တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မြန်မာ- ထိုင်း မောတောင်နယ်စပ်တွင် မြိတ်မှ မောတောင်နယ်စပ်သို့ ၀င်ရောက်လာသည့် ဘင်္ဂါလီအမျိုးသား (၂) ဦးကို အောက်တိုဘာလ (၂၄) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် စစ်ဆေး တွေ့ရှိရကြောင်း မောတောင်ဒေသရှိ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယခုလအတွင်း မြိတ်ခရိုင်အတွင်း ခိုးဝင်လာသည့်ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးရမိနေပြီး ဥပဒေအရလည်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)
မြန်မာ- ထိုင်းနယ်စပ် မောတောင်ဒေသတွင် မြိတ်မှ ဝင်ရောက်လာသည့် ဟံသာစတား ခရီးသည်တင် မော်တော်ယာဉ်အား မောတောင်နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် နိုင်ငံသားစိစစ်ရေးကတ် မပြနိုင်သည့် ဘင်္ဂါလီအမျိုးသား (၂) ဦးကို စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အသက် (၂၁)နှစ်အရွယ် ဇော်မင်းနှင့် အသက် (၂၂)နှစ်အရွယ် မျိုးနိုင်ဆိုသူနှစ်ဦးအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) သက်သေအထောက်အထားပြနိုင်ခြင်း မရှိသဖြင့် ၁၉၅၁ ခုနှစ်၊ အမတနည်း ဥပဒေပုဒ်မ ၂၉ (၁) ကို ကျူးလွန်၍ ၁၉၄၉ ခုနှစ် အမတအက်ဥပဒေ ပုဒ်မ ၆(၂) အရ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ယခုလအတွင်း မြိတ်ခရိုင်အတွင်း ခိုးဝင်လာသည့်ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးရမိနပြေီး ဥပဒေအရလည်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)