ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ စန္းလု(အထက္) ေက်းရြာအနီးတြင္ မူးယစ္ေဆးေရာင္းခ်ေနသည့္ ေနအိမ္တဲတစ္ခုမွ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပား၊ စိတ္ၾကြေဆးျပားရိုက္ႏွိပ္သည့္ ကိရိယာမ်ားႏွင့္ လာေရာက္ဝယ္ယူသူတို႔အား ေမလ (၂၃)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
ေမလ (၂၃)ရက္ေန႔ နံနက္ (၄)နာရီ (၅၅)မိနစ္အခ်ိန္တြင္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔သည္ သက္ေသမ်ားနွင့္အတူ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ စန္းလု(အထက္) ေက်းရြာအနီးေန ေလာ္ယို၏ ေနအိမ္တဲေရွ႕တြင္ စိုင္းမင္းထြန္း(ခ)ဖိုးဝအား ေတြ႔ရိွ၍ စစ္ေဆးရာ ၎၏ ဂ်င္းေဘာင္းဘီအိတ္ အတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ႂကြရူးသြပ္ေဆးျပား (၂၀၀)ျပားစီပါ (၅)ထုပ္၊ စုစုေပါင္းေဆးျပား (၁၀၀၀)ျပား၊ အေလးခ်ိန္ (၁၀၀)ဂရမ္ခန္႔ ေဒသတန္ဖိုး က်ပ္ (၁၅) သိန္းခန္႔နွင့္ ဘိန္းျဖဴ အေလးခ်ိန္ (ဝ.၅) ဂရမ္ခန္႔ပါ (၁)ဘူူး ၊ ေဒသတန္ဖိုး (၈၀၀၀) က်ပ္ခန္႔၊ စိတ္ႂကြေဆးျပား ရိုက္နွိပ္ရာတြင္ အသုံးျပဳသည့္ WY တံဆိပ္ပါ မိႈ(၁)ေခ်ာင္း၊ တံဆိပ္မပါ မိႈ(၁)ေခ်ာင္းတို႔အား ေတြ႕ရွိသျဖင့္ ၎စီးနင္းလာသည့္ နံပါတ္မပါ Honda Wave-I အမ်ိဳးအစား ဆိုင္ကယ္(၁)စီးနွင့္အတူ သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပစၥည္းမ်ားမွာ ေလာ္ယိုထံမွ ဝယ္ယူလာေၾကာင္း သိရသျဖင့္ ေလာ္ယို၏ ေနအိမ္တဲအား နံနက္ (၅)နာရီအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ အိပ္ခန္းအတြင္းမွ ဘိန္းျဖဴအေလးခ်ိန္ (၂၀)ဂရမ္စီပါ (၆)ပုလင္း၊ စုစုေပါင္း အေလးခ်ိန္ (၁၂၀)ဂရမ္ခန္႔၊ ေဒသတန္ဖိုး က်ပ္ (၁၉.၂) သိန္းခန္႔အားလည္းေကာင္း၊ အျပာေရာင္ ပလတ္စတစ္ကပ္ခြာအိတ္ငယ္ျဖင့္ ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြရူးသြပ္ ေဆးျပား (၂၀၀)ျပားစီပါ (၂၀)ထုပ္နွင့္ (၁၀၀)ျပားပါ (၁)ထုပ္၊ စုစုေပါင္း စိတ္ႂကြရူးသြပ္ေဆးျပား (၄၁၀၀)ျပား၊ အေလးခ်ိန္(၄၁၀)ဂရမ္ခန္႔ ၊ ေဒသတန္ဖိုး က်ပ္သိန္းေပါင္း (၆၁. ၅) သိန္းခန္႔အား လည္းေကာင္း၊ မူးယစ္ေဆးဝါး ေရာင္းခ်ရေငြဟု ယူဆရသည့္ ျမန္မာေငြ က်ပ္(၂၅၀၀၀ဝ)၊ ထိုင္းဘတ္ေငြ (၁၃.၇၁၅) သိန္း၊ တရုတ္ယြမ္ေငြ (၂၄၀၀) တို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားနွင့္အတူ ဖမ္းဆီးရမိသူ စိုင္းမင္းထြန္း(ခ)ဖိုးဝအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ အရ လည္းေကာင္း၊ မူးယစ္ေဆးဝါးေရာင္းခ်ေပးခဲ့သူႏွင့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေလာ္ယိုအား မယ(ပ)၂၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ အရလည္းေကာင္း၊ မယ(ပ)၂၅/၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၅/ ၁၉(က)/၂၀(က) အရ လည္းေကာင္း အမႈဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
မေလ (၂၃)ရက်နေ့ နံနက် (၄)နာရီ (၅၅)မိနစ်အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်) ကျေးရွာအနီးနေ လော်ယို၏ နေအိမ်တဲရှေ့တွင် စိုင်းမင်းထွန်း(ခ)ဖိုးဝအား တွေ့ရှိ၍ စစ်ဆေးရာ၎င်း၏ ဂျင်းဘောင်းဘီအိတ် အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ (၅)ထုပ်၊ စုစုပေါင်းဆေးပြား (၁၀၀၀)ပြား၊ အလေးချိန် (၁၀၀)ဂရမ်ခန့် ဒေသတန်ဖိုး ကျပ် (၁၅) သိန်းခန့်နှင့် ဘိန်းဖြူ အလေးချိန် (ဝ.၅) ဂရမ်ခန့်ပါ (၁)ဘူး၊ ဒေသတန်ဖိုး (၈၀၀၀) ကျပ်ခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရာတွင် အသုံးပြုသည့် WY တံဆိပ်ပါ မှို(၁)ချောင်း၊ တံဆိပ်မပါ မှို(၁)ချောင်းတို့အား တွေ့ရှိသဖြင့်၎င်းစီးနင်းလာသည့် နံပါတ်မပါ Honda Wave-I အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများမှာ လော်ယိုထံမှ ဝယ်ယူလာကြောင်း သိရသဖြင့် လော်ယို၏ နေအိမ်တဲအား နံနက် (၅)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ ဘိန်းဖြူအလေးချိန် (၂၀)ဂရမ်စီပါ (၆)ပုလင်း၊ စုစုပေါင်း အလေးချိန် (၁၂၀)ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ် (၁၉.၂) သိန်းခန့်အားလည်းကောင်း၊ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀)ပြားစီပါ (၂၀)ထုပ်နှင့် (၁၀၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၄၁၀၀)ပြား၊ အလေးချိန်(၄၁၀)ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၆၁. ၅) သိန်းခန့်အား လည်းကောင်း၊ မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသည့် မြန်မာငွေ ကျပ်(၂၅၀၀၀ဝ)၊ ထိုင်းဘတ်ငွေ (၁၃.၇၁၅) သိန်း၊ တရုတ်ယွမ်ငွေ (၂၄၀၀) တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းမင်းထွန်း(ခ)ဖိုးဝအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ လည်းကောင်း၊ မူးယစ်ဆေးဝါးရောင်းချပေးခဲ့သူနှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လော်ယိုအား မယ(ပ)၂၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရလည်းကောင်း၊ မယ(ပ)၂၅/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/၂၀(က) အရ လည်းကောင်း အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။