ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦး မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့် ပစ်သတ်သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
"ကျွန်တော် အိမ်ရဲ့ မီးဖိုဆောင်ထဲ အိပ်ပျော်နေတဲ့ အချိန်မှာ တူမီးသေနတ်သံကြားလို့ ထွက်ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်တော့်ညီ လဲကျသေဆုံးနေပြီး၊ ဘေးမှာ သူကိုင်တဲ့ တူမီးသေနတ်ကို တွေ့ပါတယ်၊ ညနေကတည်းက ကျွန်တော်သူ့ကို စောင့်ကြည့်နေတာ အိမ်ပေါ်တက်လာလိုက်၊ ပြန်ဆင်းသွားလိုက်နဲ့ လုပ်နေတာ"ဟု သေဆုံးသူ၏ အစ်ကိုအရင်းဖြစ်သူ အာဂျီလောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ကျွန်တော့်ဆီကို မွန်ကာကျောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဖုန်းဆက်ဆက်ချင်း တပ်ဖွဲ့ဝင်များကို စုစည်းပြီး ကျွန်တော်တို့အဖွဲ့ ချက်ချင်းလိုက်သွားပါတယ်၊ စခန်းနဲ့အခင်းဖြစ်တဲ့နေရာနဲ့ဆိုရင် (၁၁)မိုင်ဝေးပါတယ်၊ ရောက်သွားတဲ့ အချိန်မှာပဲ ရဲလုပ်ငန်းတွေနဲ့ လုပ်ဆောင်ခဲ့ပါတယ်"ဟု စခန်းမှူး ဒုရဲမှူးခင်မောင်ဌေးက ပြောသည်။
သတင်း - ကိုသာ
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာတွင် အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော် အိမ်ရဲ့ မီးဖိုဆောင်ထဲ အိပ်ပျော်နေတဲ့ အချိန်မှာ တူမီးသေနတ်သံကြားလို့ ထွက်ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်တော့်ညီ လဲကျသေဆုံးနပြေီး၊ ဘေးမှာ သူကိုင်တဲ့ တူမီးသေနတ်ကို တွေ့ပါတယ်၊ ညနေကတည်းက ကျွန်တော်သူ့ကို စောင့်ကြည့်နေတာ အိမ်ပေါ်တက်လာလိုက်၊ ပြန်ဆင်းသွားလိုက်နဲ့ လုပ်နေတာ"ဟု သေဆုံးသူ၏ အစ်ကိုအရင်းဖြစ်သူ အာဂျီလောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေဆုံးသူမှာ ပါလောင်းကျေးရွာနေ အသက်(၁၈)နှစ်ရှိ ကျဒေါခါးဖြစ်ကြောင်း သိရသည်။
"ကျွန်တော့်ဆီကို မွန်ကာကျောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဖုန်းဆက်ဆက်ချင်း တပ်ဖွဲ့ဝင်များကို စုစည်းပြီး ကျွန်တော်တို့အဖွဲ့ ချက်ချင်းလိုက်သွားပါတယ်၊ စခန်းနဲ့အခင်းဖြစ်တဲ့နေရာနဲ့ဆိုရင် (၁၁)မိုငေ်ဝးပါတယ်၊ ရောက်သွားတဲ့ အချိန်မှာပဲ ရဲလုပ်ငန်းတွေနဲ့ လုပ်ဆောင်ခဲ့ပါတယ်"ဟု စခန်းမှူး ဒုရဲမှူးခင်မောင်ဌေးက ပြောသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မိုင်းဖြတ်ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၆ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သတင်း - ကိုသာ