ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဒသ ဟဲယာရြာမရိွ ေရေပၚေစ်းေနရာမွာ ကုန္းေျမျဖစ္သြားသျဖင့္ အင္းေလးေရေပၚေစ်းတစ္ခုအား အင္းေပါခံုရြာတြင္ ျပန္လည္ေဖာ္ေဆာင္သြားရန္ လုပ္ေဆာင္ေနေၾကာင္း အင္းေလးေတာင္သူလယ္သမားအဖြဲ႕ထံမွ သိရသည္။
“ ဒီႏွစ္ထဲမွာ လုပ္ဖို႔အတြက္ ဟိုတယ္နွင့္ ခရီးသြား၀န္ႀကီး ကိုလည္းတင္ျပထားပါတယ္။ ျမန္မာနိုင္ငံ လက္မႈ ပစၥည္း ထုတ္လုပ္ေရာင္းခ်ေရး ေကာ္မတီကိုလည္း ေျပာထားတယ္။ ဒီလိုလုပ္ရင္လည္း ဘတ္ဂ်က္ေတြ လိုလာမယ္။ ရြာသူရြာသားေတြလည္း ပူးေပါင္း ပါ၀င္လာျပီး ေစ်းတစ္ခု ေပၚထြက္လာေအာင္ ပံ့ပိုုးကူညီႏိုင္ဖို႔ေတြကိုလည္း တင္ျပထားတယ္။ အင္းေလးမွာက ေရေပၚေစ်းဆိုတာ ရွိသင့္ပါတယ္။ ခရီးသြားလုပ္ငန္းတစ္ခုမွာ နိုင္ငံျခားသားေတြ စိတ္၀င္စားမယ့္ ေနရာေလးရိွရင္ ပိုေကာင္းပါတယ္” ဟု အင္းေလးေတာင္သူလယ္သမားမ်ားအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္လတ္က ေျပာသည္။
ယခင္က ဟဲယာရြာမရိွ ေရေပၚေစ်းသည္ ေလွမ်ားျဖင့္ ေရာင္းခ်ဝယ္ယူသည့္ေစ်းအျဖစ္ နာမည္ေက်ာ္လွေသာ္လည္း လြန္ခဲ့သည့္ (၇)ႏွစ္ခန္႔မွစ၍ အဆိုပါ ေစ်းေနရာမွာ ေကာလာၿပီး ကုန္းေပၚေစ်းအျဖစ္ ေျပာင္းလဲသြားျခင္းျဖစ္ေၾကာင္း သိရသည္။
“ ေရေပၚေစ်းေနရာ ဟဲယာရြာမမွာက ေရခန္းတာကို အမ်ားဆံုးႀကံဳရတာ။ ႏံုးတူးတာေတြလုပ္ေပမယ့္ ေရခန္းတာကေတာ့ ႀကံဳေနရတုန္းပဲ။ ေရေပၚေစ်းေနရာကေတာ့ အမွတ္တရပစၥည္းေတြေရာင္းတဲ့ ဆိုင္တန္းေတြနဲ႔ ေျမေပၚေစ်းျဖစ္ေနပါၿပီ”ဟု ေတာင္ႀကီးၿမိဳ႕မွ ေဒသခံ ဦးတင္ေမာင္တိုးက ေျပာသည္။
ေရေပၚေစ်းအသစ္တြင္ ေဒသထြက္အသီးအႏွံမ်ားေရာင္းခ်ရန္ စီစဥ္သြားမည္ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္အတြင္း အေကာင္အထည္ေဖာ္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
Photo. Save the inle lake ဦးခင္ေမာင္လတ္
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှမြေို့နယ်၊ အင်းလေးဒေသ ဟဲယာရွာမရှိ ရေပေါ်ဈေးနေရာမှာ ကုန်းမြဖြေစ်သွားသဖြင့် အင်းလေးရေပေါ်ဈေးတစ်ခုအား အင်းပေါခုံရွာတွင် ပြန်လည်ဖော်ဆောင်သွားရန် လုပ်ဆောင်နေကြောင်း အင်းလေးတောင်သူလယ်သမားအဖွဲ့ထံမှ သိရသည်။
“ ဒီနှစ်ထဲမှာ လုပ်ဖို့အတွက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ကိုလည်းတင်ပြထားပါတယ်။ မြန်မာနိုင်ငံ လက်မှု ပစ္စည်း ထုတ်လုပ်ရောင်းချရေး ကော်မတီကိုလည်း ပြောထားတယ်။ ဒီလိုလုပ်ရင်လည်း ဘတ်ဂျက်တွေ လိုလာမယ်။ ရွာသူရွာသားတွေလည်း ပူးပေါင်း ပါဝင်လာပြီး ဈေးတစ်ခု ပေါ်ထွက်လာအောင် ပံ့ပိုးကူညီနိုင်ဖို့တွေကိုလည်း တင်ပြထားတယ်။ အင်းလေးမှာက ရေပေါ်ဈေးဆိုတာ ရှိသင့်ပါတယ်။ ခရီးသွားလုပ်ငန်းတစ်ခုမှာ နိုင်ငံခြားသားတွေ စိတ်ဝင်စားမယ့် နေရာလေးရှိရင် ပိုကောင်းပါတယ်” ဟု အင်းလေးတောင်သူလယ်သမားများအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။
ယခင်က ဟဲယာရွာမရှိ ရေပေါ်ဈေးသည် လှေများဖြင့် ရောင်းချဝယ်ယူသည့်ဈေးအဖြစ် နာမည်ကျော်လှသော်လည်း လွန်ခဲ့သည့် (၇)နှစ်ခန့်မှစ၍ အဆိုပါ ဈေးနေရာမှာ ကောလာပြီး ကုန်းပေါ်ဈေးအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သိရသည်။
“ ရေပေါ်ဈေးနေရာ ဟဲယာရွာမမှာက ရေခန်းတာကို အများဆုံးကြုံရတာ။ နုံးတူးတာတွေလုပ်ပေမယ့် ရေခန်းတာကတော့ ကြုံနေရတုန်းပဲ။ ရေပေါ်ဈေးနေရာကတော့ အမှတ်တရပစ္စည်းတွေရောင်းတဲ့ ဆိုင်တန်းတွေနဲ့ မြေပေါ်ဈေးဖြစ်နေပါပြီ”ဟု တောင်ကြီးမြို့မှ ဒေသခံ ဦးတင်မောင်တိုးက ပြောသည်။
ရေပေါ်ဈေးအသစ်တွင် ဒေသထွက်အသီးအနှံများရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
Photo. Save the inle lake ဦးခင်မောင်လတ်