ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ငြိမ်းချမ်းရေးနှင့် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်းနှင့် ဆွေးနွေးပွဲကို အောက်တိုဘာလ (၃၁) ရက်က ကျင်းပနေကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီ ( Civilian Ceasefire Monitoring –CCM)၏ လုပ်ငန်းပြီးစီးမှု အခြေအနေများကို တင်ပြခြင်း၊ ငြိမ်းဖောင်ဒေးရှင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်သူတို့ အခန်းကဏ္ဍကို တင်ပြဆွေးနွေးခြင်း၊ ပြည်သူများ စောင့်ကြည့်ရန်လိုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Accord – NCA)ပါ အချက်များကို ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် အနီးဝန်းကျင်ဒေသများမှ စစ်ဘေးရှောင်ဒေသခံများ မကြာခဏလာရောက် ခိုလှုံလေ့ရှိကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်