ကယန္းျပည္သစ္ပါတီ တြဲဖက္အတြင္းေရးမွဴး ဗိုလ္မွဴးေစာလြင္သည္ ဧၿပီလ (၂၅ )ရက္ေန႔ ညေနသုံးနာရီခြဲ အခ်ိန္က ရန္ကုန္ေဆးရုံႀကီးတြင္ ကြယ္လြန္သြားသျဖင့္ ဧၿပီလ (၂၆)ရက္ေန႔တြင္ သန္လ်င္ၿမိဳ႕နယ္ ဒါရ္ကာ ကာဘတ္စတန္တြင္ ဒပ္ဖနာျပဳလုပ္ သၿဂဳႋလ္မည္ျဖစ္ေၾကာင္း သိရသည္။
ကယန္းျပည္သစ္ပါတီမွ တြဲဖက္အတြင္းေရးမွဴး ဗိုလ္မွဴးေစာလြင္သည္ အသည္းေရာင္ေရာဂါျဖင့္ ရန္ကုန္ၿမိဳ႕ ကုတင္(၅၀၀)ဆံ့ ျပည္သူ႕ေဆးရုံႀကီး အသည္းေရာဂါကုေဆာင္တြင္ ကုသမႈခံယူေနရင္း ကြယ္လြန္သြားျခင္းျဖစ္သည္။
ကယန္းတုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ကယန္းျပည္သစ္ပါတီမွ ဗိုလ္မွဴးေစာလြင္သည္ က်န္းမာေရ အေျခအေန ဆိုးရြားေနသျဖင့္ အခ်ိန္ၾကာျမင့္စြာ ေဆးကုသမႈ ခံယူခဲ့ရျခင္းျဖစ္ၿပီး ၎၏ ရုပ္ကလာပ္အား ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕ေနအိမ္သို႔ သယ္ေဆာင္ထားေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလွင်သည် အသည်းရောင်ရောဂါဖြင့် ရန်ကုန်မြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အသည်းရောဂါကုဆောင်တွင် ကုသမှုခံယူနေရင်း ကွယ်လွန်သွားခြင်းဖြစ်သည်။
ကယန်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးစောလွင်သည် ကျန်းမာရေ အခြေအနေ ဆိုးရွားနေသဖြင့် အချိန်ကြာမြင့်စွာ ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်ပြီး၎င်း၏ ရုပ်ကလာပ်အား ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နေအိမ်သို့ သယ်ဆောင်ထားကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း