၂၀၁၅ အစိုးရလက္ထက္ မေကြးတိုင္းေဒသႀကီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမွ စာရင္းေပ်ာက္ေနသည့္ က်ပ္ (၇.၄၅၉) ဘီလီယံမွ က်ပ္ (၃)ဘီလီယံအား ေမလႏွင့္ ဇူလိုင္လမ်ားအတြင္း ႏွစ္ႀကိမ္ခြဲ၍ တိုင္းေဒသႀကီး အစိုးရထံ ျပန္လည္ေရာက္ရိွမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ထံမွ သိရသည္။
“သူတို႔ျပန္အပ္ဖို႔ ကတိျပဳထားတဲ႔ က်ပ္သန္း (၃၀၀၀)ေက်ာ္ (၃ ဘီလီယံ)ထဲက သိန္း (၅၀၀၀)ကို ေမလ ပထမပတ္အတြင္းမွာ ေပးအပ္ၿပီး က်န္တာကိုေတာ႔ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမကုန္မီ အကုန္ေပးအပ္မယ္လို႔ ေျပာပါတယ္။ ေပ်ာက္ဆံုးေနတဲ႔ (၇) ဘီလီယံထဲက က်န္ေငြေတြအတြက္ ျပည္ေထာင္စုအစိုးရက ဘာမွ ေဖာ္ျပ မထားေတာ႔ကာ က်န္တဲ႔ ပိုက္ဆံေတြက သူတို႔ ဘာသံုးတယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ႔ ျပည္ေထာင္စု အစိုးရက သူတို႔အသံုးကိုပဲ လက္ခံထားသလား - လက္မခံသလားဆိုတာ ကၽြန္ေတာ္တို႔မသိဘူး”ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယခင္အစိုးရလက္ထက္ မေကြးတိုင္းေဒသႀကီး ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြအနက္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းက ႏိုင္ငံေရးပါတီႀကီးတစ္ခုသို႔ လွဴဒါန္းခဲ႔သည္ဆိုေသာ ေငြႏွင့္ေမာ္ေတာ္ယာဥ္မ်ားအား စိစစ္ ေတြ႔ရိွခဲ့ရသျဖင့္ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမ်ား ျပန္လည္ေပးအပ္ရန္ ျပည္ေထာင္စုအစိုးရက ညႊန္ၾကားသျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္ ပဲ့ေထာင္မ်ားကို ဧၿပီလ (၂၉)ရက္ေန႔တြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ထံ ဝန္ႀကီးခ်ဳပ္ေဟာင္းက ျပန္လည္ေပးပို႔ေစခဲ့ေၾကာင္း သိရသည္။
ယခင္အစုိးရလက္ထက္ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးဘုန္းေမာ္ေရႊက ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ေငြက်ပ္ (၁.၇)ဘီလီယံ၊ ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုး (၁) စီး၊ ပဲ႔ေထာင္ေရယာဥ္(၂)စီးတို႔အား ႏုိင္ငံေရးပါတီႀကီးတစ္ခုသို႔ လွဴဒါန္းထားၿပီး “ေရႊသုခ” အေသးစားလုပ္ငန္းသို႔ ေငြက်ပ္(၁.၅၇)ဘီလီယံေက်ာ္ လဲႊေျပာင္းေပးခဲ႔ေၾကာင္း ျပည္ေထာင္စုအစိုးရ အထူးစံုစမ္းစစ္ေဆးေရးမွ ေဖာ္ထုတ္ေတြ႔ရိွရသျဖင့္ အဆိုပါေငြေၾကးႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးရန္ ျပည္ေထာင္စုအစိုးရအဖြဲ႔က ဧၿပီ လ (၈)ရက္ေန႔တြင္ ညႊန္ၾကားစာ ေပးပို႔ခဲ့ျခင္းျဖစ္သည္။
အဆုိပါ ညႊန္ၾကားခ်က္အရ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊက လက္ရိွတြင္ ဖ်က္သိမ္း ၿပီးျဖစ္ေသာ မေကြးတိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးေဖာင္ေဒးရွင္း ဥကၠဌ ႏွင္႔ “ေရႊသုခ” အေသးစား ေငြေရးေၾကးေရး လုပ္ငန္း ဥကၠဌ ဦးၾကည္ထြန္းကို ေမာ္ေတာ္ယာဥ္မ်ား လာေရာက္ လႊဲေျပာင္းေပးေစျခင္း ျဖစ္ေၾကာင္း သိရသည္။
