တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ဘီးခြန္ေလလံေစ်းအား ေစ်းၿပိဳင္ဆြဲ ၀ယ္သူ မရွိ၍ အထူးေလလံနည္းျဖင့္ ေရာင္းခ်လိုက္ၿပီးေနာက္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္မွစ၍ သံုးဘီးဆိုင္ကယ္မ်ားအား မူလ ေကာက္ခံေငြ က်ပ္(၂၀၀)မွ က်ပ္(၃၀၀)အထိ က်ပ္(၁၀၀)ပို၍ တိုးျမႇင့္ ေကာက္ခံေနၿပီ ျဖစ္ေၾကာင္း သိရသည္။
"ၿပီးခဲ့တဲ့ လက သံုးဘီးဆိုင္ကယ္ေတြကို က်ပ္(၂၀၀)ပဲ ေကာက္တယ္၊ အခု ဒီ ဧၿပီလေရာက္ေတာ့ သံုးဘီးဆိုင္ကယ္ေတြကို က်ပ္(၃၀၀)ေကာက္တယ္။ သူတို႔ကို ေမးေတာ့ မကိုက္လုိ႔ေျပာတာပဲ၊ ကညနေၾကးက (၁၀၀၀)၊ ပုိ႔/ဆက္ေၾကးက (၂၀၀)၊ စည္ပင္ေၾကးက (၃၀၀)အပါဆိုေတာ့ က်ပ္(၁၅၀၀)ေပးရတယ္၊ ျဖတ္ပိုင္းမွာလည္း ယာဥ္ငယ္ကို ေဘာပင္နဲ႔ ၀ိုင္းေပးလိုက္တယ္။ သြားတာကို သံုးဘီးနဲ႔ပါပဲ"ဟု သံုးဘီးဆိုင္ကယ္ေျပးဆြဲသူ ကိုေဇာ္လင္းက ေျပာသည္။
ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရးတံတားႏွစ္စင္းအား ဘီးခြန္ေကာက္လုပ္ငန္းကုိ စည္ပင္သာယာေရးဌာနမွ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္အတြက္ ေလလံအျဖစ္ က်ပ္သိန္းေပါင္း (၂၃၂၅.၈၀)ျဖင့္ ၾကမ္းခင္းေစ်း ဖြင့္လွစ္လိုက္ေသာ္လည္း ၾကမ္းခင္းေစ်းအတိုင္း ေလလံ ဆြဲဝယ္ယူႏိုင္သူ မရွိသည့္အတြက္ အထူးေလလံနည္းျဖင့္ က်ပ္သိန္း (၁၇၂၀)ျဖင့္သာ ေရာင္းခ်ထားရွိၿပီး ျပည္နယ္သို႔ တင္ျပထားေၾကာင္းသိရသည္။
"ဒီႏွစ္က ၾကမ္းခင္းေစ်း အတိုင္း ေလလံဆြဲြဲ၀ယ္ယူသူ မရွိတဲ့အတြက္ အျခားနည္းလမ္းနဲ႔ ေရာင္းခ်ထားပါတယ္။ က်ပ္သိန္း (၁၇၀၀)ေက်ာ္နဲ႔ပါ၊ စာတင္ထားဆဲျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ တံတားႏွစ္စင္းအား ၿပီးခဲ့သည့္ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္က ဘီးခြန္ေလလံၾကမ္းခင္းေစ်းအျဖစ္ က်ပ္သိန္းေပါင္း (၃၁၀၀)ေက်ာ္ျဖင့္ ဖြင့္ခဲ့ေသာ္လည္း သုံးႀကိမ္ေလလံတင္သည္အထိ ေလလံဆြဲ ၀ယ္သူမရွိ၍ အျခားနည္း အသုံးျပဳကာ က်ပ္သိန္းေပါင္း(၂၂၁၅)သိန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ယခု ၂၀၁၇ - ၂၀၁၈ဘ႑ာႏွစ္တြင္ က်ပ္သိန္းေပါင္း (၂၃၂၅.၈၀)ျဖင့္ ၾကမ္းခင္းေစ်းဖြင့္ထားရာမွ အျခားနည္းျဖင့္ က်ပ္သိန္း (၁၇၂၀)ျဖင့္သာ ေလလံေရာင္းခ်ထားရေၾကာင္းသိရသည္။
