ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ခရုိင္၊ မုိင္းျဖတ္ၿမဳိ႕တြင္ ၿမဳိ႕နယ္ၾကက္ေျခနီအသင္းခဲြမ်ား စနစ္တက် ဖဲြ႕စည္း ေဆာင္ရြက္ႏုိင္ေရး ရွင္းလင္းေဆြးေႏြးျခင္းႏွင့္ ရန္ပံုေငြေထာက္ပံ့လွဴဒါန္းပဲြကုိ ေမလ (၂)ရက္ေန႔၊ နံနက္က ၿမဳိ႕နယ္ၾကက္ေျခနီအသင္းခဲြရံုးရွိ ခန္းမေဆာင္၌ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
ေရွးဦးစြာ တာခ်ီလိတ္ခရုိင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ ဦးၾကည္ျမင့္က ၿမဳိ႕နယ္အသင္းခဲြမ်ားဖဲြ႕ စည္းမႈဆုိင္ရာ လုပ္ငန္းစဥ္မ်ား၊ အသင္းခဲြမ်ားဖံြ႕ၿဖဳိးတုိးတက္ေရးႏွင့္ ၾကက္ေျခနီလႈပ္ရွားမႈမ်ား ပုိမုိ တုိးတက္ေဆာင္ရြက္ ႏုိင္ေရး ရွင္းလင္းေျပာၾကားၿပီး၊ ေကာ္မတီအတြင္းေရးမွဴး ခရုိင္ၾကက္ေျခနီ သူနာျပဳတပ္ဖဲြ႕မွ ခရုိင္ဦးစီးမွဴး (ဒုတိယတန္း) ဦးဘမုိးျမင့္က ေဆာင္ရြက္လ်က္ရွိသည့္ လုပ္ငန္းမ်ား၊ ႀကီးၾကပ္မႈေကာ္မတီဖဲြ႕စည္းမႈဆုိင္ရာမ်ား ရွင္းလင္းေဆြးေႏြးသည္။
ယင္းေနာက္ မုိင္းျဖတ္ၿမဳိ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ရင္းမွ ဒုတပ္ရင္းမွဴး ေဒၚမာလာေယာ္ က အသင္း ဖံြ႕ၿဖဳိးတုိးတက္ေရးေဆာင္ရြက္ေနမႈမ်ားကုိလည္းေကာင္း၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစုိင္းေက်ာက္က ဆက္လက္ေဆာင္ရြက္သင့္သည့္ လုပ္ငန္းစဥ္မ်ားကုိ လည္းေကာင္း ျဖည့္စြက္ ရွင္းလင္းေျပာၾကားသည္။
ဆက္လက္၍ ေမလ ၈ ရက္ေန႔တြင္ က်ေရာက္မည့္ ကမၻာ့ၾကက္ေျခနီေန႔အား ဂုဏ္ျပဳႀကဳိဆုိေသာအားျဖင့္ ခရုိင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီက ၿမဳိ႕နယ္ၾကက္ေျခနီအသင္းအား ေငြက်ပ္သံုးသိန္း လွဴဒါန္း ေပးခဲ့ေၾကာင္း သိရသည္။
သတင္း - ေ၀ယံလင္း
ရှေးဦးစွာ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က မြို့နယ်အသင်းခွဲများဖွဲ့ စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အသင်းခွဲများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြက်ခြေနီလှုပ်ရှားမှုများ ပိုမို တိုးတက်ဆောင်ရွက် နိုင်ရေး ရှင်းလင်းပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကြီးကြပ်မှုကော်မတီဖွဲ့စည်းမှုဆိုင်ရာများ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မိုင်းဖြတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး ဒေါ်မာလာယော် က အသင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက မြို့နယ်ကြက်ခြေနီအသင်းအား ငွေကျပ်သုံးသိန်း လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
သတင်း -ေဝယံလင်း