ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ဟူးကြက္ေက်းရြာအုပ္စု က်ိန္းေလာေက်းရြာေန ေဒသခံတစ္ဦးအား ေဖေဖာ္ဝါရီ (၇)ရက္ေန႔က RCSS မွ သတ္ျဖတ္ခဲ့သည္ဟု TNLA သတင္းႏွင့္ ျပန္ၾကားေရးမွ ထုတ္ျပန္ခ်က္မွာ မဟုတ္မွန္ေၾကာင္း RCSS ( ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ) ၏ ေျပာေရးဆိုခြင့္ရွိသူက ျငင္းဆိုလိုက္သည္။
“ဒါကေတာ့ သူတို႔ေျပာေနက် ကိစၥေတြပါ။ အေျခအျမစ္ မရွိတာေတြကို ေလွ်ာက္ေလွ်ာက္တင္ေနတဲ့ ကိစၥေတြပါ။ အဲဒီလိုမ်ိဳး လက္လြတ္စပယ္နဲ႔ လုပ္တဲ့အပိုင္းေတြ ကြ်န္ေတာ္တို႔တပ္သားေတြမွာ မရွိပါဘူး။ အဲဒီကိစၥ လံုးဝမဟုတ္ပါဘူးလို႔ပဲ ေျပာခ်င္ပါတယ္”ဟု RCSS ဗဟိုဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီး စိုင္းငင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေဒသတြင္းရွိ ေဒသခံျပည္သူမ်ားအား မေတာ္မတရား မလုပ္ေစရန္ RCSS တပ္ဖြ႔ဲဝင္မ်ားအား စည္းမ်ဥ္း စည္းကမ္းမ်ားျဖင့္ ျပင္းျပင္းထန္ထန္ တားျမစ္ထားေၾကာင္း ၎ကေျပာသည္။
ေဖေဖာ္ဝါရီလ (၇) ရက္ေန႔က က်ိန္းေလာေက်းရြာမွ အသက္(၆၂)ႏွစ္အရြယ္ ေဒသခံအမ်ိဳးသားတစ္ဦးအား RCSS တပ္ဖြဲ႔ဝင္မ်ားက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ ျမွဳပ္ႏွံခဲ့ၿပီး အေလာင္းအား သြားေရာက္ ယူေဆာင္သည့္ ေဒသခံမ်ားကို ေငြက်ပ္ (၄)သိန္းႏွင့္ ဆန္(၃)ပိုင္းေပးကာ ျပန္လႊတ္ခဲ့သည္ဟု ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔တြင္ TNLA (တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္) သတင္းႏွင့္ျပန္ၾကားေရးဌာနမွ သတင္းထုတ္ျပန္ထားခဲ့ျခင္း ျဖစ္သည္။
ယင္းကဲ့သုိ႔ ေဒသတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ႏွစ္ခုအၾကား အျပန္အလွန္စြပ္စြဲမႈမ်ား မၾကာခဏျဖစ္ေနသျဖင့္ ညွိႏႈိင္းမႈမ်ားျပဳလုပ္သြားရန္ RCSS က ႀကိဳးပမ္းေနေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ဖက္က ေဆြးေႏြးဖို႔ဆိုတာ အၿမဲတမ္း တံခါးဖြင့္ထားၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ အေၾကာင္းေၾကာင္းေတြေၾကာင့္ မေတြ႕ျဖစ္ေသးတာပါ။ ႀကိဳးစားေနတဲ့အဆင့္ပဲ ရွိပါေသးတယ္။ ႀကိဳးစားေနတဲ့အဆင့္ေပါ့။ ညႇိေနတာေပါ့ေနာ္။ မူအားျဖင့္ေတာ့ ေတြ႔ဖို႔ ႏွစ္ဖက္သေဘာတူထားတာ ရွိပါတယ္။ ဒါေပမဲ့ ေနရာတို႔ ေန႔ရက္တို႔ အဲဒါမ်ိဳးေတာ့ ညႇိလို႔မရေသးတဲ့ အေျခအေနမွာပဲ ရွိေနပါေသးတယ္”ဟု RCSS ဗဟိုဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီး စိုင္းငင္းက ေျပာသည္။
လက္ရိွတြင္ ႏွစ္ဖက္တပ္ဖြဲ႕မ်ားအၾကား တုိက္ရိုက္ဆက္သြယ္မႈ မရိွေသးဘဲ ၾကားခံမွတစ္ဆင့္ ဆက္သြယ္ ညိႇႏိႈင္းေနေၾကာင္း သိရသည္။
သတင္း - #ေနၿဖဳိးျမင့္
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ကျိန်းလောကျေးရွာနေ ဒေသခံတစ်ဦးအား ဖေဖော်ဝါရီ (၇)ရက်နေ့က RCSS မှ သတ်ဖြတ်ခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်း RCSS ( ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ)၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်သည်။
“ဒါကတော့ သူတို့ပြောနေကျ ကိစ္စတွေပါ။ အခြေအမြစ် မရှိတာတွေကို လျှောက်လျှောက်တင်နေတဲ့ ကိစ္စတွေပါ။ အဲဒီလိုမျိုး လက်လွတ်စပယ်နဲ့ လုပ်တဲ့အပိုင်းတွေ ကျွန်တော်တို့တပ်သားတွေမှာ မရှိပါဘူး။ အဲဒီကိစ္စ လုံးဝမဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်”ဟု RCSS ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသတွင်းရှိ ဒေသခံပြည်သူများအား မတော်မတရား မလုပ်စေရန် RCSS တပ်ဖွဲ့ဝင်များအား စည်းမျဉ်း စည်းကမ်းများဖြင့် ပြင်းပြင်းထန်ထန် တားမြစ်ထားကြောင်း၎င်းကပြောသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့က ကျိန်းလောကျေးရွာမှ အသက်(၆၂)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးအား RCSS တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် မြှုပ်နှံခဲ့ပြီး အလောင်းအား သွားရောက် ယူဆောင်သည့် ဒေသခံများကို ငွေကျပ် (၄)သိန်းနှင့် ဆန်(၃)ပိုင်းပေးကာ ပြန်လွှတ်ခဲ့သည်ဟု ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်) သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုအကြား အပြန်အလှန်စွပ်စွဲမှုများ မကြာခဏဖြစ်နေသဖြင့် ညှိနှိုင်းမှုများပြုလုပ်သွားရန် RCSS က ကြိုးပမ်းနေကြောင်း သိရသည်။
“ကျွန်တော်တို့ဖက်က ဆွေးနွေးဖို့ဆိုတာ အမြဲတမ်း တံခါးဖွင့်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် မတွေ့ဖြစ်သေးတာပါ။ ကြိုးစားနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကြိုးစားနေတဲ့အဆင့်ပေါ့။ ညှိနေတာပေါ့နော်။ မူအားဖြင့်တော့ တွေ့ဖို့ နှစ်ဖက်သဘောတူထားတာ ရှိပါတယ်။ ဒါပေမဲ့ နေရာတို့ နေ့ရက်တို့ အဲဒါမျိုးတော့ ညှိလို့မရသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်”ဟု RCSS ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ရိုက်ဆက်သွယ်မှု မရှိသေးဘဲ ကြားခံမှတစ်ဆင့် ဆက်သွယ် ညှိနှိုင်းနေကြောင်း သိရသည်။
သတင်း - #နဖြေိုးမြင့်