က်ဳိင္းတံု - မိုင္းလား အၾကားရွိ ၀မ္တာပင္းဂိတ္အား ေအာက္တိုဘာလ (၂၃)ရက္ေန႔က ရုတ္တရက္ ပိတ္လိုက္ျခင္းေၾကာင့္ မိုင္းလားေဒသအတြင္း ေသာင္တင္ေနေသာ က်ဳိင္းတံုမွ တစ္ဆင့္ သြားေရာက္ လည္ပတ္သည့္ ႏိုင္ငံျခားသား ခရီးသြား (၄၂)ဦးအား ၀မ္တာပင္းဂိတ္မွ တစ္ဆင့္ ေအာက္တိုဘာလ(၂၅)ရက္ေန႔တြင္ ျပည္နယ္(လ၀က)မွ စိစစ္၍ ျဖတ္သန္းခြင့္ေပးခဲ့ျပီး ထိုင္းႏိုင္ငံသို႔ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
"ဒီမနက္(၈)နာရီေလာက္က မိုင္းလားက ထြက္လာတယ္။ အဲ့ဒီဘက္က ခရီးသြား ကုမၸဏီက ေခၚေဆာင္ လာေပးတာ။ ၀မ္တာပင္းဂိတ္မွာ ကၽြန္ေတာ္ကိုယ္တုိင္ သြားေစာင့္ၿပီး စိစစ္လက္ခံေပးခဲ့တယ္ ။ အေထာက္အထား အကုန္ျပည့္စံုပါတယ္ ။ ဒါေၾကာင့္ အခု ထိုင္းႏိုင္ငံကို ျပန္၀င္သြားပါၿပီ"ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ဒုတိယျပည္နယ္ ဦးစီးမွဴး႐ံုးမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးကိုကိုေသာ္က Tachileik News Agency သို႔ ေျပာသည္။
(Entry Permit)ျဖင့္ ထိုင္းႏိုင္ငံမွ ၀င္ေရာက္လာၿပီး က်ိဳင္းတံုမွတစ္ဆင့္ မိုင္းလားၿမိဳ႕သို႔ သြားေရာက္ လည္ပတ္ေသာ မေလးရွားႏိုင္ငံသား (၃၇)ဦး ထုိင္းႏိုင္ငံသား(၅)ဦးမွာ မိုင္းလားမွ မနက္(၈)နာရီခန္႔တြင္ ထြက္ခြာလာၿပီး ျပည္နယ္လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနရံုးမွ စိစစ္လက္ခံကာ က်ိဳင္းတံုသို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ထို႔ေနာက္ ထုိင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕သို႔ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံျခားသားမ်ားအား (EP)ျဖင့္ ၀င္ေရာက္ခြင့္ျပဳထားသည့္ ကာလမွာ ရက္သတၱပတ္ႏွစ္ပတ္ ခြင့္ျပဳထားျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ တာခ်ီလိတ္၊ မိုင္းျဖတ္၊ က်ိဳင္းတံု၊ မိုင္းလားၿမိဳ႕မ်ားသို႔ သြားေရာက္လည္ပတ္ခြင့္ရွိေၾကာင္း သိရၿပီး လစဥ္ပ်မ္းမွ်အားျဖင့္ လူဦးေရ(၁၀၀)ခန္႔၀င္ေရာက္မႈရွိေၾကာင္း သိရသည္။
"ျပည္နယ္လ၀ကမွဴးကိုယ္တိုင္ ကြ်န္မတို႔ကို ၀မ္တာပင္းဂိတ္မွာ လာႀကိဳေပးပါတယ္။ မိုင္းလားဘက္မွာေတာ့ ေရႊလင္းစတားခရီးသြားလာေရးလုပ္ငန္းရံံုးက စီစဥ္ေဆာင္ရြက္ေပးပါတယ္၊ အခု ကြ်န္မတို႔ မယ္ဆိုင္ၿမိဳ႕ကို ေရာက္ေနပါၿပီ"ဟု အဆိုပါ ခရီးသြားတစ္ဦးက ေျပာသည္။
ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ UWSA အဖြဲ႔မွ မိုင္းလားေဒသမွ မူလေနရာသို႔ ျပန္လည္ ဆုတ္ခြာသြားခဲ့ေသာ္လည္း၊ လတ္တေလာကာလတြင္ ၀မ္တာပင္းဂိတ္ပိတ္ထားသည့္အတြက္ က်ဳိင္းတံုမွ တစ္ဆင့္ မိုင္းလားသို႔ လာေရာက္လည္ပတ္ေသာ ႏိုင္ငံျခားသားခရီးသြားမ်ားအေနျဖင့္ မိုင္းလားၿမိဳ႕ရွိ ေရႊလင္းစတားခရီးသြားလာေရးကုမၸဏီရံုးသို႔ ဆက္သြယ္ကာ အသိေပးႏိုင္ေၾကာင္းလည္း သိရသည္။
ဝမ္တာပင္းဂိတ္ကို ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေနပိုင္းက ျဖတ္သန္းခြင့္ ပိတ္ပင္ထားလိုက္သည့္ အတြက္ တပ္မေတာ္မွ လံုျခံဳေရးယူထားသည့္ ၀မ္တာပင္း ပူးေပါင္းစစ္ေဆးေရးဂိတ္ႏွင့္ မိုင္းလားနယ္ေျမအတြင္း "၀"တပ္မွ တပ္စြဲထားသည့္ ဂိတ္ (၂)ဂိတ္မွာ မိုင္(၂၀)ခန္႔အတြင္း ၀မ္တာပင္းေက်းရြာမွ က်ိဳင္းတံုၿမိဳ႕သို႔ ေက်ာင္းတက္ရန္လာေသာ ကေလးငယ္မ်ားႏွင့္ ေဒသတြင္း ခရီးသြားမ်ား ပိတ္မိေနၿပီး ၎တို႔မွာ မိုင္းလားသို႔လည္း ဝင္ခြင့္မရဘဲျဖစ္ေနေၾကာင္း သိရသည္။
