တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခရိုင္ တနသၤာရီၿမိဳ႕နယ္၌ ယခုလ ေအာင္တိုဘာလ (၂၀) ရက္ေန႔တြင္ တနသၤာရီၿမိဳ႕နယ္၏ ေရွးေဟာင္း ရိုးရာအေမြနစ္ တစ္ခုျဖစ္ေသာ နဂါးေလွေလွာ္ခတ္ပြဲႏွင္႔ ၿပိဳင္ပြဲအား ရိုးရာ နဂါးေလွေတာ္ (၆) စီးျဖင္႔ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ပြဲက်င္းပေရး ေကာ္မတီမ်ားထံမွ သိရသည္။
“ တနသၤာရီၿမိဳ႕နယ္က ေရႊနန္းသာရီနဲ႔ ေငြနန္းသာရီနဂါးေလွ (၂) စင္း၊ လယ္သစ္ေက်းရြာက ျမႀကီးေအာင္၊
ရန္ႀကီးေအာင္၊ ပတၱျမားသြယ္ႏွင့္ စိန္ပန္းသြယ္နဂါးေလွ (၄) စင္း စုစုေပါင္း (၆) စင္းမွာ ေလွေတာ္သား (၂၁၆) ဦးက ရိုးရာအတိုင္း ဧဇာရစ္က်ဴးရင္း ေလွာ္ခတ္ၾကမွာပါ”ဟု တနသၤာရီၿမိဳ႕နယ္ ေရွးေဟာင္းယဥ္ေက်းမွဳႏွင့္ စာေပအသင္းမွ ဦးသန္းစိုး၀င္းက ေျပာသည္။
ရိုးရာ နဂါးေလွေလွာ္ပြဲကို နဂါးေလွေတာ္ (၆) စီးျဖင္႔ ေခ်ာင္းႀကီးေက်ာင္းတိုက္ အသက္ေတာ္ရွည္ ဆရာေတာ္ အရွင္ပညာဒီပ၏ ၾသဝါဒကို ခံယူလွ်က္ တနသၤာရီၿမိဳ႕နယ္ ေခ်ာင္းႀကီး၊ ေခ်ာင္းငယ္ ျမစ္ႏွစ္သြယ္အတြင္း ႏွစ္စဥ္ က်င္းပၿမဲ ျဖစ္သည့္ သီတင္းကၽြတ္လျပည့္ေက်ာ္ (၄) ရက္ေန႔ျဖစ္သည့္ ေအာက္တိုဘာလ (၂ဝ) ရက္ေန႔ နံနက္ (၇) နာရီအခ်ိန္တြင္ စတင္ ေလွာ္ခတ္ျပသၾကမည္ျဖစ္ေၾကာင္း သိရသည္။
တနသၤာရီၿမိဳ႕နယ္၊ တနသၤာရီရိုးရာ နဂါးေလွ အလွျပေလွာ္ခတ္ပြဲႏွင့္ ၿပိဳင္ပြဲကို ႏွစ္စဥ္ က်င္းပေနျခင္း ျဖစ္သည္။
သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)
“ တနင်္သာရီမြို့နယ်က ရွှေနန်းသာရီနဲ့ ငွေနန်းသာရီနဂါးလှေ (၂) စင်း၊ လယ်သစ်ကျေးရွာက မြကြီးအောင်၊
ရန်ကြီးအောင်၊ ပတ္တမြားသွယ်နှင့် စိန်ပန်းသွယ်နဂါးလှေ (၄) စင်း စုစုပေါင်း (၆) စင်းမှာ လှေတော်သား (၂၁၆) ဦးက ရိုးရာအတိုင်း ဧဇာရစ်ကျူးရင်း လှော်ခတ်ကြမှာပါ”ဟု တနင်္သာရီမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနှင့် စာပေအသင်းမှ ဦးသန်းစိုးဝင်းက ပြောသည်။
ရိုးရာ နဂါးလှေလှော်ပွဲကို နဂါးလှေတော် (၆) စီးဖြင့် ချောင်းကြီးကျောင်းတိုက် အသက်တော်ရှည် ဆရာတော် အရှင်ပညာဒီပ၏ သြဝါဒကို ခံယူလျှက် တနင်္သာရီမြို့နယ် ချောင်းကြီး၊ ချောင်းငယ် မြစ်နှစ်သွယ်အတွင်း နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ဖြစ်သည့် အောက်တိုဘာလ (၂ဝ) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် စတင် လှော်ခတ်ပြသကြမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ တနင်္သာရီရိုးရာ နဂါးလှေ အလှပြလှော်ခတ်ပွဲနှင့် ပြိုင်ပွဲကို နှစ်စဉ် ကျင်းပနခြေင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)