တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အောက်တိုဘာလ (၂၀) ရက်နေ့က စတင် ကျင်းပနေသည့် တနင်္သာရီရိုးရာနဂါးလှေလှော်ပွဲတော်တွင် လူငယ်များ အစဉ်အလာ ထိန်းနိုင်စေရန် လှေလှော်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပလာကြောင်း သိရသည်။
အဆိုပါ လှေပြိုင်ပွဲများအား တနင်္သာရီမြို့နယ်တွင် သားစဉ်မြေးဆက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့ရာ (၈၆၃)နှစ်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း မြှင့်တင်ရေးကော်မတီဝင် ဦးသန်းစိုးဝင်းထံမှ သိရသည်။
အဆိုပါလှေပြိုင်ပွဲတွင် ရွှေနန်းသာရီနဂါးလှေ၊ ငွေနန်းသာရီနဂါးလှေ၊ ရန်ကြီးအောင်နဂါးလှေ၊ မြကြီးအောင်နဂါးလှေတော်၊ စိန်ပန်းသွယ်နဂါးလှေတော်နှင့် ပတ္တမြားသွယ်နဂါးလှေတော် စုစုပေါင်း (၆) စီးဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှပြေိုင်ပွဲများအား တနင်္သာရီမြို့နယ်တွင် သားစဉ်မြေးဆက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့ရာ (၈၆၃)နှစ်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း မြှင့်တင်ရေးကော်မတီဝင် ဦးသန်းစိုးဝင်းထံမှ သိရသည်။
နဂါးလှေလှော်ပွဲများကို ရဟန်းခံ၊ ရှင်ပြုအလှုတော်မင်္ဂလာများ၊ ဘာသာရေးဆိုင်ရာပွဲတော်များ၊ နေ့ကြီးရက်ကြီး အထိမ်းအမှတ်ပွဲများ၊ နိုင်ငံတော် အကြီးအကဲများအား ဂါရဝပြုပွဲများတွင် လှော်ခတ်ခြင်းများ လုပ်ဆောင်ကြကြောင်း တနင်္သာရီမြို့နယ်၏ နောက်ခံသမိုင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါလှပြေိုင်ပွဲတွင် ရွှေနန်းသာရီနဂါးလှေ၊ ငွေနန်းသာရီနဂါးလှေ၊ ရန်ကြီးအောင်နဂါးလှေ၊ မြကြီးအောင်နဂါးလှေတော်၊ စိန်ပန်းသွယ်နဂါးလှေတော်နှင့် ပတ္တမြားသွယ်နဂါးလှေတော် စုစုပေါင်း (၆) စီးဖြင့် ကျင်းပနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)