သတင္း - ကိုဇက္
ကျိုင်းတုံ - မိုင်းလား အကြားရှိ ဝမ်တာပင်းဂိတ်အား အောက်တိုဘာလ (၂၃)ရက်နေ့က ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် မိုင်းလားဒေသအတွင်း သောင်တင်နေသော ကျိုင်းတုံမှ တစ်ဆင့် သွားရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား (၄၂)ဦးအား ဝမ်တာပင်းဂိတ်မှ တစ်ဆင့် အောက်တိုဘာလ(၂၅)ရက်နေ့တွင် ပြည်နယ်(လဝက)မှ စိစစ်၍ ဖြတ်သန်းခွင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
"ဒီမနက်(၈)နာရီလောက်က မိုင်းလားက ထွက်လာတယ်။ အဲ့ဒီဘက်က ခရီးသွား ကုမ္ပဏီက ခေါ်ဆောင် လာပေးတာ။ ဝမ်တာပင်းဂိတ်မှာ ကျွန်တော်ကိုယ်တိုင် သွားစောင့်ပြီး စိစစ်လက်ခံပေးခဲ့တယ်။ အထောက်အထား အကုန်ပြည့်စုံပါတယ်။ ဒါကြောင့် အခု ထိုင်းနိုင်ငံကို ပြန်ဝင်သွားပါပြီ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုသော်က Tachileik News Agency သို့ ပြောသည်။
(Entry Permit)ဖြင့် ထိုင်းနိုင်ငံမှ ဝင်ရောက်လာပြီး ကျိုင်းတုံမှတစ်ဆင့် မိုင်းလားမြို့သို့ သွားရောက် လည်ပတ်သော မလေးရှားနိုင်ငံသား (၃၇)ဦး ထိုင်းနိုင်ငံသား(၅)ဦးမှာ မိုင်းလားမှ မနက်(၈)နာရီခန့်တွင် ထွက်ခွာလာပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ စိစစ်လက်ခံကာ ကျိုင်းတုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ထို့နောက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားများအား (EP)ဖြင့် ဝင်ရောက်ခွင့်ပြုထားသည့် ကာလမှာ ရက်သတ္တပတ်နှစ်ပတ် ခွင့်ပြုထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းလားမြို့များသို့ သွားရောက်လည်ပတ်ခွင့်ရှိကြောင်း သိရပြီး လစဉ်ပျမ်းမျှအားဖြင့် လူဦးရေ(၁၀၀)ခန့်ဝင်ရောက်မှုရှိကြောင်း သိရသည်။
"ပြည်နယ်လဝကမှူးကိုယ်တိုင် ကျွန်မတို့ကို ဝမ်တာပင်းဂိတ်မှာ လာကြိုပေးပါတယ်။ မိုင်းလားဘက်မှာတော့ ရွှေလင်းစတားခရီးသွားလာရေးလုပ်ငန်းရုံးက စီစဉ်ဆောင်ရွက်ပေးပါတယ်၊ အခု ကျွန်မတို့ မယ်ဆိုင်မြို့ကို ရောက်နေပါပြီ"ဟု အဆိုပါ ခရီးသွားတစ်ဦးက ပြောသည်။
အောက်တိုဘာလ (၂၅)ရက်နေ့တွင် UWSA အဖွဲ့မှ မိုင်းလားဒေသမှ မူလနေရာသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း၊ လတ်တလောကာလတွင် ဝမ်တာပင်းဂိတ်ပိတ်ထားသည့်အတွက် ကျိုင်းတုံမှ တစ်ဆင့် မိုင်းလားသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအနဖြေင့် မိုင်းလားမြို့ရှိ ရွှေလင်းစတားခရီးသွားလာရေးကုမ္ပဏီရုံးသို့ ဆက်သွယ်ကာ အသိပေးနိုင်ကြောင်းလည်း သိရသည်။
ဝမ်တာပင်းဂိတ်ကို အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းက ဖြတ်သန်းခွင့် ပိတ်ပင်ထားလိုက်သည့် အတွက် တပ်မတော်မှ လုံခြုံရေးယူထားသည့် ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မိုင်းလားနယ်မြေအတွင်း "ဝ"တပ်မှ တပ်စွဲထားသည့် ဂိတ် (၂)ဂိတ်မှာ မိုင်(၂၀)ခန့်အတွင်း ဝမ်တာပင်းကျေးရွာမှ ကျိုင်းတုံမြို့သို့ ကျောင်းတက်ရန်လာသော ကလေးငယ်များနှင့် ဒေသတွင်း ခရီးသွားများ ပိတ်မိနပြေီး၎င်းတို့မှာ မိုင်းလားသို့လည်း ဝင်ခွင့်မရဘဲဖြစ်နေကြောင်း သိရသည်။
သတင်း - ကိုဇက်