တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေအဖြစ် ကောက်ခံနေသော (၃%)တွင် အောက်တိုဘာလ၏ စတုတ္ထပတ် (၅)ရက်အတွင်း ကျပ်(၆၉)သိန်းကျော် ကောက်ခံရရှိကြောင်း သိရသည်။
"အရင်က ဒီလမ်းကြောင်းကနေ ဒီလိုပဲ၊ ဒီထက်မက သွားနေကြတာပါပဲ၊ အခွန်ငွေရရှိမှု ကွာဟချက်က ကြီးကြပ်ကွပ်ကဲမှုနဲ့ဆိုင်ပါမယ်၊"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်က ပြောသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် (၃%)တွင် အခွန်ပေးသွင်းစေပြီး တစ်ပိုင်တစ်နိုင် သယ်ဆောင်ခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအစားမှာ စုစုပေါင်း (၁၄၆)မျိုးဖြစ်ပြီး၊ လူတစ်ဦးလျှင် တစ်ကြိမ်အတွက် ကျပ်(၁၀)သိန်းဘိုးအထိ သယ်ဆောင်ခွင့်ရှိကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
"အရင်က ဒီလမ်းကြောင်းကနေ ဒီလိုပဲ၊ ဒီထက်မက သွားနကြေတာပါပဲ၊ အခွန်ငွေရရှိမှု ကွာဟချက်က ကြီးကြပ်ကွပ်ကဲမှုနဲ့ဆိုင်ပါမယ်၊"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်က ပြောသည်။
အောက်တိုဘာလ(၂၄)ရက်နေ့တွင် (၁,၅၅၀,၆၀၀)ကျပ်၊ (၂၅)ရက်နေ့တွင် (၁,၇၂၃,၅၀၀)ကျပ်၊ (၂၆)ရက်နေ့တွင် (၉၆၁၂၀၀)ကျပ်၊ အောက်တိုဘာလ(၂၇)ရက်နေ့တွင် (၁၄၅၇၅၀၀)ကျပ် နှင့် အောက်တိုဘာလ(၂၈)ရက်နေ့တွက် (၁,၂၇၄,၅၀၀)ကျပ် ကောက်ခံရရှိရာ အဆိုပါ (၅)ရက်အတွင်း ကျပ်(၆,၉၆၇,၃၀၀)ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် (၃%)တွင် အခွန်ပေးသွင်းစပြေီး တစ်ပိုင်တစ်နိုင် သယ်ဆောင်ခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအစားမှာ စုစုပေါင်း (၁၄၆)မျိုးဖြစ်ပြီး၊ လူတစ်ဦးလျှင် တစ်ကြိမ်အတွက် ကျပ်(၁၀)သိန်းဘိုးအထိ သယ်ဆောင်ခွင့်ရှိကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။