ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလွင်၏ ကြွင်းကျန်ရစ်သောရုပ်ကြွင်းအား ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် စစ်ရေးပြအခမ်း အနားဖြင့် ဧပြီလ (၂၈) ရက်နေ့တွင် ဂူသွင်းသဂြုင်္ိလ်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးစောလွင်သည် ဧပြီလ (၂၅) ရက်နေ့ ညနေပိုင်းက ရန်ကုန်ကုတင်(၅၀၀) ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂၆) ရက်နေ့ ညနေတွင် သန်လျင်မြို့ ဒါရ်ကာကာဘတ်စတန်တွင် ဒပ်ဖနာ ပြုလုပ်သဂြုင်္ိလ်ခြင်း ဖြစ်သည်။
အရိုးပြာအား ကယန်းပြည်သစ်ပါတီဌာနချုပ် ကယန်းအမျိုးသားအာဇာနည်ဗိမ္မာန်သို့ သယ်ဆောင်ရန် ယာဉ်တန်းဖြင့် ရန်ကုန်မှ တောင်ငူ-လိပ်သိုလ်-ယာဒို- ဆီးဘူးလမ်းကြောင်းအတိုင်း သယ်ယူမည်ဖြစ်ပြီး ကယန်း အမျိုးသား အာဇာနည်ဗိမာန်တွင် အခမ်းအနားဖြင့် ဂူသွင်းမြှပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ကြွင်းအိုးအား ဂူသွင်းခြင်းအခမ်းနားတွင် ပေးပို့လာသော ဝမ်းနည်းကြောင်း သဝဏ်လွှာများဖတ်ကြားခြင်း၊
ကယန်းပြည်သစ်ပါတီ၏ အမိန့်ပြန်တမ်း ဖတ်ကြားခြင်း၊ နောက်ဆုံး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုခြင်း၊
ရုပ်ကြွင်းအိုးအား ဂူသွင်းမြုပ်နှံခြင်းများ ပြုလုပ်သွားမှာဖြစ်ကြောင်း ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူးက အတည်ပြုပြောကြားသည်။