုတ်လအတွင်းက ကျပ်သိန်းပေါင်း (၂၅၀) ကောက်ခံရရှိခဲ့ကာ အောက်တိုဘာလ၏ ပထမတစ်ပတ်အတွင်း ကျပ်(၇၈)သိန်းကျော် ရရှိကြောင်း သိရသည်။
"အရင်တုန်းကထက်တော့ (၃)ရာခိုင်နှုန်းပေးရတာ ပိုပြီးပေးလာရတယ်။ အရင်က ဘာပစ္စည်းပဲ တင်လာတင်လာ သုံးဘီး(၁)စီးမှ ဘတ်(၁၀၀)ပေးရင် ရတာမျိုးတွေရှိခဲ့ပေမဲ့ အခုတော့ မရတော့ဘူး၊ နည်းနည်းတော့ ပိုပြီးပေးရတယ်။ ကုန်စည်တွေ တအားစစ်ဆေးပြီး ကြပ်တာတော့မရှိပါဘူး"ဟု တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုပြုသည့် သုံးဘီးယာဉ်မောင်းနှင်သူတစ်ဦးက ပြောသည်။
တစ်နိုင်တစ်ပိုင် ကုန်စည်များမှ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေကောက်ခံရရှိမှုမှာ ဘဏ္ဍာရေးနှစ် (၃)နှစ်အတွင်း ကျပ်သိန်းပေါင်း(၆,ဝဝဝ)ကျော်ရှိပြီး ယင်းကဲ့သို့ ကောက်ခံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅၄-ဃ) ဇယားအမှတ်(၅)အရ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇက်