သတင်း/ဓာတ်ပုံ - #နိုနို
*************
တောင်ကြီးမြို့တွင် (၃)ရက်တိုင်တိုင် ကျင်းပသည့် ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား အခမ်းအနားဖြင့် ယနေ့ ဧပြီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ် ကျင်းပနေလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၇ခုနှစ် ဧပြီလ(၂၃)ရက်နေ့မှ ဧပြီလ(၂၅)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအချိန်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာတမ်းဖတ်ပွဲအား တစ်ဖွဲ့လျှင် ခေါင်းစီ (၃)ခုစီဖြင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #နိုနို