ယခင္ တိုင္းေဒသႀကီးအစိုးရလက္ထက္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ ရရိွသည့္ ေဒသဖံြ႔ၿဖိဳး ေရး ရန္ပံုေငြ အနက္ က်ပ္ (၇.၄၅၉)ဘီလီယံစာရင္းေပ်ာက္ေနမႈႏွင့္ ပတ္သက္၍ လက္ရိွ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔က ဆက္လက္ ေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားကို ျပည္ေထာင္စုအစိုးရအဖဲြ႔ ႏိုင္ငံေတာ္သမၼတရံုးမွ ညႊန္ၾကားစာေပးပို႔ထားၿပီး က်န္ရိွသည့္စာရင္းေပ်ာက္ေငြပမာဏမွာလည္း ျပည္သူလူထု၏ ေငြေၾကးျဖစ္ သျဖင့္ မေကြးတိုင္းအစိုးရအဖဲြ႔ အစည္းအေဝးထိုင္ကာ သက္ဆိုင္သူမ်ားအား ေမးသင္႔သည္မ်ားကိုေမး၍ လက္ခံသင္႔သည္မ်ားကို လက္ခံသြားမည္ဟု သိရသည္။
သတင္း - ဖီးနစ္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ပျောက်ဆုံး (၇)ဘီလီယံအနက် (၃)ဘီလီယံကို မေလနှင့် ဇွန်လအတွင်း ပြန်ရမည်
“သူတို့ပြန်အပ်ဖို့ ကတိပြုထားတဲ့ ကျပ်သန်း (၃၀၀၀)ကျော် (၃ ဘီလီယံ)ထဲက သိန်း (၅၀၀၀)ကို မေလ ပထမပတ်အတွင်းမှာ ပေးအပ်ပြီး ကျန်တာကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လမကုန်မီ အကုန်ပေးအပ်မယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ (၇) ဘီလီယံထဲက ကျန်ငွေတွေအတွက် ပြည်ထောင်စုအစိုးရက ဘာမှ ဖော်ပြ မထားတော့ကာ ကျန်တဲ့ ပိုက်ဆံတွေက သူတို့ ဘာသုံးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု အစိုးရက သူတို့အသုံးကိုပဲ လက်ခံထားသလား - လက်မခံသလားဆိုတာ ကျွန်တော်တို့မသိဘူး”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအနက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းက နိုင်ငံရေးပါတီကြီးတစ်ခုသို့ လှူဒါန်းခဲ့သည်ဆိုသော ငွေနှင့်မော်တော်ယာဉ်များအား စိစစ် တွေ့ရှိခဲ့ရသဖြင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်ပေးအပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားသဖြင့် မော်တော်ယာဉ်နှင့် ပဲ့ထောင်များကို ဧပြီလ (၂၉)ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဝန်ကြီးချုပ်ဟောင်းက ပြန်လည်ပေးပို့စေခဲ့ကြောင်း သိရသည်။
ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား နိုင်ငံရေးပါတီကြီးတစ်ခုသို့ လှူဒါန်းထားပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုအစိုးရ အထူးစုံစမ်းစစ်ဆေးရေးမှ ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဧပြီ လ (၈)ရက်နေ့တွင် ညွှန်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ညွှန်ကြားချက်အရ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတွင် ဖျက်သိမ်း ပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဥက္ကဌ ဦးကြည်ထွန်းကို မော်တော်ယာဉ်များ လာရောက် လွှဲပြောင်းပေးစခြေင်း ဖြစ်ကြောင်း သိရသည်။
ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရရှိသည့် ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေ အနက် ကျပ် (၇.၄၅၉)ဘီလီယံစာရင်းပျောက်နေမှုနှင့် ပတ်သက်၍ လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားစာပေးပို့ထားပြီး ကျန်ရှိသည့်စာရင်းပျောက်ငွေပမာဏမှာလည်း ပြည်သူလူထု၏ ငွေကြေးဖြစ် သဖြင့် မကွေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးထိုင်ကာ သက်ဆိုင်သူများအား မေးသင့်သည်များကိုမေး၍ လက်ခံသင့်သည်များကို လက်ခံသွားမည်ဟု သိရသည်။
သတင်း - ဖီးနစ်