ဒေါက်တာခင်စည်သူ (ကယားပြည်နယ် NLD

ဒေါက်တာခင်စည်သူ (ကယားပြည်နယ် NLD
ဧပြီ 21, 2017
By Tachileik News Agency

ဒေါက်တာခင်စည်သူ (ကယားပြည်နယ် NLD ဥက္ကဌ )

TNA ။  ။ အခု NLD ပါတီရဲ့တာဝန်ကနေ ရပ်နားခံရတယ်လို့ သိရတယ်ခင်ဗျ ဘယ်လိုကိစ္စတွေကြောင့် ရပ်နားခံရတာလဲ ခင်ဗျ ။

Dr ။    ။ အဲ့ဒါကတော့ ကျွန်မပြောရမယ်ဆိုရင် နည်းနည်း အစဆုံးပြောမှ နားလည်မှာမို့ နည်းနည်းတော့ ရှည်သွားမယ် ကျမကလည်းရှင်းပြချင်တာပေါ့ ကျွန်မတို့ ဒီကိုယ်စာလှယ်လောင်းတွေကို ဖရူဆိုမြို့နယ်ထဲက လျှောက်ထားတဲ့ သူတွေကို ပါတီဗဟိုက ရွေးလိုက်တာပေါ့။ ရွေးတဲ့အခါမှာ ဦးလွီးဇီကတော့ ကျွန်မတို့ ဒီပါတီထဲကတော့ မဟုတ်ဘူး ဘယ်အချိန်မှ သိရလဲဆိုရင် သူ့လျှောက်လွှာပေါ့ ရွေးချယ်တဲ့ ကိစ္စလေးပေါ်မှာ ပြောရလို့ချင်ရင် ဒီရွေးချယ်မှု့ကို ကျမတို့က မြို့နယ်ရယ် ၊ ခရိုင်ရယ် ပြည်နယ်ရယ် အဆင့်ဆင့်ရွေးပြီးမှ ကျမတို့ ဗဟိုကို ပို့ရတာ ။အဲ့ဒီ မြိုကနယ်ကော ခရိုင်ကော၊ပြည်နယ်ကော သုံးခုအဆင့်က မြို့နယ်က ရွေးထားတဲ့ သုံးယောက် ကိုပဲ ကျမတို့က (၁, ၂,၃ ) ဆီလျှော်အောင် ကျမတို့ကပြောင်းပိုင်ခွင့်ပဲ ရှိတယ် အဓိကရွေးချယ်တာက မြို့နယ် သုံးယောက်ပေါ့ သုံးယေက်ကို အလဲလှယ်မလုပ်ရဘူးလို့ ဆိုလိုတာပေါ့ မြို့နယ်က တင်တာကို အလဲလှယ်မလုပ်ရဘူး ။ အဲ့ဒါကိုရွေးဖို့ ဗဟိုကိုပို့ရမယ့် ဒိတ်က ၂၃ ရက် ညနေ လေးနာရီကို နောက်ဆုံး ထားပြီး ပို့ရမှာ ။ကျမက နေပြည်တော် မှာနေနေရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ဖြစ်တဲ့ အတွက် ကျမက ကြိုပြီး ခွင့်တင်ပြီးတော့ ပြန်လာရတာ ဘာလို့လဲဆိုတော့ မြို့နယ်က မပို့လာသေးတော့ ကျမတို့ကတော့ ပို့ဖို့ပြောထားပြီးသား အဲ့ဒါကိုမပို့သေးတဲ့ အတွက် ကျမက ၁၉ ရက်နေ့မှာ ပြန်တယ် ပြန်တော့ လွိုင်ကော်ရောက်တော့ မေးကြည့်တော့ မြို့နယ် ဥက္ကဌ ဖြစ်တဲ့ ဦးပဲ့ဒူက နေပြည်တော်ကတောင် ပြန်မလာသေးဘူး အဲ့တော့ ကျမဖုန်းဆက်ခေါ်တယ် လာပါဆိုတာတောင် သူက ကားလက်မှတ်မနက်ဖြန် သွားကြည့်အုံးမယ်ဆိုတာပြောတယ် ၁၉ ရက်နေ့ကိုကျမပြောပြီးပြီး အဲ့ဒါကို မဟုတ်ဘူး ချက်ချင်း ပြန်လာပါ ဆိုတော့မှ ပြောမှ သူက ရတဲ့ချိန်ကားနဲ့ ပြန်မယ် ဆိုပြီး သူပြန်လာတယ် ပြန်လာပြီးတော့ ကျမတို့ ၂၁ ရက်နောက်ကျဆုံးပြီးအောင်ရွေးပေးပါပေါ့နော် မြိုကနယ်အဆင့်အနေနဲ့ ဒါမှ ခရိုင်ကို သွားရတဲ့ အချိန် ပြီးရင် ပြည်နယ် ပြန်တတ်မယ့်အချိန် နဲ့ဆိုရင် ၂၃ ရက်နေ့ကို ကျမတို့က ၂၂ ရက်နေ့ကတည်းက တင်ချင်တယ် လုပ်ပြီးသား ဖြစ်စေချင်တယ်ပေါ့နော် ဒါတောင်တော်တော် နောက်ကျနေပါပြီ အဲ့ဒါကို သူကစိတ်လည်းဆိုးတယ် ကျမက ခေါ်လို့ ကြိမ်စကြာနဲ့ ရိုက်တယ်ဆိုပြီးမှ စကားများရသေးတယ် နောက် ဖရူဆိုမြို့နယ် ရောက်ပြီးတော့လည်း မြန်မြန်လုပ်ပါ ဆိုတာကို ကျနော်တာဝန်ယူတယ် ကျနော်ပိုင်တယ်ဆိုပြီးတော့မှ ဘယ်ရက်မှရောက်လည်း ဆိုရင် ခရိုင်ကို ၂၂ ရက်နေ့ နေ့လည် ၂ နာရီခွဲမှ ရောက်တာ ဆိုတော့ နောက်ဆုံး တင်ရမှာက ၂၃ ရက် ဒါအဖွဲ့ချုပ်က မရွေသေးခင် ဖြစ်စဉ် အဲ့တော့ ခရိုင်က စောင့်နေတယ် ငုတ်တုတ် သူတို့အစည်းဝေးထိုင်တယ် နှစ်နာရီခွဲမှရောက်တယ် ပြီးတော့မှ သူတို့ရွေးချယ်တယ် ကျမတို့ ပြည်နယ်အဆင့် EC ကလည်းငုတ်တုတ်ထိုင်စောင့်နေတယ် အဲ့တော့ ည ၇ နာရီခွဲမှရောက်တယ် ၂၂ ရက်နေ့ ည၇နာရီခွဲမှ ရောက်တယ် အဲ့ဒီမှာလည်း ကျမတို့ရွေးချယ်မှု့မှာ ဘာပြသနာ ရှိလည်းဆိုရင် သုံးယောက်ရွေးပါလို့ ပြောလိုက်တဲ့ ဟာကို နှစ်ယောက်ပဲ တင်လာတယ် တင်လာတယ်ဆိုတာ လူမရှိတာလားဆိုတော့ ပိုနေတဲ့ ဖောင်တွေလည်းအများကြီး ဒါပေမယ့် နှစ်ယောက်ပဲ သူတို့ရွေးတယ် ဘာဖြစ်လို့လဲဆိုရင် အားလုံးသူတို့မြို့နယ် EC တွေမှာ မဲပေးကြပါလို့ပြောတာ ဒီနှစ်ယောက်ပဲ ပေးလို့ ကျန်တဲ့ တစ်ယောက်ကို လုံးဝမပေးလို့ဆိုပြီး တော့မှ နှစ်ယောက်ကိုရွေးပြီးတော့မှ ကျန်တဲ့ ဖောင်တွေအကုန်လုံး ခရိုင်ကို Forward လုပ်တယ် ခရိုင်ကလည်း လမ်းညွှန်ချက်ထဲမှာ သူတို့ကသုံးယောက်ဆိုပြီးမှ သူတို့ကလည်း နောက်ထပ်တစ်ယောက်ကို စောင့်လိုက်တာပေါ့ ။စောင့်လိုက်ပြီးမှ သူတို့ရွေးချယ်တယ် ရွေးချယ်ပြီးမှ အဲ့ဒီသုံးယောက် ထဲမှ ကျမတို့ကိုပို့တာပေါ့ ကျွန်မတို့ လည်းဒီဟာပဲ အသစ်လည်းထည့်လို့မရဘူးလေ သုံးယောက်လည်းပြည့်ပြီပေါ့ သို့သော်လည်း မြို့နယ်က တင်လာတာက နှစ်ယောက်ပဲ ခရိုင်က ပို့လာတာက သုံးယောက်ဆိုတော့ ကျွန်မ တို့ကဂျန့်ဖြစ်နေတယ် အသစ်လည်းမထည့်ရဘူးလို့ ပြောတဲ့ အခါ ကျွန်မတို့ကအဖွဲ့ချုပ်ကို ဆက်တယ် ဦးညဏ်ဝင်းကော ဦးဟံသာမြင့်ကိုကော ဆက်တယ် ဒါမယ့် အဆက်သွယ်မရဘူးလေ မရတော့ ဦးဝင်းထိန် ပဲဆက်သွယ်လို့ရတယ် အဲ့ဒါဆက်တယ်ဆိုတာလည်း ကျွန်မတို့အစည်းဝေးလုပ်တုန်း ကို ဘယ်လိုလုပ်ရမလဲ မသိလို့ ဖုန်းကို ဖွင့်ပြီးတော့မှ ကျမတို့ပြည်နယ် EC တစ်ဖွဲ့လုံး ကနားထောင်ပြီးတော့မှ မေးတာကို ဦးဝင်ထိန်က သုံးယောက် ရွေးပါဆိုတော့ ကျွန်မတို့က သုံးယောက်ကိုရွေးရတာ ရွေးရတော့ မြို့နယ်က ရွေးလာတာက နှစ်ယောက် ခရိုင်က တစ်ယောက်လိုတယ်ဆိုပြီး အမျိုးသမီးတစ်ယောက်ကို ထည့်တယ် အဲ့တော့ ကျမတို့ရွေးတာက ၁ ကကျွန်မတို့EC ထဲကအတွင်းရေးမှူး ၂ ကအမျိုးသမီးတစ်ယောက် ၃ ကတော့ ဦးလွှီးဇီပေါ့ အဲ့တော့ ကျွန်မတို့မှာက မြို့နယ်အတွင်းရေးမှူး ဆိုတဲ့တစ်ယောက်ကိုပဲ သိတာ ကျန်တဲ့ နှစ်ယောက်က NLD ပါတီဝင်တွေ မဟုတ်တော့ မသိဘူး သူတို့ပို့လာတာကလည်း ၂၂ ရက်ဆိုတော့ ဘယ်နား