ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော အေးခဲကြက်သား ပိဿ (၄၃၀)ကျော်ကို တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် မှန်လုံကားတစ်စီးပေါ်တွင် အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။
ကော့သောင်းမြို့မှ ထွက်ခွာလာသော မိုးကောင်းကင် Express ခရီးသည်တင် မှန်လုံကား အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် (၃) နာရီအချိန်တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ အဝေးပြေးကားဝင်းအတွင်း ၀င်ရောက်စဉ် အဖွဲ့ပေါင်းစုံဖြင့် သွားရောက် စစ်ဆေးရာမှ အေးခဲကြက်သားများ ထည့်ထားသည့် ဆာလာအိတ် (၁၀)လုံးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ်ထံမှ သိရသည်။
တရားမဝင်တင်သွင်းလာသည့် အေးခဲကြက်သားများအား စားသုံးရန်သင့်မသင့် စစ်ဆေးထားခြင်း မရှိသည့်အတွက် ပြည်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)
ကော့သောင်းမြို့မှ ထွက်ခွာလာသော မိုးကောင်းကင် Express ခရီးသည်တင် မှန်လုံကား အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် (၃) နာရီအချိန်တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ အေဝးပြေးကားဝင်းအတွင်း ဝင်ရောက်စဉ် အဖွဲ့ပေါင်းစုံဖြင့် သွားရောက် စစ်ဆေးရာမှ အေးခဲကြက်သားများ ထည့်ထားသည့် ဆာလာအိတ် (၁၀)လုံးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ်ထံမှ သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း မြိတ်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာကြီး (၂) ခုတွင် ရောင်းချနေသည့် ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် အေးခဲကြက်သားများအား စစ်ဆေး သိမ်းဆည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တရားမဝင်တင်သွင်းလာသည့် အေးခဲကြက်သားများအား စားသုံးရန်သင့်မသင့် စစ်ဆေးထားခြင်း မရှိသည့်အတွက် ပြည်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)