နေဖြိုးမြင့် - Tachileik News Agency
ကျောက်မဲ၊ အောက်တိုဘာလ (၁၉) ရက်
ဝါကျွတ်ကာလအဝယ်လိုက်လာ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်သွန်နီဈေးကွက်တွင် ရောင်းအားနှင့် ဈေးနှုန်းမြင့်လာကြောင်း သိရသည်။
“ ဝါကျွတ်ပြီဆိုတော့ ပွဲလမ်းတွေများလာတယ်။ ကြက်သွန်လည်း အသုံးများလာတော့ အဝယ်လိုက်လာတယ်။ ဒါကြောင့် ဈေးနည်းနည်း တက်လာတာ “ ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လက်ကားကုန်စည်ဒိုင်မှ ဦးသိန်းဝင်း က ပြောသည်။
ကြက်သွန်နီဈေးနှုန်းမှာ အောက်တိုဘာလလယ်တွင် တစ်ပိဿာလျှင် ကုန်စည်ဒိုင်ဈေးကျပ် (၇၀၀) ဝန်းကျင်မှ (၈၀၀) ကျပ်ဝန်းကျင်အထိ တက်လာကြောင်း သိရသည်။
“မနှစ်က ဒီထက်ဆိုးတယ်။ တစ်ပိဿာကို ကျပ် (၃၅၀၀) ကျော်အထိဈေးတက်ခဲ့တာ။ ဒါပေမဲ့ ကြက်သွန်နီဆိုတာက အိမ်တိုင်းသုံးနေကြတာဆိုတော့ ဈေးတက်လည်း ရောင်းရတယ်။ ဒီနှစ် လည်း ဈေးတက်ပေမဲ့ ရောင်းအားတော့ ကျမသွားသေးဘူး “ ဟု ကျောက်မဲမြို့ ဗဟိုဈေး အတွင်း လက်လီရောင်းချသူ ဒေါ်မျိုးမျိုးက ပြောသည်။
လက်လီဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၈၀၀) မှ (၉၀၀) အထိ ဈေးတက်လာသော်လည်း ရောင်းအားမကျကြောင်း သိရသည်။
“ဈေးတက်တယ်ဆိုပေမဲ့ မနှစ်ကထက်စာရင် သိပ်မသိသာပါဘူး။ မသုံးဘဲနဲ့လည်းမဖြစ်ဘူးဆိုတော့ အရမ်းဈေးတက်လာရင်တော့ နည်းနည်း လျှော့သုံးရမှာပေါ့” ဟု ကျောက်မဲမှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ မန္တလေး၊ ကျောက်ဆည်နှင့် မုံရွာမြို့များမှ ကြက်သွန်နီများ အများဆုံးဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