သွားစုံစမ်းမတုန်း ပါတီဝင်မဟုတ်ပေးမယ့် ပါတီဝင်အဖြစ်လျှောက်ထားဆဲ ဆိုတဲ့ ဖောင်လေးနဲ့ တတ်လာတော့ ကျမတို့က ညတွင်းချင်း လည်းရွေးရမှာဖြစ်တော့ သူတို့ရဲ့ ဖောင်တွေကိုပဲ သေချာဖက်ပြီး မဲပေးရွေးရတာပေါ့ အဲ့မှာ ကျမတို့သိတဲ့ မြို့နယ် အတွင်းရေးမှူး ဆိုတဲ့ တစ်ယောက်ကို ခရိုင်းကရွေးပေမယ့် ကျမတို့က မရွေဘူး ဘာလို့လဲဆိုသူက ပါတီနဲ့ ပက်သက်တာကော အစည်းဝေးတွေကအစ တစ်ခါမှမတတ်သလို မပါဝင်ဘူး ကျွန်မတို့က တကယ်အလုပ်လုပ်တဲ့ သူကိုပဲ လိုချင်တာလေ အဲ့တော့ သူက နံပတ် ၃ ဖြစ်သွားတယ် လွှီးဇီကလည်း ကုန်သည်ဆိုတာလောက်ပဲသိတယ် နောက်တစ်ယောက်ကတော့ သူနာပြုလုပ်တယ်ပေါ့နော် အပြင်မှာလုပ်တာ တိုင်းရင်းသား လူငယ် အမျိုးသမီးပေါ့ အမေစု ပြောတဲ့ထဲလည်းပါနေတာလေ အရည်ချင်းတူရင် လူငယ်တိုင်းရင်းသား အမျိုးသမီးကို ဦးစားပေးဆိုတော့ ကျမတို့က ညှိကိုမညှိပဲနဲ့ လျှို့ဝှတ်မဲနဲ့ရွေးတယ် အဲ့ပြည်နယ် EC ကဆယ်ယောက်လာတယ် မဲပေးရွေးတာပေါ့ ကိုးမဲ ကအမျိုးသမီးရတယ် လွီးဇီက တစ်ယောက်ပဲရတယ် အဲ့တော့ ကျမတို့မှရွေးလိုက်တာက ပထမက အမျိုးသမီး ဒုတိယက ဦးလွီးဇီ တတိယ ကအတွင်းရေးမှူးပေါ့ ဗဟိုကပို့လိုက်တယ် ဗဟိုက ဦးလွီးဇီကိုရွေးသွားတယ် ဗဟိုကလည်း ပြောပြီးသာလေ ဘယ်လိုရွေးလာရွေးလာ အဆုံးဖြက်သည် ဗဟိုကပဲ လို့ပြောပြီးသာ ကျမတို့ ည ၈နာရီကျော်မှ ပြီးတယ် ရွေးတာ လိုင်းကာလည်းမရှိတော့ဘူး အဲ့ဒါ တနင်္ဂနွေနေ့ မနက်ဖြန် ၂၃ ရက်ဆိုတာ တနလာင်္နေ့ ညနေလေးနာရီ အမှီပို့ရမှာ အဲ့တော့ ဘယ်လိုလုပ်သွားပို့မလဲ ကျမတို့ လွှတ်တော်တတ်ရအုံးမယ် တနင်္လာဆို ပြီးတော့ ကျမကလည်း ကြယ်ပွင့်ပြမေးခွန်းက လည်းပါတယ် အဲ့ဒါနဲ့ ကျမတို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးကို အကူညီတောင်းတော့ ကားပေးတယ် ဒရိုင်ဘာပေးတယ် အဲ့ဒါနဲ့ ကျွန်မတို့ညကြီးသွားတော့ မနက်လေးနာရီထိုး နေပြည်တော်ကိုရောက်တယ် မနက် ခြောက်နာရီထိုးတော့ ကျမတို့မှာ ပံ့ပိုးယူနစ်ရှိတယ် လွှတ်တ်ာကိုယ်စာလှယ်များရဲ့ ပံ့ပိုး ကူညီတဲ့ အဖွဲ့တစ်ခုရှိတယ် အဲ့မှာက ဒေါင်းလော့ လုပ်ပေးတယ် စာရိုက်ပေးတယ် ပရင့်ထုတ်ပေးတယ် ကျွန်မက အဲ့မှာ စကန်သွားဖက်တယ် စကန်ကတစ်ရွက် နှစ်ရွက်မဟုတ်ဘူးလေ ကျမတို့ သူတို့ရဲ့ လျှောက်လွှာတွေ ကိုယ်ရေးအကျဉ်းတွေ ရွေးခံရတဲ့သူကော မခံရတဲ့ သူကောအကုန်လုံးကို ဖက်ရတော့ ကျွန်မ မနက်ရှစ်နာရီလောက်မှ ပြီးတယ် ကျမတို့ ကားဖယ်ရီပေါ် ရှစ်နာရီခွဲရောက်ရတယ် ကျွန်မရဲ့ ကြယ်ပွင့်ပြမေးခွန်းကို တောင်ဘာမှပြန်မလေ့လာရဘူး အဲ့ဒါ လွှတ်တော်ထဲရောက်တဲ့ခာကျတော့ ကျွန်မတို့ ကဒ်သွားထုတ်တယ် ကဒ်သွားထိုးတယ်ပြီးတော့ ဟိုး..အနောက်ဆုံးမှာထိုင်ပြီးတော့ စကန်ဖက်ထားတာကို စတစ်ထဲထည့်ပြီး ဒီထဲမှာထိုးပြီးတော့ ကျွန်မပို့ရတာ ပို့ရတော့ လွှတ်တော်မှာ ခောင်းလောင်းခောက်လိုက်ပြီ ဆိုတာနဲ့ ပြီးတာပဲ အဲ့မှာပြီးသွားတာ အကုန်ရောက်တယ်ဆိုတော့ ကျွန်မမှာ အချိန်မှီရောက်သွားတယ်ပေါ့ ဒါတောင် ဆော့ကောပီပဲရောက်တယ် ဟက်ကော်ပီမရောက်ဘူး ရတယ် သူတို့ပြန်ထုတ်ပေးပါမယ်ဆိုတော့ မနက်ဖြန်မှာ ဟက်ကော်ပီ ကို ပို့တယ် ဆိုလိုတာက ဒီပရောဆက် ကိုကျွန်မတို့ ခက်ခက်ခဲခဲ လုပ်ရတာ အဲ့တော့ ဘယ်သူ့ရဲ့အားနည်းချက်လဲ ဆိုတာ နည်းနည်းစဉ်းစားကြည့်လိုက်တော့ ကျွန်မ ဘယ်သူဘယ်ဝါကို အပြစ်တင်တာမပါဘူး အမှန်ပဲပြောပြမှာနော် အဲ့တော့ အဲ့ကိုရောက်သွားပြီ ဆိုတော့ ပြသနာမရှိတော့ဘူး ဗဟိုကလည်းရွေးလိုက်တယ် ရွေးတာက ၂၈ ရက်ဒိတ်နဲ့ စာထွက်တယ် ဦးလွီးဇွီကိုသည် ကြားဖြက်ရွေးကောက်ပွဲ ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွက် NLD ကကိုယ်စာလှယ်လောင်း ဖြစ်တယ်ဆိုတာကို ထောက်ခံပါသည်ဆိုတဲ့ စာပို့လာတယ် ဘာနဲ့ပို့လဲဆို ကျွန်မကို VIBER နဲ့ပို့လာတယ် ၂၉ ရက်နေ့ညနေ ရောက်လာတော့ ၃၀ ရက်နေ့ မနက်မှာ ဦးပဲ့ဒူ ကိုကျွန်မကပို့တယ် သူလည်းလွှတ်တော်ကိုယ်စာလှယ်လေ အဲ့တော့ လွှတ်တော်မှာ ကျွန်မက တွေ့တော့ ဦးပဲ့ဒူ ကျွန်မကတော့ ပို့လိုက်ပြီနော် မျက်နှာချင်းဆိုင်တွေ့ပြီးပြောတာနော် တိုးတိုးတိတ်တိတ်ခိုးပို့တာမဟုတ်ဘူး ကျွန်မကိုလည်း VIBER နဲ့ပို့ထားတော့ သူလည်း viber သုံးတော့ အဲ့ကနေပဲ ပို့လိုက်တာ အဲ့လိုကျွန်မပြောလိုက်တော့ သူကပြောတယ် သူကတော့ စာရွက်ပဲပို့ချင်တယ် တဲ့ အဲ့တော့ ခုဏကျွန်မပြောတဲ့ ပံ့ပိုးယူနစ်ရှိတယ်လေ သူနဲ့မျက်စောင်းထိုးလေးပဲ အဲ့မှာ သွားထုတ်ပြီး လူကြုံနဲ့ပို့တော့ဆိုတော့ ဟုတ်ကဲ့ ဆိုပြီးတော့ အဲ့ဒါပြောပြီးသား ၃၀ ရက်နေ့ ရောက်တာက ၂၉ ရက် ၃၀ ရက်နေကမှာ ပိုလိုက်ပြီ နောက်ဆုံးတင်ရမှာက ၇ ရက်နေ့လေ အဲ့တော့ ကျွန်မက ၆ ရက်နေ့ကျတော့ ကျွန်မ ထပ်မေးတယ် ရောက်ပြီလားဆိုတော့ မရောက်သေးဘူး အမကြီးတဲ့ အဲ့ဒါနဲ့ထပ်ပို့ရော ၇ ရက်နေ့မနက် လွှတ်တော်မှာ ထပ်တွေ့တော့ ပို့ပြီးပြီလားလို့ မေးလိုက်တဲ့ခါကျတော့ သူကဘာပြောလဲဆိုတော့ ဘာမှမရောက်ဘူးတဲ့ အဲ့ဒါနဲ့ ဟာမဟုတ်တော့ဘူး ဆိုပြီးတော့ သူ့ဖုန်းကို လုလိုက်လို့ ပြောပြီး ကျွန်မတို့ ယူကြည့်ပြီး အင်တာနတ် ဖွင့်ဆိုတော့ သုံးခုစလုံးရှိတယ် ဒါ ၇ ရက်မနက်ရောက်ပြီ အဲ့ဒါနဲ့ မြန်မြန်ပို့ ညနေလေးနာရီ နောက်ဆုံးပဲလို့ ပြောလိုက်တယ် သူဒီလိုမျိုးကြီးလုပ်နေတာ ကျွန်မထင်တာ သူဖုန်းနဲ့များ ပြောပြီးပြီလားလို့ ဒါလည်းဒီ ထောက်ခံစာမပါရင်ရမှမရတာ အဲ့ဒါက ဒီအပိုင်းပေါ့ အဲ့တော့ သူအမပေးတဲ့ အခါကျတော့ ရှစ်ရက်နေ့မှာ ကျွန်မကို ဦးဝင်းထိန်က