အရှည်(၁၂၅၀)ပေနှင့် အကျယ်(၂၈)ပေရှိသည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ၊ ရွှေတိဂုံဘုရားလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို အောက်တိုဘာလ(၁၈)ရက်နေ့က စတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းအား တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကတ္တရာ နှင့် ယာဉ်/စက်ယန္တရားများဖြင့် အသုံးပြုကာ ပြုလုပ်ပြီး တာချီလိတ်မှ စေတနာရှင် ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