"သံုးဘီးဆိုင္ကယ္ေတြကို က်ပ္(၁၀၀)ပို ေကာက္လာတာ မၾကာေသးဘူး။ အရင္က ကညန၊ ပို႔/ဆက္၊ စည္ပင္ အပါကို က်ပ္(၁၄၀၀)ပဲ ေပးရတယ္။ အခုက (၁၅၀၀)ျဖစ္သြားတယ္"ဟု တာခ်ီလိတ္ - မယ္ဆိုင္ ေန႔စဥ္ သံုးဘီးေမာင္းသူ တစ္ဦးက ေျပာသည္။
၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္က တံတားႏွစ္စင္း၏ ဘီးေကာက္လိုင္စင္ေလလံၾကမ္းခင္းေစ်းမွာ က်ပ္သိန္းေပါင္း (၉၇၉)သိန္း သတ္မွတ္ထားရာ လုပ္ငန္းရွင္မ်ားအၾကား ေစ်းၿပိဳင္၀ယ္ယူၾကရာမွ က်ပ္သိန္းေပါင္း (၂,၉၅၅)သိန္းျဖင့္ ေလလံေအာင္သြားခဲ႔ျပီး ေလလံၾကမ္းခင္းေစ်းမွာ ျမင့္မားလာျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါတံတားႏွစ္စင္းတြင္ ဘီးခြန္ေကာက္ခံရမည့္ သတ္မွတ္ႏႈန္းထားမ်ားမွာ ဆိုင္ကယ္ ႏွင့္ သံုးဘီးဆိုင္ကယ္အား (၂၀၀) က်ပ္၊ ယာဥ္ငယ္ (၃၀၀) က်ပ္၊ ယာဥ္လတ္ (၅၀၀) က်ပ္၊ ယာဥ္ႀကီး (၃တန္အထက္ ) (၇၀၀)က်ပ္ႏွင့္ ယာဥ္ႀကီး(တန္ပို) (၃၀၀၀) က်ပ္ အသီးသီးျဖစ္ေၾကာင္းႏွင့္ အဆိုပါ ေစ်းႏႈန္းမ်ားကို စည္ပင္သာယာေရးဌာနမွ သတ္မွတ္ထားေပးျခင္းျဖစ္ေၾကာင္းအျပင္ သတ္မွတ္ ေကာက္ခံႏႈန္းထားမ်ား ထက္ပို၍ ေကာက္ခံျခင္း ျပဳလုပ္ပါက စည္ပင္သာယာေရးဌာနမွ အေရးယူႏိုင္ေၾကာင္း သိရသည္။
သတင္း - ကိုေဇာင္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
"ပြီးခဲ့တဲ့ လက သုံးဘီးဆိုင်ကယ်တွေကို ကျပ်(၂၀၀)ပဲ ကောက်တယ်၊ အခု ဒီ ဧပြီလရောက်တော့ သုံးဘီးဆိုင်ကယ်တွေကို ကျပ်(၃၀၀)ကောက်တယ်။ သူတို့ကို မေးတော့ မကိုက်လို့ပြောတာပဲ၊ ကညနကြေးက (၁၀၀၀)၊ ပို့/ဆက်ကြေးက (၂၀၀)၊ စည်ပင်ကြေးက (၃၀၀)အပါဆိုတော့ ကျပ်(၁၅၀၀)ပေးရတယ်၊ ဖြတ်ပိုင်းမှာလည်း ယာဉ်ငယ်ကို ဘောပင်နဲ့ ဝိုင်းပေးလိုက်တယ်။ သွားတာကို သုံးဘီးနဲ့ပါပဲ"ဟု သုံးဘီးဆိုင်ကယ်ပြေးဆွဲသူ ကိုဇော်လင်းက ပြောသည်။
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတားနှစ်စင်းအား ဘီးခွန်ကောက်လုပ်ငန်းကို စည်ပင်သာယာရေးဌာနမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် လေလံအဖြစ် ကျပ်သိန်းပေါင်း (၂၃၂၅.၈၀)ဖြင့် ကြမ်းခင်းဈေး ဖွင့်လှစ်လိုက်သော်လည်း ကြမ်းခင်းဈေးအတိုင်း လေလံ ဆွဲဝယ်ယူနိုင်သူ မရှိသည့်အတွက် အထူးလေလံနည်းဖြင့် ကျပ်သိန်း (၁၇၂၀)ဖြင့်သာ ရောင်းချထားရှိပြီး ပြည်နယ်သို့ တင်ပြထားကြောင်းသိရသည်။
