ေက်ာက္မဲမွ အမ်ိဳးသမီးတစ္ဦးအား မေလးရွားသို႔ လူကုန္ကူးခဲ့သည့္ အမ်ိဳးသမီး တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ

ေက်ာက္မဲမွ အမ်ိဳးသမီးတစ္ဦးအား မေလးရွားသို႔ လူကုန္ကူးခဲ့သည့္ အမ်ိဳးသမီး တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ
ဇူလိုင် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးအား မေလးရွားႏုိင္ငံတြင္ ျပည့္တန္ဆာအျဖစ္ ေစခုိင္းသည္ဟု အမႈဖြင့္ခံထားရသည့္ အမ်ိဳးသမီးႏွစ္ဦးအနက္ တစ္ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ဇူလုိင္လ (၂၈)ရက္ေန႔က ဖမ္းဆီး ရမိလိုက္ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ နယ္စပ္ယာယီျဖတ္သန္းခြင့္လက္မွတ္ လာေရာက္ လုပ္ေဆာင္သည့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ အလိုရိွေနသူတစ္ဦးျဖစ္သည့္ မေအးေနာင့္အား ဇူလိုင္လ (၂၈)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၂၀)မိနစ္ခန္႔တြင္ လူဝင္မႈႀကီးၾကပ္ေရးဌာနက ၎တို႔အားျဖန္႔ေဝထားသည့္ သတင္းအရ ထိန္းသိမ္းထားႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ဖမ္းဆီးရမိသည့္ မေအးေနာင့္အား တာခ်ီလိတ္ခရိုင္လ၀ကမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ လူဝင္မႈႀကီးၾကပ္ေရး ဒုတိယဌာနခြဲ(၆) တာခ်ီလိတ္မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင္ေဇာ္ဝင္းတို႔က လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္မွ ရဲမွဴး ရင္ရင္ေအး ဦးစီးတပ္ဖြဲ႕ဝင္မ်ားထံ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးအား မေလးရွားႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕တြင္ ျပည့္တန္ဆာအျဖစ္ ေစခိုင္းခဲ့သျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂၄/၁၇ လကက ၂၄ ျဖင့္အမႈဖြင့္လွစ္ခံထားရသည့္ အသက္ (၃၇)ႏွစ္အရြယ္ မခင္ေဆြ (ခ) နန္းေအးယိင္း ႏွင့္ အသက္ (၂၉)ႏွစ္အရြယ္ ေအးတာလမ္(ခ) ေအးေနာင့္ (ခ) မစႏၵာတို႔အား ဖမ္းဆီးေပးရန္ လူကုန္တားတပ္ဖြဲ႕စု(၁၆)လားရိႈးက ဆက္သြယ္ အေၾကာင္းၾကားခ်က္ အရ တာခ်ီလိတ္မွ ရဲတပ္ဖြဲ႕ဝင္မ်ားက သက္ဆုိင္ရာဌာနမ်ားသို႔ သတင္းျဖန္႔ေဝျခင္း၊ နယ္ေျမအတြင္း ေစာင့္ၾကည့္စံုစမ္းျခင္းမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသည့္ မေအးေနာင့္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ခ်ဳပ္ေႏွာင္ထားၿပီး ေက်ာက္မဲၿမိဳ႕မ ရဲစခန္းသို႔ လႊဲေျပာင္းႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ အမျိုးသမီးတစ်ဦးအား မလေးရှားနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် စေခိုင်းသည်ဟု အမှုဖွင့်ခံထားရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ဇူလိုင်လ (၂၈)ရက်နေ့က ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် နယ်စပ်ယာယီဖြတ်သန်းခွင့်လက်မှတ် လာရောက် လုပ်ဆောင်သည့် ကျောက်မဲမြို့မရဲစခန်းမှ အလိုရှိနေသူတစ်ဦးဖြစ်သည့် မအေးနောင့်အား ဇူလိုင်လ (၂၈)ရက်နေ့ နေ့လယ် (၂)နာရီ (၂၀)မိနစ်ခန့်တွင် လူဝင်မှုကြီးကြပ်ရေးဌာနက၎င်းတို့အားဖြန့်ဝေထားသည့် သတင်းအရ ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ဖမ်းဆီးရမိသည့် မအေးနောင့်အား တာချီလိတ်ခရိုင်လဝကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(၆) တာချီလိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းတို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး ဦးစီးတပ်ဖွဲ့ဝင်များထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့မှ အမျိုးသမီးတစ်ဦးအား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၁၂၄/၁၇ လကက ၂၄ ဖြင့်အမှုဖွင့်လှစ်ခံထားရသည့် အသက် (၃၇)နှစ်အရွယ် မခင်ဆွေ (ခ) နန်းအေးယိင်း နှင့် အသက် (၂၉)နှစ်အရွယ် အေးတာလမ်(ခ) အေးနောင့် (ခ) မစန္ဒါတို့အား ဖမ်းဆီးပေးရန် လူကုန်တားတပ်ဖွဲ့စု(၁၆)လားရှိုးက ဆက်သွယ် အကြောင်းကြားချက် အရ တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများသို့ သတင်းဖြန့်ဝခြေင်း၊ နယ်မြေအတွင်း စောင့်ကြည့်စုံစမ်းခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မအေးနောင့်အား တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ကျောက်မဲမြို့မ ရဲစခန်းသို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~