တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာအလွန်၊ ရန်ရှင်း(၄)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ ပျဉ်ကာနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
ရန်ရှင်း(၄)ကျေးရွာနေ ဒေါ်နာယော် မိသားစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်နေစဉ် နေအိမ်ရှိ မီးဖိုဆောင်၏ မီးကြွင်းမီးကျန်မှ တဆင့် ဧပြီလ(၂၈)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင် အချိန်က မီးလောင်မှုဖြစ်ပွားရာ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် အခြားနေအိမ်များသို့ မီးကူးစက်မှု မရှိစေရန် ရွာသူ၊ ရွာသားများနှင့်အတူ မီးသတ်တပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဒေါ်နာယော်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။