ခေါ်တယ် သိပြီးပြီလားဆိုတော့ ကျွန်မလည်း ဟုတ်တယ် သိပြီးပြီဖုန်းရတယ် ကိုယ်စာလှယ်လောင်း အမည်စာရင်းမတင်ရသေးလို့ မပါလာဘူး လို့ပြောတော့ အဲ့ဒါပဲ ပြောချင်တာက ခင်ဗျားကော ဦးပဲ့ဒူကော တာဝန်ရှိတယ် ကျုပ်လည်းတာဝန်ရှိတယ် အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်ဆိုပြီး အဲ့ဒါပါပဲဗျာ ပြောချင်တာက အဲ့ဒါပဲ တင်ခိုင်းလိုက်ပါ နောက်ကျရင်လည်း တင်ပါစေ ဆိုပြိး အဲ့ဒါနဲ့ ဒီပြည်နယ်ကို ကျွန်မ ဦးအောင်ကျော်ဌေးကို ဖုန်းဆက်တယ် အဲ့ဒါလေးလုပ်ပေးပါဆို ဖုန်းဆက်ရတာ အဲ့ဒါလည်း ခက်ခက်ခဲခဲပဲ မရဘူး နောက်မှ ရတဲ့ကျတော့လည်း ဘာမှ အဆင်သင့်မရှိဘူး ဘာမှအဆင့်မရှိဘဲ လုပ်ပေးရပြီးမှ ဦးပဲ့ဒူကိုညကြီး ရှစ်ရက်နေ့ည ဒီကတောင်မှ သူအဲ့ပံ့ပိုးယူနစ် ကိုသွားပြီးပို့ရတာ အဲ့တော့ ၉ ရက်နေ့မှာသွားတင်တယ်ရမလား အဲ့ဒါဆိုရင် ကျွန်မက ပျက်ကွက်တာလား ဘယ်သူပျက်ကွက်တာလဲ ကာယံကံရှင်လဲ သူကိုယ်စာလှယ်လောင်း ဖြစ်နေပြီလေ လျှောက်လွှာသွားယူရမှာက ကျွန်မတို့ ယူရမှာမဟုတ်ဘူး အစားသွားယူလို့လဲမရဘူး ကော်မရှင်ကလဲ မပေးပါဘူး သွားယူတဲ့ခါကျရင် ဓါတ်ပုံလိုမယ် ဘယ်လိုလက်ရေးနဲ့မရေးရဘူး တို့ဘာတို့ ပေါ့နော် ကျွန်မတို့တုန်းကလည်း အခက်ခဲရှိခဲ့တာပဲ အဆင့်ဆင့်လုပ်ပြီးမှ ကော်မရှင်က လက်ခံတဲ့ထိ ပြင်လိုက်လုပ်လိုက်နဲ့ ဖောင်တင်ရတာ ငွေသွင်းတာရော ကျမ်းကြိမ်တာရော ကိုယ်တိုင်ပဲ လုပ်ရတာ ကိုယ်စားဘာမှ လုပ်လို့မရဘူး ဆိုတော့ သူက ကိုယ်စာလှယ်လောင်းလေ တိုင်းပြည်ကို ကိုယ်စားပြုမယ့် ကိုယ်စာလှယ်လောင်းတစ်ယောက်က ဒီဖောင်လေးတောင် လိုက်ယူပေးရမယ့် ပုံစံကမဟုတ်ဘူးထင်တယ်လေ ဒါက သူ့ဖက်အပိုင်း ကျွန်မ မျှမျှတတပြောကြည့်တာပါ အဲ့ဒါနဲ့ မရတော့ဘူး သူကိုယ်စာလှယ်လောင် ရွေးခံရပြီဆိုကတည်းက ကျွန်မတို့ဖုန်းဆက်တယ် တစ်ခါမှမရဘူး အဲ့ဒါနဲ့ ပြီးသွားရော တစ်ဆင့် ပြီးသွားတော့ ကျွန်မတို့ကို ဗဟိုက ခေါ်စစ်ပါတယ် ဘုတ်ဖွဲ့ထားတာ ဦးညဏ်ဝင်း၊ ဒေါက်တာမျိုးညွှန့် ၊ဦးကျော်ဟိုး ရှေ့နေ သုံးယောက် ကျွန်မတို့ကိုခေါ်စစ်တယ် ဘယ်သူ့ကို ခေါ်စစ်လဲဆို ပြည်နယ်ဥက္ကဌ ခရိုင်ဥက္ကဌ မြို့နယ် ဥက္ကဌ ပြီးရင် ကာယံကံရှင်ကို ခေါ်တယ် ကျွန်မတို့သုံးယောက်က သွားတယ် ကယယံကံရှင်ကမလာဘူး ဘာလို့လဲဆို သူ့အမေဆုံးနေလို့ ဒာပေမယ့် သူက viber နဲ့တော့ အချက်လတ်ပို့တယ် ပထမဆုံး မြို့နယ်ကို စစ်တယ်ပြီးတော့ ခရိုင် ပြီးတော့ ပြည်နယ် ပြည်နယ်ကိုကျတော့ ကျွန်မကိုစစ်တော့ ကျွန်မလည်းပြောတာပေါ့ သုံးဆင့်ပို့တယ်ဆိုတော့ ဦးညဏ်ငြ်းကော ဘုတ်အဖွဲ့က ဘာပြောလဲဆို ခင်ဗျား ပို့တာလည်းသူဝန်ခံတယ် ပို့တာလည်းရတယ် သူမလုပ်တတ်ဘူး တဲ့ ပို့ဖို့တဲ့ အဲ့လိုပြောတယ် အဲ့ဒါနဲ့ ကျွန်မ ပြောပြီးသွားပြီလေ ပထမအကြိမ် ၃၀ ရက်နေ့ကတည်းက ပံ့ပိုးတဲ့ယူနစ်မှာသွားပြီးပရင့်အောက်ထုတ်ပြီး ဟက်ကော်ပီကို လူကြုံနဲ့မြန်မြန်ပို့လို့ ကျွန်မပြောခဲ့တာပဲ အဲ့ဒါသူထည့်မပြောတော့လည်း မတတ်နိုင်ဘူး ဒါအမှန်တရားပဲ လို့ အဲ့လိုပဲ ပြောလိုက်တယ် သိပ်ရှည်ရှည်ဝေးဝေးလည်း မပြောပါဘူး ခုဏက ပရောဆက်ကို ပြောပြတယ် သူဝန်ခံတယ် ဒါပဲ နောက်တစ်ခေါက်ကျတော့ ဦးဝင်းမြင့်က လွိုင်ကော်လာတယ်လေ ကယားကို လာတယ် လာတော့ ဒီကိစ္စကို ကျွန်မတို့ကိုခေါ်မေးပါတယ် ကျွန်မကတော့ ပြောတယ် ကျွန်မတို့က ပို့ပြီးပြီလို့ အဲ့တော့ဦးဝင်းမြင့်က ခင်ဗျားပို့တာ ပို့တာဗျာ လူချင်းလဲတွေ့နေတာပဲ ဟက်ကော်ပီ ဘာလို့မပေးလဲတဲ့ သူမပို့တတ်ဘူးလေ လို့ ပြောတယ် မပို့တတ်လည်း ပံ့ပိုးယူနစ်ကို သွားလို့ပြောတယ်လေ သူနဲ့လဲနီးနီးလေးပဲလေးလို့ ကျွန်မပြောတော့ ခင်ဗျားတို့ကို ခေါ်စစ်ပြီးပြီလား လိုကမေးတော့ အော်စစ်ပြီးပြီးလို့ ပြောတော့ အော်ကျနော်က မစစ်ရသေးဘူးထင်လို့ ခေါ်တာလို့ ပြန်ပြောတယ် ဦးလွီးဇီကလည်း ကျနော်အကုန် viber နဲ့ ပြန်ပို့တယ်လေ လို့ပြောတယ် ဒါသူဒီမှာကြားရတာ ကျွန်မပြောတာက ကျွန်မတို့အားလုံးကို ဦးဝင်းထိန်က ခေါ်တွေ့တယ် ခုဏပြောသလိုပေါ့ သုံးယေက်စလုံး အဆင့်သုံးဆင့်မှာ သူတို့မှာတာဝန်ရှိပါတယ် စစ်ဆေးခံရမယ် သုံးယောက်လုံး ကျွန်မတို့စစ်ဆေးခံတဲ့ထဲမှာလည်း ဦးဝင်ထိန်မပါဘူး ဦးဝင်မြင့်က ဘာပြောလဲဆို ဟုတ်တယ် ကျုပ် ဦးဝင်းထိန်ကို တာဝန်ပေးထားတယ်လို့ ပြောတယ် ကျွန်မတို့ လွှတ်တော် တတိယအကြိမ်တတ်ပြီး ပြန်လာတဲ့ ချိန်မှာ CEC အစည်းဝေးထိုင်တယ် CEC ကအပြစ်ပေးဖို့ ဆုံးဖြက်တယ်ဆိုပြီးတော့ လာတယ် ဒါပေမယ့် မထွက်သေးဘူးပေါ့နော် အခုဒီ သုံးရက်နေ့မှ ထွက်တယ် အဲ့တော့မှ ထွက်တာ ဆိုတော့ စဉ်းစား ကြည့်တာပေါ့နော် ကျွန်မကတော့ ပေးတယ် သုံးခေါက်စလုံး မြို့နယ်က ဖော်ဝေါ့ မလုပ်ဘူး ဘာလို့လဲဆို ကိုယ်စာလှယ်လှောင်းကို ကျွန်မက လှမ်းပြီးတန်းပြီး ပို့လို့မရဘူး အဖွဲ့ချုပ်ဆီမှာလည်း လှမ်းပြီးတန်းပြီးပို့လို့ရရင် ကျွန်မဆီမှာ လှမ်းပြီး မပို့နဲ့တော့ပေါ့ ရှုပ်တယ်လေ အဆင်ဆင့်တွေက ဒါ လုပ်ထုံးလုပ်နည်းက ပြည်နယ်သို့ အဆင့်ဆင့် သွားရတာကိုး အဲ့ဒီမှာ အဓိကအကျဆုံးက မြို့နယ်လေ မြို့နယ်မှာလည်း ကိုယ်စာလှယ်လောင်း ရှိတယ် ဦးပဲ့ဒူ သူကလည်းဥက္ကဌ ဖြစ်နေတော့ ကျွန်မလည်း ဒဲ့ပေးတာ သူက ဖောဝေါ့ မလုပ်ဘူး သူမလုပ်တော့ ကိုယ်စာလှယ်လောင်ဆီ မရောက်ဘူး အဲ့လူကလည်း လက်သည်အားကိုးတာလေ သူကိုယ်တိုင် စိုက်ထုတ်ပြီးမညှစ်တော့ ဒီကလေးက ထွက်မလား အဲ့လို လုပ်ပေးဖို့က ကျွန်မတို့က ဖောင်ယူပေးဖို့ အခွင့်ရေးမရှိဘူး ကိုယ့်ဟာကို လုပ်ရတာ သွားတင်ရင်လည်း