ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕နယ္၊ တာဆန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇူလိုင္လ (၂၄)ရက္ေန႔က ဘိန္းျဖဴဘေလာက္တံုးမ်ား သယ္ေဆာင္လာသည့္ကားမွ အမ်ိဳးသားမွာ သံလြင္ျမစ္ အတြင္း ခုန္ခ်သြားၿပီး အမ်ိဳးသမီးအား ဖမ္းဆီးရမိလိုက္ကာ ကြင္းဆက္အျဖစ္ လက္နက္မ်ားလည္း ထပ္မံ ဖမ္းဆီးရမိေၾကာင္း သိရသည္။
၎ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လင္းေခးခ႐ိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႔၀င္မ်ား၊ မူးယစ္တပ္ဖြဲ႕စု (၂၇)လြိဳင္လင္မွ တပ္ဖြဲ႔၀င္မ်ား၊ တာဆန္းရဲကင္း၊ မိုင္းပန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ခလရ(၂၉၄)၊ စရဖႏွင့္ တာဝန္က်ဌာန ဆိိုင္ရာမ်ားမွ တာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဇူလိုင္လ (၂၄) ရက္ မြန္းလြဲပိုင္းက တာဆန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ စစ္ေဆးေနစဥ္ မိုင္းတံုၿမိဳ႕ဘက္မွ မိုင္းပန္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္ လာေသာ Mark-X အမ်ိဳးအစားေမာ္ေတာ္ယာဥ္အား ရွာေဖြစစ္ေဆးရာ ယာဥ္ေမာင္းသူ အမ်ိဳးသားမွာ ယာဥ္အား ရပ္တန္႔ၿပီး ကားေပၚမွ ခုန္ခ်ကာ သံလြင္ျမစ္ဘက္သို႔ ထြက္ေျပးသြားသျဖင့္ ပူးေပါင္းအဖြဲ႕မွ လိုက္လံ ဖမ္းဆီးရာ အဆိုပါ အမ်ိဳးသားမွာ သံလြင္ျမစ္အတြင္းသို႔ ခုန္ခ်လ်က္ ဝဲကေတာ့အတြင္း နစ္ျမဳပ္ေမွ်ာပါသြားခဲ့ေၾကာင္း သိရသည္။
အဆိိုပါ ကားအား စစ္ေဆးရာ အေလးခ်ိန္ (၁၀၄ ဒသမ ၃) ကီလိုဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴ ဘေလာက္တံုး (၂၉၈)တံုးအား ရွာေဖြေတြ႔ရိွရသျဖင့္ မိုင္းတံုၿမိဳ႕နယ္၊ နားေကာင္းမူေက်းရြာရွိ နန္းစံဟြမ္၏ ေနအိမ္အား ထပ္မံ ရွာေဖြရာ ပြိဳင့္ (၂၂)ေသနတ္ေျပာင္းတံ တစ္ခု၊ သစ္သားေသနတ္ဒင္ ကိုယ္ထည္တစ္ခု၊ က်ည္ (၁၂) ေတာင့္၊ အေဝးၾကည့္ မွန္ေျပာင္းတစ္လက္တို႔အား ထပ္မံရွာေဖြ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ယင္းေနာက္ ယာဥ္အားေမာင္းႏွင္လာသူ အိုက္ဆိုင္ေက်ာ္၏ ေနအိမ္ျဖစ္သည့္ မိုင္းတံုၿမိဳ႕နယ္၊ ပံုပါက်င္ၿမိဳ႕၊ ရပ္ကြက္(၂)၊ ေအးေမတၲာလမ္းရွိေနအိမ္အား ရွာေဖြရာ အေမရိကန္ႏိုင္ငံလုပ္ အမ္-၁၆ ေသနတ္တစ္လက္၊ ၎က်ည္ (၁၃) ေတာင့္၊ ခ်က္ႏိုင္ငံလုပ္ ပြိဳင့္(၂၂)အရွည္ ေသနတ္တစ္လက္၊ ၎က်ည္ (၁၁) ေတာင့္၊ ကိုးလံုးက်ည္ တစ္ေတာင့္ထိုး ေသနတ္ တစ္လက္၊ ၎က်ည္ (၂၁) ေတာင့္တို႔အား ထပ္မံ ဖမ္းဆီး ရမိေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ နန္းစံဟြမ္ႏွင့္ အိုက္ဆိုင္ေက်ာ္တို႔အား မိုင္းပန္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ျဖင့္ အမႈဖြင့္ထားရွိၿပီး လက္နက္မ်ား တပ္မံ ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ ထပ္မံအေရးယူ ေဆာင္ရြက္ႏိုင္ရန္ ပံုပါက်င္နယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၇၊ ရွမ္း လက္နက္အက္ဥပေဒပုဒ္မ ၁၂ (က) ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လင်းခေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များ၊ တာဆန်းရဲကင်း၊ မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့၊ ခလရ(၂၉၄)၊ စရဖနှင့် တာဝန်ကျဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၄) ရက် မွန်းလွဲပိုင်းက တာဆန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်ဆေးနေစဉ် မိုင်းတုံမြို့ဘက်မှ မိုင်းပန်မြို့ဘက်သို့ မောင်းနှင် လာသော Mark-X အမျိုးအစားမော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းသူ အမျိုးသားမှာ ယာဉ်အား ရပ်တန့်ပြီး ကားပေါ်မှ ခုန်ချကာ သံလွင်မြစ်ဘက်သို့ ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံ ဖမ်းဆီးရာ အဆိုပါ အမျိုးသားမှာ သံလွင်မြစ်အတွင်းသို့ ခုန်ချလျက် ဝဲကတော့အတွင်း နစ်မြုပ်မျှောပါသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားအား စစ်ဆေးရာ အလေးချိန် (၁၀၄ ဒသမ ၃) ကီလိုဂရမ်ခန့်ရှိသည့် ဘိန်းဖြူ ဘလောက်တုံး (၂၉၈)တုံးအား ရှာဖွေတွေ့ရှိရသဖြင့် မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာရှိ နန်းစံဟွမ်၏ နေအိမ်အား ထပ်မံ ရှာဖွေရာ ပွိုင့် (၂၂)သေနတ်ပြောင်းတံ တစ်ခု၊ သစ်သားသေနတ်ဒင် ကိုယ်ထည်တစ်ခု၊ ကျည် (၁၂) တောင့်၊ အဝေးကြည့် မှန်ပြောင်းတစ်လက်တို့အား ထပ်မံရှာဖွေ ဖမ်းဆီးရမိကြောင်း သိရသည်။
ယင်းနောက် ယာဉ်အားမောင်းနှင်လာသူ အိုက်ဆိုင်ကျော်၏ နေအိမ်ဖြစ်သည့် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ရပ်ကွက်(၂)၊ အေးမေတ္တာလမ်းရှိနေအိမ်အား ရှာဖွေရာ အမေရိကန်နိုင်ငံလုပ် အမ်-၁၆ သေနတ်တစ်လက်၊၎င်းကျည် (၁၃) တောင့်၊ ချက်နိုင်ငံလုပ် ပွိုင့်(၂၂)အရှည် သေနတ်တစ်လက်၊၎င်းကျည် (၁၁) တောင့်၊ ကိုးလုံးကျည် တစ်တောင့်ထိုး သေနတ် တစ်လက်၊၎င်းကျည် (၂၁) တောင့်တို့အား ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နန်းစံဟွမ်နှင့် အိုက်ဆိုင်ကျော်တို့အား မိုင်းပန်မြို့မ ရဲစခန်းတွင် မယ(ပ)၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်ထားရှိပြီး လက်နက်များ တပ်မံ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထပ်မံအရေးယူ ဆောင်ရွက်နိုင်ရန် ပုံပါကျင်နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၇၊ ရှမ်း လက်နက်အက်ဥပဒေပုဒ်မ ၁၂ (က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။