ရွမ္းျပည္နယ္ေျမာက္ပိုင္း ေညာင္ေမာင္းေက်းရြာတြင္ ျဖစ္ပြားသည့္တိိုက္ပြဲတြင္ TNLA က ေက်းရြာ လူထုအား အကာအကြယ္ယူၿပီး ပစ္ခတ္သည္ဟု ေညာင္ေမာင္းေက်းရြာမွ စစ္ေဘးေရွာင္မ်ားက ေျပာၾကားလိုက္သည္။
ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာအနီးရွိ ေညာင္ေမာင္းေက်းရြာတြင္ TNLA လက္နက္ကိုင္တပ္ႏွင့္ တပ္မေတာ္တို႔ ဒီဇင္ဘာလ ၂၆ ရက္ေန႔ နနက္ ၈ နာရီခန္႔မွ စ၍ တိုက္ပြဲျဖစ္ပြားျခင္းေၾကာင့္ လူ ၃ ဦးေသဆံုးၿပီး ၆ ဦး ဒဏ္ရာရသြားခဲ့ျခင္းျဖစ္သည္။
“TNLA အဖြဲ႔ေတြက ကၽြန္မတို႔ရြာထဲဝင္လာၿပီး ဟိုေနရာ သည္ေနရာမွာ ေနရာယူၿပီး စစ္တပ္ကို ပစ္ခတ္တယ္။ အဲဒါနဲ႔ ခဏေနေတာ့စစ္တပ္က ေလယာဥ္နဲ႕ ႏွစ္ခါလာပစ္တယ္။ ကၽြန္မတို႔ကို အကာအကြယ္ယူၿပီးေတာ့ စစ္တပ္ကိုပစ္ခတ္တာ။ စစ္တပ္ကျပန္ပစ္ေတာ့ ကၽြန္မတို႔ ပုန္းေနတ့ဲေနရာအနီးကိုက်တယ္။ အဲဒါေၾကာင့္ ၃ ေယာက္ေသတာ” ဟု ကိုယ္တိုင္ေတြ႕ႀကံဳခ့ဲရသူ အမိ်ဳးသမီးက ေျပာသည္။
ေက်းရြာတြင္းျဖစ္ပြားသည့္ တုိက္ပြဲေၾကာင့္ အဆိုပါေက်းရြာမွ အမ်ိဳးသားသံုးဦး ေသဆံုးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ကြ်န္မအေဖလည္း ေသသြားၿပီ။ အစ္ကိုလည္း ေသသြားၿပီ။ အိမ္လည္းပ်က္စီးသြားတယ္။ အကို တစ္ေယာက္က ေဆးကုေနရတယ္။ အိမ္မွာေမြးထားတ့ဲ ႏြားေတြလည္းေသသြားတယ္။ ကြ်န္မလံုးဝ မေက်နပ္ဘူ “ ဟု မိသားစုမ်ားအား ဆံုးရႈံးခ့ဲရသည့္ ေဒသခံအမိ်ဳးသမီးက ေျပာသည္။
ေညာင္ေမာင္းေက်းရြာတြင္ အိမ္ေျခ ၁၀၀ ဝန္းက်င္ခန္႔ရွိၿပီး ထက္ဝက္ခန္႔မွာ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕သို႔ ထြက္ေျပးတိမ္း ေရွာင္လာၿပီး အမွတ္(၂)ရပ္ကြက္ နမ့္စစ္လင္း ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ခိုလံႈေနၾကေၾကာင္း သိရသည္။
“စစ္ျဖစ္တာကို မလိုလားပါဘူး။ ကြ်န္မတို႔ ကိုယ့္ဘာသာကိုယ္ ေအးေအးခ်မ္းခ်မ္းေနေနတာပါ။ ကၽြန္မတို႔ကို အကာအကြယ္ယူၿပီး တိုက္ခိုက္တာလည္းမေကာင္းပါဘူး“ ဟု ေညာင္ေမာင္းေက်းရြာမွ ထြက္ေျပးလာသူ အမိ်ဳးသမီးတစ္ဦးက ေျပာသည္။
ေညာင္ေမာင္းေက်းရြာေဒသခံမ်ားက TNLA သည္ ေက်းရြာတြင္ လာေရာက္ခိုေအာင္းၿပီး ေက်းရြာသားမ်ားအား အကာအကြယ္ယူကာ တုိက္ခိုက္သည္ဟု ေျပာဆိုမႈမ်ားရိွေနၿပီး ေက်းရြာမွ ထြက္ေျပးလာသည့္ စစ္ေဘးေရွာင္မ်ားႏွင့္အတူ TNLA တပ္ဖြဲ႕ဝင္အခ်ိဳ႕ ရုပ္ဖ်က္၍ လိုက္ပါ သတင္းယူေနသည္ ဟုဆိုကာ စိုးရိမ္မႈမ်ားလည္း ရိွေနၾကေၾကာင္း ေညာင္ေမာင္းေက်းရြာမွ ထြက္ေျပးလာသည့္ စစ္ေဘးေရွာင္မ်ားထံမွ သိရသည္။
အဆိုပါ တိုက္ပြဲေၾကာင့္ ေက်းရြာအတြင္းရွိ လူေနအိမ္ ၈ လံုးခန္႔ပ်က္စီးသြားခ့ဲၿပီး ေညာင္ေမာင္း ဘုန္းေတာ္ႀကီးေက်ာင္းရွိ စားဖိုေဆာင္တစ္လံုး၊ ဇရပ္တစ္လံုးႏွင့္ ဆြမ္းစားေက်ာင္းလည္း အနည္းငယ္ထိခိုက္မႈရွိခ့ဲေၾကာင္း သိရသည္။
ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးရှိ ညောင်မောင်းကျေးရွာတွင် TNLA လက်နက်ကိုင်တပ်နှင့် တပ်မတော်တို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နနက် ၈ နာရီခန့်မှ စ၍ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။
“TNLA အဖွဲ့တွေက ကျွန်မတို့ရွာထဲဝင်လာပြီး ဟိုနေရာ သည်နေရာမှာ နေရာယူပြီး စစ်တပ်ကို ပစ်ခတ်တယ်။ အဲဒါနဲ့ ခဏနေတော့စစ်တပ်က လေယာဉ်နဲ့ နှစ်ခါလာပစ်တယ်။ ကျွန်မတို့ကို အကာအကွယ်ယူပြီးတော့ စစ်တပ်ကိုပစ်ခတ်တာ။ စစ်တပ်ကပြန်ပစ်တော့ ကျွန်မတို့ ပုန်းနေတဲ့နေရာအနီးကိုကျတယ်။ အဲဒါကြောင့် ၃ ယောက်သေတာ” ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ အမျိုးသမီးက ပြောသည်။
ကျေးရွာတွင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် အဆိုပါကျေးရွာမှ အမျိုးသားသုံးဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်မအဖေလည်း သေသွားပြီ။ အစ်ကိုလည်း သေသွားပြီ။ အိမ်လည်းပျက်စီးသွားတယ်။ အကို တစ်ယောက်က ဆေးကုနေရတယ်။ အိမ်မှာမွေးထားတဲ့ နွားတွေလည်းသေသွားတယ်။ ကျွန်မလုံးဝ မကျေနပ်ဘူ “ ဟု မိသားစုများအား ဆုံးရှုံးခဲ့ရသည့် ဒေသခံအမျိုးသမီးက ပြောသည်။
ညောင်မောင်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ထက်ဝက်ခန့်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်း ရှောင်လာပြီး အမှတ်(၂)ရပ်ကွက် နမ့်စစ်လင်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနကြေကြောင်း သိရသည်။
“စစ်ဖြစ်တာကို မလိုလားပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်းနေနေတာပါ။ ကျွန်မတို့ကို အကာအကွယ်ယူပြီး တိုက်ခိုက်တာလည်းမကောင်းပါဘူး“ ဟု ညောင်မောင်းကျေးရွာမှ ထွက်ပြေးလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ညောင်မောင်းကျေးရွာဒေသခံများက TNLA သည် ကျေးရွာတွင် လာရောက်ခိုအောင်းပြီး ကျေးရွာသားများအား အကာအကွယ်ယူကာ တိုက်ခိုက်သည်ဟု ပြောဆိုမှုများရှိနပြေီး ကျေးရွာမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များနှင့်အတူ TNLA တပ်ဖွဲ့ဝင်အချို့ ရုပ်ဖျက်၍ လိုက်ပါ သတင်းယူနေသည် ဟုဆိုကာ စိုးရိမ်မှုများလည်း ရှိနကြေကြောင်း ညောင်မောင်းကျေးရွာမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များထံမှ သိရသည်။
အဆိုပါ တိုက်ပွဲကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၈ လုံးခန့်ပျက်စီးသွားခဲ့ပြီး ညောင်မောင်း ဘုန်းတော်ကြီးကျောင်းရှိ စားဖိုဆောင်တစ်လုံး၊ ဇရပ်တစ်လုံးနှင့် ဆွမ်းစားကျောင်းလည်း အနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။