တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ လူေနရပ္ကြက္ႏွင့္စာသင္ေက်ာင္းအနီးတည္ရွိေနေသာ ကုန္စိမ္းေစ်းမွာ အနံ႔အသက္ဆိုးမ်ားထြက္ေနသျဖင့္ ေနရာသစ္ေရႊ႕ေျပာင္းမည္ကို ေစ်းသူေစ်းသားမ်ားက ကန္႔ကြက္ေနေၾကာင္း သိရသည္။
“လက္ရွိ ဒီေနရာကေနၿပီး အျခားေနရာတစ္ခုကို ေျပာင္းေရႊ႕ရင္ ကြ်န္မတို႔ ေစ်းသူေစ်းသားေတြမွာ အခက္အခဲေတြ အမ်ားႀကီး ျဖစ္ေပၚလာႏိုင္ပါတယ္။ ေနာက္ၿပီး ဒီကုန္စိမ္းေစ်းကို ေနရာအသစ္ကို ေျပာင္းေရႊ႕ေပးရင္ သက္ဆိုင္ရာ အစိုးရဘက္က ဘယ္လိုမ်ိဳး စီစဥ္ေပးမွာလဲ။ ေစ်းေနရာအသစ္မွာ ဆိုင္ခန္းေတြကို ျပန္၀ယ္ရမယ္ဆိုေတာ႔ ကြ်န္မတို႔ ေစ်းသူေစ်းသားေတြကေတာ႔ လက္ခံႏိုင္တဲ႔ အေနအထားမ်ိဳးေတာ႔ ရွိမွာမဟုတ္ဘူး”ဟု ေစ်းေကာ္မတီ၀င္ ေဒၚျမင့္ေအးက ေျပာသည္။
အဆိုပါ ကုန္စိမ္းေစ်း၏ အေနအထားႏွင့္ စည္းကမ္းမဲ႔ စြန္႔ပစ္အမွိဳက္မ်ားေၾကာင့္ ပတ္ဝန္းက်င္ အေႏွာင့္အယွက္ ျဖစ္ေစမႈတို႔ကို ၿမိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ ကြင္းဆင္းေလ႔လာၿပီး သင့္ေတာ္မည့္ ေနရာသို႔ ေျပာင္းေရႊ႕ ေဆာက္လုပ္ေပးရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ကန္ဖ်ား ကုန္စိမ္းေစ်းက ၿမိဳ႕အဂၤါရပ္နဲ႔ မကိုက္ညီမွဳတာေၾကာင္႔ သင့္ေတာ္မယ့္ အျခားတစ္ေနရာကို ေျပာင္းေရႊ႕ေပးဖို႔ သက္ဆိုင္ရာ အစိုးရအဖြဲ႕နဲ႕ ညႇိႏွိဳင္းေဆာင္ရြက္ေနပါတယ္”ဟု ၿမိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးျမတ္ကိုက ေျပာသည္။
“ဒီကုန္စိမ္းေစ်းက လူေနရပ္ကြက္နဲ႔လည္း နီးေနပါတယ္။ ဒါ့အျပင္ အမွတ္ (၅) အေျခခံပညာ အလယ္တန္းေက်ာင္းနဲ႔ ကပ္ေနေတာ႔ အဲဒီေစ်းက စည္းကမ္းမဲ့ စြန္႔ပစ္တဲ့အမွိဳက္ေတြ၊ သစ္သီး၊ သီးႏွံအပုပ္နံ႔ေတြက ေက်ာင္းသူ၊ေက်ာင္းသားေတြကို က်န္းမာေရး ထိခိုက္ေစတာေၾကာင္႔ တျခားေနရာကို ေျပာင္းေရႊ႕ေပးေစခ်င္တယ္”ဟု ေက်ာင္းသားမိဘတစ္ဦးက ဆိုသည္။
အဆိုပါ ကန္ဖ်ားကုန္စိမ္းေစ်းမွာ၂၀၁၅ ခုႏွစ္က အသစ္ျပန္လည္တည္ေဆာက္ထားျခင္းျဖစ္ရာ ေစ်းသူေစ်းသားမ်ား နစ္နာမႈမရိွေစရန္ ညိႇႏိႈင္းေဆာင္ရြက္ေပးရန္ ကန္ဖ်ား ကုန္စိမ္းေစ်း ေကာ္မတီက ေတာင္းဆိုထားသည္။
“လက်ရှိ ဒီနေရာကနပြေီး အခြားနေရာတစ်ခုကို ပြောင်းရွှေ့ရင် ကျွန်မတို့ ဈေးသူဈေးသားတွေမှာ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ဒီကုန်စိမ်းဈေးကို နေရာအသစ်ကို ပြောင်းရွှေ့ပေးရင် သက်ဆိုင်ရာ အစိုးရဘက်က ဘယ်လိုမျိုး စီစဉ်ပေးမှာလဲ။ ဈေးနေရာအသစ်မှာ ဆိုင်ခန်းတွေကို ပြန်ဝယ်ရမယ်ဆိုတော့ ကျွန်မတို့ ဈေးသူဈေးသားတွေကတော့ လက်ခံနိုင်တဲ့ အနေအထားမျိုးတော့ ရှိမှာမဟုတ်ဘူး”ဟု ဈေးကော်မတီဝင် ဒေါ်မြင့်အေးက ပြောသည်။
အဆိုပါ ကုန်စိမ်းဈေး၏ အနေအထားနှင့် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေမှုတို့ကို မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းလေ့လာပြီး သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့ ဆောက်လုပ်ပေးရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
“ကန်ဖျား ကုန်စိမ်းဈေးက မြို့အင်္ဂါရပ်နဲ့ မကိုက်ညီမှုတာကြောင့် သင့်တော်မယ့် အခြားတစ်နေရာကို ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုက ပြောသည်။
“ဒီကုန်စိမ်းဈေးက လူနေရပ်ကွက်နဲ့လည်း နီးနေပါတယ်။ ဒါ့အပြင် အမှတ် (၅) အခြေခံပညာ အလယ်တန်းကျောင်းနဲ့ ကပ်နေတော့ အဲဒီဈေးက စည်းကမ်းမဲ့ စွန့်ပစ်တဲ့အမှိုက်တွေ၊ သစ်သီး၊ သီးနှံအပုပ်နံ့တွေက ကျောင်းသူ၊ကျောင်းသားတွေကို ကျန်းမာရေး ထိခိုက်စေတာကြောင့် တခြားနေရာကို ပြောင်းရွှေ့ပေးစေချင်တယ်”ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
အဆိုပါ ကန်ဖျားကုန်စိမ်းဈေးမှာ၂၀၁၅ ခုနှစ်က အသစ်ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ရာ ဈေးသူဈေးသားများ နစ်နာမှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးရန် ကန်ဖျား ကုန်စိမ်းဈေး ကော်မတီက တောင်းဆိုထားသည်။
သတင်း - ဇော်ဇော်