တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
သြဂုတ် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ တာခ်ီလိတ္ - က်ဳိင္းတုံသြားလမ္းဆုံတြင္ တာခ်ီလိတ္ ၿမိဳ႕တြင္းဘက္မွ ဝမ္ပုံဘက္သို႔ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတိုင္း ေမာင္းႏွင္လာသည့္ဆိုင္ကယ္အား ရပ္တန္႔ ရွာေဖြရာမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁)ေသာင္းအား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖမ္းဆီး ရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕၊ အမွတ္(၁၁၇)ယာဉ္ထိန္းရဲတပ္ဖြဲ႕စု၊ ေဟာင္လိတ္ရဲကင္း စခန္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဩဂုတ္လ (၂၇)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ တာခ်ီလိတ္-က်ိဳင္းတုံသြားလမ္းဆုံတြင္ ဆုိင္ကယ္ေမာင္းႏွင္လာသူ ညီကပ္ဆိုသူအား ရပ္တန္႔စစ္ေဆးရာ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြ ေဆးျပား (၁၀၀၀၀) အေလးခ်ိန္ (၁)ကီလိုခန္႔အား ရွာေဖြေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၂၃)ႏွစ္အရြယ္ ညီကပ္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၄၈/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် တာချီလိတ် - ကျိုင်းတုံသွားလမ်းဆုံတွင် တာချီလိတ် မြို့တွင်းဘက်မှ ဝမ်ပုံဘက်သို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့်ဆိုင်ကယ်အား ရပ်တန့် ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၁)သောင်းအား သြဂုတ်လ (၂၇)ရက်နေ့က ဖမ်းဆီး ရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဟောင်လိတ်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ (၂၇)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲခန့်တွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံသွားလမ်းဆုံတွင် ဆိုင်ကယ်မောင်းနှင်လာသူ ညီကပ်ဆိုသူအား ရပ်တန့်စစ်ဆေးရာ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၁၀၀၀၀) အလေးချိန် (၁)ကီလိုခန့်အား ရှာဖွေတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၃)နှစ်အရွယ် ညီကပ်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၄၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~