ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕နယ္အားကစားကြင္းတြင္ ေအာက္တိုဘာလ (၁၇)ရက္၌ စတင္က်င္းပမည့္ က်ိဳင္းတံုၿမိဳ႕နယ္သတင္းစာဆရာအသင္းရန္ပံုေငြပြဲတြင္ ေရႊလာဘ္ေငြလာဘ္ ဇာတ္သဘင္ႏွင့္အတူ အဆိုေတာ္ မေနာလည္း သီဆိုေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရန္ပံုေငြပြဲတြင္ ဇာတ္မင္းသား ခ်စ္စြမ္းသာ ပါဝင္သည့္ ေရႊလာဘ္ေငြလာဘ္ သဘင္အဖြဲ႕မွ ေအာက္တိုဘာလ(၁၇)ရက္ေန႔မွ ေအာက္တိုဘာလ(၂၁)ရက္ေန႔အထိေဖ်ာ္ေျဖမည္ျဖစ္ၿပီး အဆိုေတာ္ မေနာက ေအာက္တိုဘာလ(၁၉)ရက္ေန႔မွ ေအာက္တိုဘာလ(၂၀)ရက္ေန႔အထိ သီဆိုေဖ်ာ္ေျဖသြားမည္ ျဖစ္ေၾကာင္း ပြဲစီစဥ္သူမ်ားထံက သိရသည္။
ရန္ပံုေငြပြဲၾကည့္လက္မွတ္မ်ားအား ပြဲက်င္းပသည့္ေနရာတြင္ ဝယ္ယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကျိုင်းတုံမြို့နယ်သတင်းစာဆရာအသင်းရန်ပုံငွေပွဲတွင် ရွှေလာဘ်ငွေလာဘ်ဇာတ်သဘင်နှင့် အဆိုတော် မနော ဖျော်ဖြေမည်
***
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့နယ်အားကစားကွင်းတွင် အောက်တိုဘာလ (၁၇)ရက်၌ စတင်ကျင်းပမည့် ကျိုင်းတုံမြို့နယ်သတင်းစာဆရာအသင်းရန်ပုံငွေပွဲတွင် ရွှေလာဘ်ငွေလာဘ် ဇာတ်သဘင်နှင့်အတူ အဆိုတော် မနောလည်း သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေပွဲတွင် ဇာတ်မင်းသား ချစ်စွမ်းသာ ပါဝင်သည့် ရွှေလာဘ်ငွေလာဘ် သဘင်အဖွဲ့မှ အောက်တိုဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၁)ရက်နေ့အထိဖျော်ဖြေမည်ဖြစ်ပြီး အဆိုတော် မနောက အောက်တိုဘာလ(၁၉)ရက်နေ့မှ အောက်တိုဘာလ(၂၀)ရက်နေ့အထိ သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံက သိရသည်။
ရန်ပုံငွေပွဲကြည့်လက်မှတ်များအား ပွဲကျင်းပသည့်နေရာတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
~~~~~~ ေၾကာ္ျငာ ~~~~~~