"ဒီနှစ်က ကြမ်းခင်းဈေး အတိုင်း လေလံဆွဲဝယ်ယူသူ မရှိတဲ့အတွက် အခြားနည်းလမ်းနဲ့ ရောင်းချထားပါတယ်။ ကျပ်သိန်း (၁၇၀၀)ကျော်နဲ့ပါ၊ စာတင်ထားဆဲဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တံတားနှစ်စင်းအား ပြီးခဲ့သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က ဘီးခွန်လေလံကြမ်းခင်းဈေးအဖြစ် ကျပ်သိန်းပေါင်း (၃၁၀၀)ကျော်ဖြင့် ဖွင့်ခဲ့သော်လည်း သုံးကြိမ်လေလံတင်သည်အထိ လေလံဆွဲ ဝယ်သူမရှိ၍ အခြားနည်း အသုံးပြုကာ ကျပ်သိန်းပေါင်း(၂၂၁၅)သိန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၂၃၂၅.၈၀)ဖြင့် ကြမ်းခင်းဈေးဖွင့်ထားရာမှ အခြားနည်းဖြင့် ကျပ်သိန်း (၁၇၂၀)ဖြင့်သာ လေလံရောင်းချထားရကြောင်းသိရသည်။
"သုံးဘီးဆိုင်ကယ်တွေကို ကျပ်(၁၀၀)ပို ကောက်လာတာ မကြာသေးဘူး။ အရင်က ကညန၊ ပို့/ဆက်၊ စည်ပင် အပါကို ကျပ်(၁၄၀၀)ပဲ ပေးရတယ်။ အခုက (၁၅၀၀)ဖြစ်သွားတယ်"ဟု တာချီလိတ် - မယ်ဆိုင် နေ့စဉ် သုံးဘီးမောင်းသူ တစ်ဦးက ပြောသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က တံတားနှစ်စင်း၏ ဘီးကောက်လိုင်စင်လေလံကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း (၉၇၉)သိန်း သတ်မှတ်ထားရာ လုပ်ငန်းရှင်များအကြား ဈေးပြိုင်ဝယ်ယူကြရာမှ ကျပ်သိန်းပေါင်း (၂,၉၅၅)သိန်းဖြင့် လေလံအောင်သွားခဲ့ပြီး လေလံကြမ်းခင်းဈေးမှာ မြင့်မားလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားနှစ်စင်းတွင် ဘီးခွန်ကောက်ခံရမည့် သတ်မှတ်နှုန်းထားများမှာ ဆိုင်ကယ် နှင့် သုံးဘီးဆိုင်ကယ်အား (၂၀၀) ကျပ်၊ ယာဉ်ငယ် (၃၀၀) ကျပ်၊ ယာဉ်လတ် (၅၀၀) ကျပ်၊ ယာဉ်ကြီး (၃တန်အထက် ) (၇၀၀)ကျပ်နှင့် ယာဉ်ကြီး(တန်ပို) (၃၀၀၀) ကျပ် အသီးသီးဖြစ်ကြောင်းနှင့် အဆိုပါ ဈေးနှုန်းများကို စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားပေးခြင်းဖြစ်ကြောင်းအပြင် သတ်မှတ် ကောက်ခံနှုန်းထားများ ထက်ပို၍ ကောက်ခံခြင်း ပြုလုပ်ပါက စည်ပင်သာယာရေးဌာနမှ အရေးယူနိုင်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း