တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ လားဟူေစ်းအနီးရွိ ၾကက္သြန္ရံုတြင္ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ယေန႔ ေမလ(၃)ရက္ေန႔ ညေန(၄း၄၅)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း ႏွင့္ ေသနတ္ျဖင့္ ပစ္ခတ္သြားသူကို ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း သိရသည္။
အသတ္ခံရသူ၏ ရုပ္အေလာင္းအား စစ္ေဆးႏုိင္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း ကနဦး သတင္းရရွိသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
************
တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် လားဟူဈေးအနီးရှိ ကြက်သွန်ရုံတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယနေ့ မေလ(၃)ရက်နေ့ ညနေ(၄း၄၅)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း နှင့် သေနတ်ဖြင့် ပစ်ခတ်သွားသူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
အသတ်ခံရသူ၏ ရုပ်အလောင်းအား စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း