ဝင္ေငြခြန္ဥပေဒသစ္သက္ဝင္ၿပီးေနာက္ ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕ ကားအေရာင္းအဝယ္ ေစ်းကြက္တြင္ လိုင္စင္ကားအေရာင္းအဝယ္ထက္ လုိင္စင္မဲ့ကား အေရာင္းအဝယ္လုပ္ငန္းကို ေျပာင္းလဲ လုပ္ကုိင္လာၾကေၾကာင္း ေဒသခံကားဝယ္/ေရာင္းလုပ္ကုိ္င္သူမ်ားထံမွ သိရသည္။
“အစိုးရသစ္လက္ထက္ ကားေတြကုိ အခြန္ေတြျမႇင့္လုိက္ေတာ့ မကုိက္ေတာ့ဘူး။ အျမတ္မက်န္ဘူး။ အရင္အစုိးရ လက္ထက္တုန္းက အခြန္ေပးရေပမဲ့ အျမတ္က်န္ေသးတယ္။ ဒါေၾကာင့္ လုိင္စင္မဲ့ ကားေစ်းကြက္ပဲ လုပ္ေတာ့တယ္။ သူကတစ္စီးထြက္ရင္ တစ္သိန္းဝန္းက်င္ေလာက္ က်န္ေသးတယ္” ဟု ေဒသခံ ကား၀ယ္/ေရာင္း လုပ္ကုိင္သူတစ္ဦးျဖစ္သည့္ ကိုစိုင္းမင္းက ေျပာသည္။
ယခင္အစုိးရလက္ထက္တြင္ 1300 CC ဟြန္ဒါဖစ္ကားတစ္စီးလွ်င္ အခြန္အၿပီးအစီး ကုန္က်ေငြက်ပ္သိန္း(၉၀) ဝန္းက်င္သာရွိခဲ့ေသာ္လည္း လက္ရွိတြင္က်ပ္သိန္း(၁၂၀)အထိရွိေနသည့္အတြက္ ေရာင္းသူအတြက္ အျမတ္နည္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။
“လုိင္စင္မဲ့ဟြန္ဒါဖစ္တစ္စီးကုိ ျမ၀တီကေန ဒီအေရာက္သယ္ရင္ လမ္းေၾကးအၿပီးမွ ေျခာက္သိန္းေလာက္ပဲ ကုန္တယ္။ ျပန္ေရာင္းရင္ ေမာ္ဒယ္အေပၚမူတည္ၿပီး ဆယ့္သုံးသိန္းကေန သုံးဆယ့္ႏွစ္သိန္း၀န္းက်င္နဲ႔ ျပန္ေရာင္းတယ္။ အနည္းဆံုးတစ္သိန္း ကုိယ့္အတြက္က်န္တယ္။ အလုပ္ရႈပ္ခံၿပီး လိုင္စင္နဲ႔ကားကို ၀ယ္/ေရာင္း မလုပ္ေတာ့ဘူးေလ။” ဟု ေတာင္ႀကီး - ေအာင္ပန္းကားပုိ႔ေဆာင္ေပးသူတစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ကားေစ်းကြက္တြင္ လတ္တေလာ လူႀကဳိက္မ်ားေနသည့္ ကားအမ်ဳိး အစားမ်ားမွာ 1300 CC ဟြန္ဒါဖစ္၊ တုိယုိတာဗင္ အမ်ဳိးအစား ေမာ္ဒယ္ ၂၀၀၁ မွ ၂၀၀၈ အတြင္း ဂရိတ္အေပၚမူတည္ၿပီး က်ပ္ ၁၈ သိန္းမွ ၃၂ သိန္း၊ တုိယုိတာ ေရႊငါး မတ္တူး IRS အမ်ဳိးအစား ေမာ္ဒယ္ ၂၀၀၁ မွ၂၀၀၈ အတြင္း က်ပ္သိန္း ၂၀ မွ ၃၅ သိန္း၊ တုိယုိတာခေယာင္း အမ်ဳိးအစား ေမာ္ဒယ္ ၂၀၀၄ မွ၂၀၀၆ အတြင္း က်ပ္သိန္း ၂ဝ မွ ၅၀ သိန္း၊ ဆူဇူကီး RVI 1800CC ေမာ္ဒယ္ ၂၀၀၈ က်ပ္ ၈၅ သိန္း အစရွိသည့္ ကားအမ်ဳိးအစားမ်ား အေရာင္းသြက္ လ်ွက္ရွိေၾကာင္း သိရသည္။
