ရွမ္းေျမာက္တြင္ တုိက္ပြဲျဖစ္မည္ကို စိုးရိမ္၍ နားဆိုင္းေဒသခံမ်ား လားရႈိးသို႔ တိမ္းေရွာင္

ရွမ္းေျမာက္တြင္ တုိက္ပြဲျဖစ္မည္ကို စိုးရိမ္၍ နားဆိုင္းေဒသခံမ်ား လားရႈိးသို႔ တိမ္းေရွာင္
ဒီဇင်ဘာ 11, 2016
By Tachileik News Agency

ေလးဖြဲ႕ေပါင္းလက္နက္ကိုင္တပ္မ်ား ဒီဇင္ဘာလ (၉) ရက္ေန႔ည ( ၇ ) နာရီဝန္းက်င္တြင္ နားဆိုင္းေက်းရြာသို႕ ေရာက္ရွိလာခဲ့ၿပီး ေက်းရြာအတြင္း ဝင္ေရာက္ေနရာယူထားခဲ့ျခင္းေၾကာင့္ ေဒသခံမ်ား ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔ ထြက္ေျပးလာေၾကာင္း သိရသည္။

“ရြာမွာက ဆိုင္ကယ္ရွိတဲ့ အမ်ိဳးသား တခ်ိဳ႕ပဲက်န္တယ္။ သူတို႔ကို လက္နက္ကိုင္တပ္ေတြကေတာ့ မပစ္ဘူးေျပာတာပဲ။ ဒါေပမဲ့့ အရင္တစ္ခါက ျဖစ္ခဲ့ဖူးလို႕ ကၽြန္မတို႕ေၾကာက္တယ္ ။ ဒါေၾကာင့္ ေျပးလာတာ “ ဟု စစ္ေဘးေရွာင္မ်ားထဲမွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕ႏွင့္ လားရိႈးၿမိဳ႕အၾကားရွိ နားဆိုင္းေက်းရြာအနီးတြင္ လက္နက္ကိုင္တပ္ဖြဲ႕တစ္စုမွ ခရီးသည္တင္ကားမ်ားအား တားဆီးထားျခင္းေၾကာင့္ တိုက္ပြဲျဖစ္ႏိုင္သည္ဟု သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ နားဆိုင္းေဒသခံမ်ား လားရိႈးၿမိဳ႕သို႔ တိမ္းေရွာင္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၁၀) ရက္ေန႔ နံနက္ပိုင္းတြင္ နမၼတူၿမိဳ႕မွ (၁၈) မိုင္ခန္႕အကြာ လားရိႈးၿမိဳ႕မွ မိုင္ (၂၀) ခန္႕အကြာ ၿမိဳ႕ႏွစ္ၿမိဳ႕အၾကားရွိ နားဆိုင္းေက်းရြာအနီးတြင္ လက္နက္ကိုင္တပ္ဖြဲ႕ တစ္ဖြဲ႕မွ ယာဥ္မ်ားအား တားဆီးျခင္းျပဳလုပ္ခဲ့မႈေၾကာင့္ လားရႈိး- နမၼတူ ခရီးသည္တင္ ခရီးစဥ္အခ်ိဳ႕ ရပ္နားခဲ့ရၿပီး မနက္ပိုင္းေျပးဆြဲသည့္ ယာဥ္လုိင္းအခ်ိဳ႕ရွိကားမ်ားမွာ နမၼတူ - သီေပါ လမ္းမွတစ္ဆင့္ လားရိႈးသို႔ ျပန္လာခဲ့ရေၾကာင္း သိရသည္။

( ပံုအညႊန္း ။  ။  လားရႈိး မန္ဆူရွမ္းေက်ာင္းသို႔ နမၼတူနယ္ နားဆိုင္း ေဒသမွ စစ္ေရွာင္ဒုကၡမ်ား ေရာက္ရွိလာစဥ္

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

လေးဖွဲ့ပေါင်းလက်နက်ကိုင်တပ်များ ဒီဇင်ဘာလ (၉) ရက်နေ့ည ( ၇ ) နာရီဝန်းကျင်တွင် နားဆိုင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်နေရာယူထားခဲ့ခြင်းကြောင့် ဒေသခံများ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ထွက်ပြေးလာကြောင်း သိရသည်။

“ရွာမှာက ဆိုင်ကယ်ရှိတဲ့ အမျိုးသား တချို့ပဲကျန်တယ်။ သူတို့ကို လက်နက်ကိုင်တပ်တွေကတော့ မပစ်ဘူးပြောတာပဲ။ ဒါပေမဲ့ အရင်တစ်ခါက ဖြစ်ခဲ့ဖူးလို့ ကျွန်မတို့ကြောက်တယ်။ ဒါကြောင့် ပြေးလာတာ “ ဟု စစ်ဘေးရှောင်များထဲမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နှင့် လားရှိုးမြို့အကြားရှိ နားဆိုင်းကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်စုမှ ခရီးသည်တင်ကားများအား တားဆီးထားခြင်းကြောင့် တိုက်ပွဲဖြစ်နိုင်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် နားဆိုင်းဒေသခံများ လားရှိုးမြို့သို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် နမ္မတူမြို့မှ (၁၈) မိုင်ခန့်အကွာ လားရှိုးမြို့မှ မိုင် (၂၀) ခန့်အကွာ မြို့နှစ်မြို့အကြားရှိ နားဆိုင်းကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့မှ ယာဉ်များအား တားဆီးခြင်းပြုလုပ်ခဲ့မှုကြောင့် လားရှိုး- နမ္မတူ ခရီးသည်တင် ခရီးစဉ်အချို့ ရပ်နားခဲ့ရပြီး မနက်ပိုင်းပြေးဆွဲသည့် ယာဉ်လိုင်းအချို့ရှိကားများမှာ နမ္မတူ - သီပေါ လမ်းမှတစ်ဆင့် လားရှိုးသို့ ပြန်လာခဲ့ရကြောင်း သိရသည်။

( ပုံအညွှန်း။ လားရှိုး မန်ဆူရှမ်းကျောင်းသို့ နမ္မတူနယ် နားဆိုင်း ဒေသမှ စစ်ရှောင်ဒုက္ခများ ရောက်ရှိလာစဉ်

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~