တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕ နယ္ စႏၵဝတ္ေက်းရြာအုပ္စု ကြ်ဲကူးေက်းရြာအနီး ကြ်ဲကူးေက်းရြာမွ ေက်ာက္မိုင္းခြဲ လုပ္ငန္းခြင္တြင္ ဒီဇင္ဘာလ ၂၄ ရက္ေန႔ ညေန ၅ နာရီခြဲ အခ်ိန္ခန္႔က ေက်ာက္မိုင္းေပါက္ကြဲမွဳေၾကာင့္ အလုပ္သမား ၂ ဦးေသဆုံးကာ ၈ ဦး ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။
"ေက်ာက္မိုင္းလုပ္ငန္းခြင္အတြင္းမွာ မေတာ္တဆမႈျဖစ္တာပါ။ ဒဏ္ရာရ႐ွိသူ ၈ ဦး၊ ေသဆံုးေရာက္႐ွိလာတာက ၂ဦး ျဖစ္ပါတယ္။ ဒဏ္ရာရ႐ွိသူေတြကို အေရးေပၚေဆးကုသမႈေတြ ျပဳလုပ္ေပးေနပါတယ္။ အေျခအေနစိုးရိမ္ရတဲ့ လူနာသံုးဦးထဲက တစ္ဦးကို အေရးေပၚ ခြဲစိတ္ကုသေနပါတယ္"ဟု ၿမိတ္ျပည္သ႔ူေဆးရံုမွ တာဝန္က် ဆရာဝန္တစ္ဦးက ေျပာသည္။
အဆိုပါ အခင္းျဖစ္ပြားသည့္ ေက်ာက္မိုင္းလုပ္ငန္းမွာ ဦးေမာင္ေအးဆိုသူမွ ငွားရမ္းလုပ္ကိုင္ေနသည့္ ေက်ာက္ထုတ္လုပ္ငန္းတစ္ခုျဖစ္ၿပီး ေက်ာက္ေတာင္ကုိ မိုင္းေဖာက္ခြဲရာမွ ေက်ာက္လံုးႀကီးမ်ားလြင့္စင္ကာ လုုပ္ငန္းခြင္အတြင္း ေက်ာက္ခြဲေနေသာ အလုပ္သမားမ်ားအား ထိမွန္ခဲ့ျခင္းျဖစ္ေၾကာင္း အလုပ္သမားမ်ား၏ မိသားစုဝင္မ်ားထံမွ သိရသည္။
သတင္း - ေဇာ္ေဇာ္
ဓာတ္ပံု - ၿမိတ္ေဆးရံု



~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာအနီး ကျွဲကူးကျေးရွာမှ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ကျောက်မိုင်းပေါက်ကွဲမှုကြောင့် အလုပ်သမား ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အလုပ်သမားများထံမှ သိရသည်။
"ကျောက်မိုင်းလုပ်ငန်းခွင်အတွင်းမှာ မတော်တဆမှုဖြစ်တာပါ။ ဒဏ်ရာရရှိသူ ၈ ဦး၊ သေဆုံးရောက်ရှိလာတာက ၂ဦး ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ အခြေအနေစိုးရိမ်ရတဲ့ လူနာသုံးဦးထဲက တစ်ဦးကို အရေးပေါ် ခွဲစိတ်ကုသနေပါတယ်"ဟု မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။
အဆိုပါ အခင်းဖြစ်ပွားသည့် ကျောက်မိုင်းလုပ်ငန်းမှာ ဦးမောင်အေးဆိုသူမှ ငှါးရမ်းလုပ်ကိုင်နေသည့် ကျောက်ထုတ်လုပ်ငန်းတစ်ခုဖြစ်ပြီး ကျောက်တောင်ကို မိုင်းဖောက်ခွဲရာမှ ကျောက်လုံးကြီးများလွင့်စင်ကာ လုပ်ငန်းခွင်အတွင်း ကျောက်ခွဲနေသော အလုပ်သမားများအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ မိသားစုဝင်များထံမှ သိရသည်။
သတင်း - ဇော်ဇော်
ဓာတ်ပုံ - မြိတ်ဆေးရုံ