စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၆)နာရီခန့်က ခရီးသည် (၃၀၀)စီးနင်းလိုက်ပါသွားသည့် နှစ်ထပ် အမြန်ရေယာဉ် တိမ်းမှောက်သွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိအခြေနေတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် ကနီမြို့နယ်နှင့် နီးစပ်ရာ မြို့နယ်များမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။
" လက်ရှိတော့ ကလေးတစ်ဦး အပါဝင် အလောင်းလေးလောင်း တွေ့ထားပြီး လူ ၁၅၀ ကျော် ကယ်ဆယ်ထားပါတယ်။ တိမ်းမှောက်မှုဖြစ်တာက ကျောက်ဆောင်နဲ့တိုက်ပြီး ဖြစ်တာပါ။ လတ်တလော ပျောက်ဆုံးသူများကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လိုက်ရှာနေပါတယ်" ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက Tachileik News Agency(တာချီလိတ်သတင်းအေဂျင်စီ)ပြောသည်။
အဆိုပါ ရေယာဉ်သည် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်ဆင်းလာသော ရေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေနေတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် ကနီမြို့နယ်နှင့် နီးစပ်ရာ မြို့နယ်များမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနပြေီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး