ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရုိင္၊ မိုင္းယုၿမိဳ႕ တာၾကန္႔ေက်းရြာအုပ္စု ဆမ္းမိန္းေက်းရြာတြင္ ေကာက္သစ္စားပြဲ တက္ေရာက္လာသူ (၂)ဦးထံမွ ကာလတန္ဖိုး (၁၅)သိန္းေက်ာ္ရိွသည့္ စိတ္ၾကြေဆးျပား (၁၅၄၂)ျပားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။
မိုင္းယုနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ မူးယစ္ေဆးဝါးမႈမွ ကြင္းဆက္တရားခံမ်ား ေရာက္ေနေၾကာင္း သတင္းအရ ေအာက္တိုဘာလ(၁၅)ရက္ေန႔ နံနက္(၁၀)နာရီခန္႔က ေကာက္သစ္စားပြဲ က်င္းပေနသည့္ ဦးအားဘူးေနအိမ္သို႔ သြားေရာက္ရွာေဖြရာ အဆိုပါ ေနအိမ္တြင္ ေရာက္ရိွေနသည့္ နမ့္ေနာ္ေက်းရြာ (ေအာက္)ေန ေမာင္ေမာထူး (၄၆)ႏွစ္ႏွင့္ နမ့္ေနာ္ေက်းရြာ(ေအာက္)ေန ေမာင္လွဝင္း(၃၆)ႏွစ္တို႔ ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရသူ ေမာင္ေမာထူးႏွင့္ ေမာင္လွဝင္းအား မိုင္းယုနယ္ေျမရဲစခန္းမွ မယ(ပ)၆/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမွဳဖြင့္ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ထက္ယံ
မိုင်းယုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးမှုမှ ကွင်းဆက်တရားခံများ ရောက်နေကြောင်း သတင်းအရ အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီခန့်က ကောက်သစ်စားပွဲ ကျင်းပနေသည့် ဦးအားဘူးနေအိမ်သို့ သွားရောက်ရှာဖွေရာ အဆိုပါ နေအိမ်တွင် ရောက်ရှိနေသည့် နမ့်နော်ကျေးရွာ (အောက်)နေ မောင်မောထူး (၄၆)နှစ်နှင့် နမ့်နော်ကျေးရွာ(အောက်)နေ မောင်လှဝင်း(၃၆)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်မောထူးနှင့် မောင်လှဝင်းအား မိုင်းယုနယ်မြေရဲစခန်းမှ မယ(ပ)၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ထက်ယံ