ကိုယ်တိုင်တင်ရတယ် ပြည့်စုံမှု့ မပြည့်စုံမှု့ဆိုတာလည်း သူကိုယ်တိုင်ကြည့်ရတာလေ တကယ်လို့သာ သူယူထားမယ်ဆို ဟာဒါလိုတယ် ဒါငါ့ကို မပေးသေးဘူးလား ဆိုတာသူမေးလို့၇တာပေါ့ ဒါသူ့အပိုင်းပေါ့ ကျွန်မအနေနဲ့ ဒီပရောဆက်အပိုင်းမှာပေါ့ လုပ်ငန်းဆောင်ရွက်တဲ့ ဘအပိုင်းမှာ တော့ အပြစ်မရှိဘူးလို့ ယူဆတယ် သို့သော်လည်း တစ်ခုဖြစ်နိုင်တာက ကျွန်မတို့ ပါတီထဲက ပြောထားတာရှိတယ် အရင်တုန်းကလို မဟုတ်တော့ဘူး ပါတီစည်းကမ်းအရက အရင်ဆို အောင်ခြေက စည်းကမ်းပျက်တယ်ဆို သူ့ကိုပဲ အရေးယူမယ်ပေါ့ အခုဆိုရင် သူ့တစ်ယောက်တည်းမဟုတ်ဘူး အထက်က လူလဲ အရေးယူမယ်လို့ ဒါပြောနေကြပဲ ကျွန်မတို့ကသူ့အထက်ရှိတယ်လေ အောက်လူ အလုပ်မလုပ်ရင် အရေးယူဆို ကျွန်မတို့ လက်ခံတာပေါ့ သို့သော်လည်း ကျွန်မကို အရေးယူပြီးတော့ ကျွန်မကို အသုံးမကျဘူးဆို ကျွန်မရဲ့အပေါ်က ရှိတဲ့ သူကို ဘာလို့ အရေးမယူလဲတော့ မသိဘူး ဒီဖော်မြူလာနဲ့ သွားရင်အသီးသီးမှာ တာဝန်ရှိတယ်ဆိုရင် မြို့နယ် ပြည်နယ်နဲ့ ဒီ ဗဟိုကလည်း ပါရတော့မှာပဲ ဒါမျှမျှတတ တွေးတာပါ ဘယ်သူ့ကို ဒုက္ခရောက်စေချင်လို့ ဘယ်သူ့ကို အပြစ်ပေးစေချင်လို့ ကျွန်မမပြောဘူး ဒီပရောဆက်မှာ ကျွန်မကတော့ တာဝနကျေတယ်လို့ ယူဆတယ်။ သို့သော်လည်း ခုနကလို ထိန်းကွက်မှု့ညံ့တယ်ဆို လက်ခံပါတယ် ကျွန်မတို့ကို ထိန်းကွက်တာညံ့တဲ့ အပေါ်က လူကိုလည်း ပြောရတော့မှာပေါ့ အဲ့ဒါက ဘာလို့အရေးအယူလဲပေါ့ ပြောချင်တာအဲ့ဒါပါ ။ အဲ့တော့ အခုကော ဒီလိုဖြစ်လို့ ကျွန်မက ဘာလုပ်မလဲဆိုရင် ကျွန်မတို့က ဗုဒ္ဓဘာသာလေ ကိုယ်ကောင်းတာ လုပ်ရဲ့သားနဲ့ ဖြစ်တယ်ဆိုတော့ ဝဋ်ကြွေးပဲပေါ့ ဒါကျွန်မလဲ တင်နေတာပါပဲ ခဏခဏ အဲ့လိုပဲ ဝဋ်ကြွေးတစ်ခုတော့ ကျေသွားပြီ ဆပ်လိုက်ရပြီပေါ့ ဒီလိုပဲတွေးတာပေါ့ ခံရတဲ့သူက အဟောင်းပေါ့ ပြုလုပ်တဲ့ သူက အသစ်ပေါ့ အဲ့ပြုလုပ်တဲ့ သူကိုတော့ သနားပါတယ်လို့ တော့ ဂ၇ုဏာပွားပေးတာပေါ့နော် ဒါကတော့ အကုန်လုံး သိစေချင်တာပါ ။နောက်တစ်ခုကဘာလဲဆို ကြေညာချက်မှာလည်း ကြေညာတာက ပြက်ပြက်သားသား မရှိဘူး အဲ့ဒါက ဘာလဲဆို ဒီလွှတ်တော်ကိုယ်စာလှယ်လှောင် အချိန်မှီ မတင်လို့ ပြည်နယ်ဥက္ကဌကို အရေးယူတယ်ဆိုတော့ ကျွန်မကပဲ တင်ပေးရသလုလိုဖြစ်သွားတယ် ကျွန်မကပဲ လျှောက်လွှာတင်လာတာကို အချိန်မှီမတင်ဘူးဆိုတဲ့ သဘောသက်ရောက်တော့ ဘယ်သူမဆို NLD ကိုနိုင်စေချင်တော့ ကျွန်မကို အပြစ်တင်ကြမှာပေါ့ဒါကတော့ ရှင်းမှလည်း ဖြစ်တယ်လေ အဲ့ဒါလေးကတော့ အမှန်တရားပဲ တကယ်လို့ ကိုယ်စာလှယ်လောင်းက အချိန်မှီမတင်တဲ့အတွက် ဆိုရင်တော့ ပေါ်တယ်လေ သူမတင်လို့ ကျွန်မတို့ကို အရေးယူတာလေ ခုက သူတင်တာမဟုတ်ဘူး နောက်ကျခြင်းအပေါ်ဆိုပြီးပြောတော့ အများကြီးတွေးလို့ရတာပေါ့ အဲ့ဒါလဲရှင်းရှင်းလင်းလင်းရေးသင့်တယ်ပေါ့နော် အဲ့ဒါလေးတော့ ကျွန်မပြောချင်တာပေါ့နော်