သတင္း - ေရႊေဇာ္
“အစိုးရသစ်လက်ထက် ကားတွေကို အခွန်တွမြှေင့်လိုက်တော့ မကိုက်တော့ဘူး။ အမြတ်မကျန်ဘူး။ အရင်အစိုးရ လက်ထက်တုန်းက အခွန်ပေးရပေမဲ့ အမြတ်ကျန်သေးတယ်။ ဒါကြောင့် လိုင်စင်မဲ့ ကားဈေးကွက်ပဲ လုပ်တော့တယ်။ သူကတစ်စီးထွက်ရင် တစ်သိန်းဝန်းကျင်လောက် ကျန်သေးတယ်” ဟု ဒေသခံ ကားဝယ်/ရောင်း လုပ်ကိုင်သူတစ်ဦးဖြစ်သည့် ကိုစိုင်းမင်းက ပြောသည်။
ယခင်အစိုးရလက်ထက်တွင် 1300 CC ဟွန်ဒါဖစ်ကားတစ်စီးလျှင် အခွန်အပြီးအစီး ကုန်ကျငွေကျပ်သိန်း(၉၀) ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင်ကျပ်သိန်း(၁၂၀)အထိရှိနေသည့်အတွက် ရောင်းသူအတွက် အမြတ်နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။
“လိုင်စင်မဲ့ဟွန်ဒါဖစ်တစ်စီးကို မြဝတီကနေ ဒီအရောက်သယ်ရင် လမ်းကြေးအပြီးမှ ခြောက်သိန်းလောက်ပဲ ကုန်တယ်။ ပြန်ရောင်းရင် မော်ဒယ်အပေါ်မူတည်ပြီး ဆယ့်သုံးသိန်းကနေ သုံးဆယ့်နှစ်သိန်းဝန်းကျင်နဲ့ ပြန်ရောင်းတယ်။ အနည်းဆုံးတစ်သိန်း ကိုယ့်အတွက်ကျန်တယ်။ အလုပ်ရှုပ်ခံပြီး လိုင်စင်နဲ့ကားကို ဝယ်/ရောင်း မလုပ်တော့ဘူးလေ။” ဟု တောင်ကြီး - အောင်ပန်းကားပို့ဆောင်ပေးသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ကားဈေးကွက်တွင် လတ်တလော လူကြိုက်များနေသည့် ကားအမျိုး အစားများမှာ 1300 CC ဟွန်ဒါဖစ်၊ တိုယိုတာဗင် အမျိုးအစား မော်ဒယ် ၂၀၀၁ မှ ၂၀၀၈ အတွင်း ဂရိတ်အပေါ်မူတည်ပြီး ကျပ် ၁၈ သိန်းမှ ၃၂ သိန်း၊ တိုယိုတာ ရွှေငါး မတ်တူး IRS အမျိုးအစား မော်ဒယ် ၂၀၀၁ မှ၂၀၀၈ အတွင်း ကျပ်သိန်း ၂၀ မှ ၃၅ သိန်း၊ တိုယိုတာခယောင်း အမျိုးအစား မော်ဒယ် ၂၀၀၄ မှ၂၀၀၆ အတွင်း ကျပ်သိန်း ၂ဝ မှ ၅၀ သိန်း၊ ဆူဇူကီး RVI 1800CC မော်ဒယ် ၂၀၀၈ ကျပ် ၈၅ သိန်း အစရှိသည့် ကားအမျိုးအစားများ အရောင်းသွက် လျှက်ရှိကြောင်း သိရသည်။
သတင်း - ရွှေဇော်