ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် မိုင်းမောဒေသမှ ဒေသခံများသည် သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် လာရောက် ခိုလှုံနေရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် နိုဝင်ဘာလ (၂၀ ) ရက်နေ့က KIA၊ TNLA၊ AA၊ MNDAA တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး နမ္မတူမြို့နယ်တွင်လည်း စစ်ဘေးရှောင် ဦးရေ( ၁၀၀၀ ) ကျော်ခန့်ရောက် ရှိနေကြောင်း သိရသည်။
“သူတို့နေတဲ့ကျေးရွာတွေဘက်မှာ တိုက်ပွဲတွဖြေစ်နေလို့ ဒီဖက်ကို ရှောင်တိမ်းလာကြတာပါ။ သူတို့အတွက် စားဝတ် နေရေးတွေ အကူအညီ လိုအပ်နေပါတယ်။ လောလောဆယ်တော့ မန်ကောင်းကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနကြေပါတယ်”ဟု သီပေါမြို့ One More အသင်းမှ ကိုမျိုးက ပြောသည်။
မိုင်းမောနယ်ရှိ ကုံးမုံ၊ ကောင်းမှူး၊ ကုန်းညောင်၊ မော်နေ စသည့်ကျေးရွာများမှ စစ်ဘေး တိမ်းရှောင်လာသူ ( ၁၁၀ )ဦးအတွက် အကူအညီများ လိုအပ်လျှက်ရှိပြီး လတ်တလောတွင် One More အသင်းမှ ဆန်၊ ဆီ နှင့် စားသောက်ကုန်အချို့ကို ကူညီပေးထားကြောင်း သိရသည်။
“ဆန် ( ၅ )အိတ်နဲ့ အသီးအနှံတွေ ကျွန်တော်တို့အသင်းက သွားရောက်လှူဒါန်းထားပါတယ်။ တစ်ခြား လာလှူတဲ့သူတွေ မရှိသေးဘူးဗျ။ လိုအပ်တာတော့ လိုအပ်နေပါတယ်”ဟု ကိုမျိုးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် နိုဝင်ဘာလ (၂၀ ) ရက်နေ့က KIA၊ TNLA၊ AA၊ MNDAA တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနခြေင်းဖြစ်ပြီး နမ္မတူမြို့နယ်တွင်လည်း စစ်ဘေးရှောင် ဦးရေ( ၁၀၀၀ ) ကျော်ခန့်ရောက် ရှိနေကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - One More