မေး ။ပါတီကရပ်နားတယ်ဆိုတာ လူတွေမေးနေကြတာက ပါတီကနေ ထုတ်ပစ်တာလား တာဝန်တွေပဲရပ်နားတာလား ဆိုတာကို ပြောပြပေးပါအုံး
ဟုတ်တယ်လေ ရပ်နားတယ်ပါတီ တာဝန်ကနေပေါ့ ဒါကို ဦးဝင်းထိန်ကိုလည်း မီဒီယာတွေမေးကြပါတယ် သူကဘယ်လိုဖြေလဲ ဆိုတော့ ရိုးရိုးပါတီဝင်အနေနဲ့ပဲ ရပ်တည်တာလို့ ပြောတယ် သူဖြေတာကို ပြောတာ ကျွန်မလည်းအဲ့တိုင်း ပြန်ဖြေရမှာပေါ့ ဆိုတော့ ကျွန်မက ပြည်နယ်ဥက္ကဌဖြစ်တယ် ဗဟိုကော်မတီ ဝင်ဖြစ်တာပေါ့ သူပြောတာက ပါတီဝင်ရိုးရိုးပဲဆိုတော့ အဲ့နှစ်ခုကိုတော့ ဘယ်လိုလဲတော့ မပြောတတ်ဘူးပေါ့နော် ရေးထားတာကလည်း ပါတီတာဝန်ဆိုတော့ အဲ့နှစ်ခုပေါ့ ရပ်နားတယ် ပါတီထဲမှာတော့ ရှိနေသေးတယ်ပါတီဝင်အနေနဲ့ ရှိနေအုံးမှာပေါ့ အဆင့်ချလိုက်တာပေါ့ ။နောက်ဆုံးမက်ဆေ့ပေးချင်တာက ကြေညာချက်ကိုလည်း ပြည်သူတွေ အမှန်လေးမြင်သွားအောင် ရှင်းရှင်လေးရေးစေချင်တယ် ကိုယ်စာလှယ်လောင်း ကအမည်စာရင်းတင်တာ ပျက်ကက်တယ် အဲ့ဒီအပေါ်မှာ ဒေါ်ခင်စည်သူက တာဝန်ရှိတယ် ဒါမျိုးလေးပေါ်စေချင်တယ် အမှန်ပဲကို ကိုယ်စာလှယ်လောင်းတင်တာနောက်ကျလို့ ခင်စည်သူကို အရေးယူတယ်ဆိုတော့ ခင်စည်သူကပဲ သွားမတင်သလို ဖြစ်တော့ အဲ့ဒါတစ်ခု နောက်တစ်ခုက အဆင့်ဆင့် မှာတော့ တာဝန်ရှိတယ်ဆိုရင် ကျွန်မတစ်ယောက်ပဲ အရှိဆုံးလို့ ဦးဝင်းထိန်ကလည်းဖြေတယ် ပြည်နယ်အဆင့်အနေနဲ့ တာဝန်ရှိတယ်ဆို ပြည်နယ်အဆင့်က ပေးပြီးသားလေ သုံးခေါက် မြို့နယ်အဆင့်က အရမ်း အယ်ဒါ ဖြစ်တာကျတော့ ဘာလို့ ဖုံးကွယ်ပြီးတော့မှ ခင်စည်သူပဲလို့ ဘာလို့မဲနေလဲဆို ရင် ဒါနည်းနည်းပုဂ္ဂိုလ်ရေးဆန်သွားတယ်လို့တော့ ထင်မိတယ်ပေါ့ အဲ့လိုတော့မဖြစ်င့်ဘူးပေါ့နော် ဒါကတော့ ပြောပြီးသားပဲ တရားတောါအတိုင်းပဲပေါ့ အဲ့ဒါပါတီဝင်တွေကော အပြင်စောင့်ကြည့်တဲ့ NLD ချစ်တဲ့သူတွေကော က အဆင့်ဆင့်မှာ တာဝန်ရှိရင် ပြည်နယ်ဥက္ကဌ တစ်ယောက်ပဲရှိသလား မဲရွေးတုန်းကဆို ကိုယ်တိုင်ဆင်းဆင်းလာတာလေ ဆိုတော့ သူကလည်းအဲ့ဒီလိုမလုပ်ဘူးလေ သူကမလာဘဲ အခုက ကျွန်မတာဝန်ဆို ဘယ်လိုလုပ်မလဲ အဲ့ဒါဆို ကျွန်မကို ကွက်ကဲတဲ့ သူလဲညံ့တာပေါ့ ကျွန်မက လုပ်တယ် ကိုယ့်အောက်အဆင့်က ဆက်မပို့ဘူး ကျွန်မညံ့လို့လို့ယူဆရင် ကျွန်မ ဒီလိုပြီးပြည့်စုံအောင်မလုပ်နိုင်ဘူးဆိုရင် ကျွန်မအပေါ်က တာဝန်ယူတာလဲ ညံ့တာပဲပေါ့ အဲ့ဒါဆိုရင် အသီးသီးတာဝန်ရှိရဲ့ နောက်ဆက်တွဲ ကိုတော့ ဘာလုပ်ပါဘာ ဆိုတာကိုတော့ ကျွန်မ မပြောချင်ဘူး ဘယ်ပေါ်မှာအပြစ်လဲဆိုတာကိုတော့ စဉ်းစားစေချင်တာပေါ့ ဒါပဲ ပြောချင်တာပါ။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~