မေကြးၿမိဳ႕တြင္ က်ပ္(၅၀၀)တန္ တန္ဖိုးနည္းဟင္းလ်ာမ်ား တပ္နယ္က ေရာင္းခ်

မေကြးၿမိဳ႕တြင္ က်ပ္(၅၀၀)တန္ တန္ဖိုးနည္းဟင္းလ်ာမ်ား တပ္နယ္က ေရာင္းခ်
မေ 8, 2017
By Tachileik News Agency

မေကြးၿမိဳ႕တြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ အမွတ္(၃၀၁) တပ္နယ္မိသားစုမွ တန္ဖိုးနည္း ထမင္းဟင္းလ်ာမ်ားအား မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးေရွ႕တြင္ ေမလ (၈)ရက္ေန႔က ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

မေကြးၿမိဳ႕တြင္ တန္ဖိုးနည္းဟင္းလ်ာေရာင္းခ်ျခင္းအား ၂၀၁၆ ခုႏွစ္မွစ၍ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔တပ္ကထြက္ရိွတဲ႔ ၾကက္ဥနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ျပည္သူေတြ ေစ်းႏွဳန္းခ်ိဳသာစြာနဲ႔ လတ္လတ္ ဆတ္ဆတ္ စားသံုးေစခ်င္တဲ့ ေစတနာနဲ႔ အခုလို ေရာင္းခ်ေပးျခင္းျဖစ္ပါတယ္။ ခ်က္ျပဳတ္ထားတဲ့ ဟင္း ေတြထဲမွာလည္း လူကိုအႏၲရာယ္ျဖစ္ေစတဲ႔ အခ်ိဳမႈန္႔ေတြ သုံးစြဲထားျခင္းမရွိပါဘူး”ဟု ဗိုလ္ႀကီးရန္လင္းေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တန္ဖိုးနည္း ဟင္းလ်ာတြင္ ၾကက္သား (သုိ႔)ငါး၊ ခ်ဥ္ရည္ဟင္း၊ ပဲႏွပ္၊ အတုိ႔အျမႇဳပ္၊ ငါးပိေရက်ိဳတို႔အား အသား ဟင္းတစ္ပဲြႏွင့္ အရန္ဟင္း (၄)မ်ိဳးပါ ထမင္းတစ္ပဲြလွ်င္ က်ပ္ (၅၀၀)ႏွဳန္းျဖင္႔ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃၀၁) တပ်နယ်မိသားစုမှ တန်ဖိုးနည်း ထမင်းဟင်းလျာများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှေ့တွင် မေလ (၈)ရက်နေ့က ရောင်းချပေးနေကြောင်း သိရသည်။

မကွေးမြို့တွင် တန်ဖိုးနည်းဟင်းလျာရောင်းချခြင်းအား ၂၀၁၆ ခုနှစ်မှစ၍ ရောင်းချနခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တပ်ကထွက်ရှိတဲ့ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေကို ပြည်သူတွေ ဈေးနှုန်းချိုသာစွာနဲ့ လတ်လတ် ဆတ်ဆတ် စားသုံးစေချင်တဲ့ စေတနာနဲ့ အခုလို ရောင်းချပေးခြင်းဖြစ်ပါတယ်။ ချက်ပြုတ်ထားတဲ့ ဟင်း တွေထဲမှာလည်း လူကိုအန္တရာယ်ဖြစ်စေတဲ့ အချိုမှုန့်တွေ သုံးစွဲထားခြင်းမရှိပါဘူး”ဟု ဗိုလ်ကြီးရန်လင်းအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန်ဖိုးနည်း ဟင်းလျာတွင် ကြက်သား (သို့)ငါး၊ ချဉ်ရည်ဟင်း၊ ပဲနှပ်၊ အတို့အမြှုပ်၊ ငါးပိရေကျိုတို့အား အသား ဟင်းတစ်ပွဲနှင့် အရန်ဟင်း (၄)မျိုးပါ ထမင်းတစ်ပွဲလျှင် ကျပ် (၅၀၀)နှုန်းဖြင့် ရောင်းချပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~