တရုတ္ - ျမန္မာနယ္စပ္ေဒသ မိုင္းယုတြင္ မေကြးႏွင့္ရခိုင္ေဒသမ်ားမွ ေရႊ႕ေျပာင္းအလုပ္သမား (၂၀၀၀)ေက်ာ္ရိွေန

တရုတ္ - ျမန္မာနယ္စပ္ေဒသ မိုင္းယုတြင္ မေကြးႏွင့္ရခိုင္ေဒသမ်ားမွ ေရႊ႕ေျပာင္းအလုပ္သမား (၂၀၀၀)ေက်ာ္ရိွေန
အောက်တိုဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရို္င္္၊ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ေဒသျဖစ္သည့္ မိုင္းယုၿမိဳ႕တြင္ မေကြးတိုင္း ေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္မ်ားမွ ေရႊ႕ေျပာင္းလုပ္သားဦးေရ (၂၀၀၀)ေက်ာ္ရိွေနေၾကာင္း ဌာနဆိုင္ရာ စာရင္းမ်ားအရ သိရသည္။

အဆိုပါေဒသမ်ားတြင္ ေဒသတြင္း စီးပြားေရး အက်ပ္အတည္းမ်ားႏွင့္ အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးမႈမ်ားေၾကာင့္ တရုတ္ႏိုင္ငံ နယ္စပ္ မိုင္းယုၿမိဳ႕သို႔ ေရႊ႕ေျပာင္းလုပ္သားမ်ားအျဖစ္ လာေရာက္မႈ ၂၀၁၄ ခုႏွစ္မွစ၍ မ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕နယ္အတြင္း ေတာင္ယာႏွင့္ လယ္ယာေျမမ်ားကုိ ငွားရမ္း၍ တစ္ရွဴးငွက္ေပ်ာစိုက္ပ်ဳိးျခင္းအား ၂၀၁၅ ခုႏွစ္မွစ၍ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ကိုင္လာၾကရာ အဆိုပါ ငွက္ေပ်ာၿခံမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ရန္ ေဒသခံမ်ား အဆက္အသြယ္ျဖင့္ နယ္ေဝးမွ ေရာက္လာၾကျခင္းျဖစ္ေၾကာင္း ေရႊ႕ေျပာင္းလုပ္သားမ်ားထံမွ သိရသည္။

တရုတ္ - ျမန္မာနယ္စပ္ေဒသျဖစ္သည့္ ရွမ္းျပည္နယ္ မိုင္းယုၿမိဳ႕ႏွင့္ အထူးေဒသ(၄)ေဒသမ်ားျဖစ္သည့္ က်ိန္းယဲန္းေဒသ၊ က်ဳိင္းခမ္းေဒသႏွင့္ နမ့္ပန္ေဒသမ်ားရိွ စက္ရံုမ်ားႏွင့္ တရုတ္မ်ားလာေရာက္စိုက္ပ်ိဳးေသာ ငွက္ေပ်ာၿခံမ်ားတြင္ ေန႔စားလုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း ေရႊ႕ေျပာင္းလုပ္သားမ်ားထံမွ သိရသည္။

အဆိုပါေဒသမ်ားတြင္ ေန႔စားလုပ္အားခအျဖစ္ တစ္ေန႔လွ်င္ တရုတ္ယြမ္ေငြ (၅၀) (ျမန္မာက်ပ္ေငြ ၈၀၀၀ က်ပ္မွ က်ပ္တစ္ေသာင္း) ဝန္းက်င္ရရိွၿပီး၊ လခစားအလုပ္သမားမ်ားမွာ တစ္လလွ်င္ ပ်မ္းမွ် တရုတ္ယြမ္ (၁၅၀၀)မွ(၁၈၀၀)အၾကား (ျမန္မာ က်ပ္ေငြ ၂သိန္းခြဲမွ၃သိန္းအထိ) ရရွိေၾကာင္း ေရႊ႕ေျပာင္း အလုပ္သမားမ်ား ထံမွ သိရသည္ ။

သတင္း/ဓါတ္ပံု - ထက္ယံ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရို်င်၊ တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ရွှေ့ပြောင်းလုပ်သားဦးရေ (၂၀၀၀)ကျော်ရှိနေကြောင်း ဌာနဆိုင်ရာ စာရင်းများအရ သိရသည်။

အဆိုပါဒေသများတွင် ဒေသတွင်း စီးပွားရေး အကျပ်အတည်းများနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုများကြောင့် တရုတ်နိုင်ငံ နယ်စပ် မိုင်းယုမြို့သို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် လာရောက်မှု ၂၀၁၄ ခုနှစ်မှစ၍ များလာခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းယုမြို့နယ်အတွင်း တောင်ယာနှင့် လယ်ယာမြေများကို ငှါးရမ်း၍ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းအား ၂၀၁၅ ခုနှစ်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြရာ အဆိုပါ ငှက်ပျောခြံများတွင် ဝင်ရောက်လုပ်ကိုင်ရန် ဒေသခံများ အဆက်အသွယ်ဖြင့် နယ်ဝေးမှ ရောက်လာကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

တရုတ် - မြန်မာနယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် မိုင်းယုမြို့နှင့် အထူးဒေသ(၄)ဒေသများဖြစ်သည့် ကျိန်းယဲန်းဒေသ၊ ကျိုင်းခမ်းဒေသနှင့် နမ့်ပန်ဒေသများရှိ စက်ရုံများနှင့် တရုတ်များလာရောက်စိုက်ပျိုးသော ငှက်ပျောခြံများတွင် နေ့စားလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

အဆိုပါဒေသများတွင် နေ့စားလုပ်အားခအဖြစ် တစ်နေ့လျှင် တရုတ်ယွမ်ငွေ (၅၀) (မြန်မာကျပ်ငွေ ၈၀၀၀ ကျပ်မှ ကျပ်တစ်သောင်း) ဝန်းကျင်ရရှိပြီး၊ လခစားအလုပ်သမားများမှာ တစ်လလျှင် ပျမ်းမျှ တရုတ်ယွမ် (၁၅၀၀)မှ(၁၈၀၀)အကြား (မြန်မာ ကျပ်ငွေ ၂သိန်းခွဲမှ၃သိန်းအထိ) ရရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားများ ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ထက်ယံ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~