မိုင္းျဖတ္၌ စိုက္ပ်ိဳးေရး ဦးစီးဌာန၏ စံျပစိုက္ကြက္ မိရိုးဖလာစိုက္ပ်ိဳးနည္းထက္ အထြက္ေကာင္း

မိုင္းျဖတ္၌ စိုက္ပ်ိဳးေရး ဦးစီးဌာန၏ စံျပစိုက္ကြက္ မိရိုးဖလာစိုက္ပ်ိဳးနည္းထက္ အထြက္ေကာင္း
အောက်တိုဘာ 31, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္၌ ေအာက္တိုဘာလ (၃၁)ရက္ေန႔တြင္  စိုက္ပ်ဳိးေရးဦးစီးဌာန၏ ဆင္းဧကရီ(၃) မိုးစပါးစံျပကြက္အား ရိတ္သိမ္းရာ မိရိုးဖလာစိုက္ပ်ိဳးနည္းထက္ စပါးအထြက္ႏႈန္း ေကာင္းေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ စိုက္ပ်ဳိးေရးဦးစီးဌာန အေနနဲ႔ ေဒသအေခၚ ေမွာ္ဘီ(၃) ဆင္းဧကရီ(၃)ကို ေဒသနဲ႔ ကိုက္ညီတဲ့ အတြက္ မ်ဳိးေကာင္းမ်ဳိးသန္႔ စပါးမ်ဳိးမ်ားကို သိပၸံနည္းက် စိုက္ပ်ဳိးႏိုင္တဲ့ စံျပစိုက္ကြက္
ျဖစ္ပါတယ္"ဟု စိုက္ပ်ဳိးေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးသန္းထြဋ္လြင္က ေျပာသည္။

စံျပစိုက္ကြင္းအျဖစ္ လယ္ေျမ(၂)ဧကမွ (၀.၁၀)ဧက အ႐ြယ္အစား စံကြက္အား ရိတ္သိမ္းခဲ့ရာ စပါးတင္း(၁၃၁.၂၉)တင္း ထြက္႐ွိေၾကာင္း သိရသည္။

"ကြ်န္ေတာ္လည္း ေမွာ္ဘီ(၃) ဆင္းဧကရီ(၃)ကို မိ႐ိုးဖလာအတိုင္းစိုက္လို႔ ထင္ပါတယ္။ အထြက္ႏႈန္း ဒီေလာက္ မေကာင္းပါဘူး။ မ်ဳိးေစ့ေတြကလည္း တျခားမ်ဳိးေတြနဲ႔ ေရာစပ္သြားတာလည္းျဖစ္ႏိုင္
ပါတယ္။ ေနာင္ႏွစ္ေတာ့ စိုက္ပ်ဳိးေရးကေန မ်ဳိးစပါးဝယ္ၿပီး စိုက္ၾကည့္ပါ့မယ္"ဟု ဝမ္လံုးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေဆထ က ေျပာသည္။

အဆိုပါ စံကြက္ ရိတ္သိမ္းပြဲသို႔ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္၊ ၿမိဳနယ္စိုက္ပ်ဳိးေရးဦးစီးမွဴး ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ရပ္ကြက္/ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေတာင္သူလယ္သမားမ်ား စုစုေပါင္း (၁၂၁)ဦးလာေရာက္ၾကည့္ရႈၾကေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်၌ အောက်တိုဘာလ (၃၁)ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ဆင်းဧကရီ(၃) မိုးစပါးစံပြကွက်အား ရိတ်သိမ်းရာ မိရိုးဖလာစိုက်ပျိုးနည်းထက် စပါးအထွက်နှုန်း ကောင်းကြောင်း သိရသည်။

"ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ဒေသအခေါ် မှော်ဘီ(၃) ဆင်းဧကရီ(၃)ကို ဒေသနဲ့ ကိုက်ညီတဲ့ အတွက် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို သိပ္ပံနည်းကျ စိုက်ပျိုးနိုင်တဲ့ စံပြစိုက်ကွက်
ဖြစ်ပါတယ်"ဟု စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ပြောသည်။

စံပြစိုက်ကွင်းအဖြစ် လယ်မြေ(၂)ဧကမှ (ဝ.၁၀)ဧက အရွယ်အစား စံကွက်အား ရိတ်သိမ်းခဲ့ရာ စပါးတင်း(၁၃၁.၂၉)တင်း ထွက်ရှိကြောင်း သိရသည်။

"ကျွန်တော်လည်း မှော်ဘီ(၃) ဆင်းဧကရီ(၃)ကို မိရိုးဖလာအတိုင်းစိုက်လို့ ထင်ပါတယ်။ အထွက်နှုန်း ဒီလောက် မကောင်းပါဘူး။ မျိုးစေ့တွေကလည်း တခြားမျိုးတွေနဲ့ ရောစပ်သွားတာလည်းဖြစ်နိုင်
ပါတယ်။ နောင်နှစ်တော့ စိုက်ပျိုးရေးကနေ မျိုးစပါးဝယ်ပြီး စိုက်ကြည့်ပါ့မယ်"ဟု ဝမ်လုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆေထ က ပြောသည်။

အဆိုပါ စံကွက် ရိတ်သိမ်းပွဲသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ စုစုပေါင်း (၁၂၁)ဦးလာရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~