ဂန္႔ေဂါၿမိဳ႕နယ္၊ ေရရွင္မေက်းရြာအနီး မီးရထားလမ္း၊ မိုင္တိုင္အမွတ္ ၆၅၅/၅-၆အၾကား၊ ကားလမ္း ႏွင့္ ရထားလမ္းအကူး ရထားလမ္းတြင္ လက္ပစ္ဗံုးတစ္လံုးေထာင္ထားသည္ကို ဧၿပီလ(၂၉)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က ေတြ႕ရွိရ၍ နယ္ေျမခံတပ္မွ အျမန္ဆံုးရွင္းလင္းေစခဲ့ေၾကာင္း မီးရထားရံုပိုင္ထံမွ သိရသည္။
"ရထားအလံျပ ဦးတင္ေမာင္ဦး စၿပီး ေတြ႔တာပါ။ ဒီလိုမ်ိဳး တစ္ခါမွ မေတြ႔ဖူးပါဘူး။ လက္ပစ္ဗံုးကို ရွင္းလင္းၿပီးတဲ႔အတြက္ မီးရထားသြားလာမႈ ရပ္ဆိုင္းထားျခင္းမရိွဘဲ ပံုမွန္အတိုင္းေျပးဆဲြေနပါတယ္”ဟု မီးရထားရံုပိုင္ ဦးေက်ာ္ျမင္႔ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ လက္ပစ္ဗံုးေတြ႔ရိွေၾကာင္း သက္ဆိုင္ရာမ်ားသို႔ သတင္းေပးပို႔ခဲ႔သျဖင္႔ နယ္ေျမခံတပ္ ခလရ(၅၀)မွ တာဝန္ရိွသူမ်ားႏွင့္ နယ္ေျမခံရဲတပ္ဖဲြ႔တို႔ လာေရာက္စစ္ေဆးရာ MG-1 လက္ပစ္ဗံုးအမ်ိဳးအစား ျဖစ္ေၾကာင္းသိရိွရၿပီး ခလရ(၅၀)မွ လက္ပစ္ဗံုးအား သိမ္းဆည္းသြားကာ မည္သည့္အဖဲြ႔အစည္းမွ ယင္းသို႔ ျပဳလုပ္သြားသည္ကို စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - မင္းထီး(MGY)
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဂန့်ဂေါမြို့နယ် ရေမရှင်ကျေးရွာအနီးရှိ မီးရထားလမ်းပေါ် ထောင်ထားသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ
"ရထားအလံပြ ဦးတင်မောင်ဦး စပြီး တွေ့တာပါ။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ လက်ပစ်ဗုံးကို ရှင်းလင်းပြီးတဲ့အတွက် မီးရထားသွားလာမှု ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲနေပါတယ်”ဟု မီးရထားရုံပိုင် ဦးကျော်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လက်ပစ်ဗုံးတွေ့ရှိကြောင်း သက်ဆိုင်ရာများသို့ သတင်းပေးပို့ခဲ့သဖြင့် နယ်မြေခံတပ် ခလရ(၅၀)မှ တာဝန်ရှိသူများနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ လာရောက်စစ်ဆေးရာ MG-1 လက်ပစ်ဗုံးအမျိုးအစား ဖြစ်ကြောင်းသိရှိရပြီး ခလရ(၅၀)မှ လက်ပစ်ဗုံးအား သိမ်းဆည်းသွားကာ မည်သည့်အဖွဲ့အစည်းမှ ယင်းသို့ ပြုလုပ်သွားသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - မင်းထီး(MGY)